မမနဲ့ အခြေအနေကိုသိချင်ရင်တော့ မန္တလေးမှာပြုလုပ်ခဲ့တဲ့ Fan Meeting မှာပြောပြခဲ့တဲ့ ပုံပြင်လေးကိုနားထောင်ပါဆိုတဲ့ G-Fatt

G-Fatt ကတော့ လူငယ်ပရိသတ်တွေကြားမှာနှစ်သက်သဘောကျရဆုံးတဲ့ ဂီတဖန်တီးသူ တစ်ဦးအနေနဲ့ ရပ်တည်နေတာပဲဖြစ်ပါတယ်။သူရဲ့ ဂီတဖန်တီးမှုတွေကတော့ ထွက်ရှိလာတဲ့ ဘယ်လိုသီချင်းပဲဖြစ်ဖြစ် လူငယ်တွေရဲ့ပါးစပ်ဖျားမှာ သီဆိုနေတာကို တွေ့မြင်ရမှာပဲဖြစ်ပါတယ်။လူငယ်အဆိုတော်တွေကြားမှာ အောင်မြင်ဆုံး အဆိုတော်လို့တောင်ယူဆလို့ရပါတယ်။

G-Fatt ကတော့ သူ့ရဲ့ အချစ်ရေးနဲ့ပတ်သက်ပြီး တိတိကျကျ မီဒီယာတွေဘက်ကို ဖွင့်ဟပြောကြားခြင်းမရှိပေမယ့် သူအမြဲပြောပြနေကြပုံပြင်လေးကို ကြည့်ရင်တော့ သူရဲ့အချစ်ရေးအခြေအနေကို သိရှိနိုင်မှာပါလို့ ပြောပြခဲ့ပါတယ်။ထိုပုံပြင်လေးကတော့ သူ့ရဲ့ခင်မင်ရတဲ့ သူငယ်ချင်းတွေ အသည်းကွဲလာတဲ့အခါမှာတော့ အမြဲတမ်းပြောပြနေကြဖြစ်တဲ့ ပုံပြင်လေးလို့လဲ သိရပါတယ်။

အချစ်ရေးနဲ့ပတ်သက်တဲ့ ထိုပုံပြင်လေးကတော့ မန္တလေးမှာပြုလုပ်ခဲ့တဲ့ Fan meeting မှာသူရဲ့ ချစ်ပရိသတ်တွေကိုပြောပြခဲ့ဖူးတာပဲဖြစ်ပါတယ်။အခုအချိန်မှာတော့ တစ်ကိုယ်တော် Show ပွဲက်ု ရုန်းကန်နေရတာကြောင့် အချစ်ရေးနဲ့ပတ်သက်လာရင်ပြန်ပြောပြပြီး ဖြေကြားဖို့ အင်အားမရှိသေးလို့ပါလို့ဖြေကြားခဲ့ပါတယ်။

Source ; Cele Yatkwat

Leave a Reply

Your email address will not be published. Required fields are marked *