



Source; May Sue Maung

(Unicode)

“မြန်မာဝတ်စုံလေးတွေသာ မြတ်နိုးတဲ့ ရှင်တို့လေးတွေရဲ့မ💖”လို့ဆိုလာတဲ့ မင်းသမီးချောလေး မေဆူးမောင်

မော်ဒယ်ဘဝကနေ စတင်ပြီး သတိထားမိလာခဲ့တဲ့ ကုလားစင်ရုပ်လေးနဲ့ အရမ်းကို ဆွဲ‌ဆောင်မှုရှိတဲ့ သူကတော့ မင်းသမီးချောလေး မေဆူးမောင်ပဲ ဖြစ်ပါတယ်။ သူမ သရုပ်ဆောင်ပြီး အောင်မြင်ခဲ့တဲ့ ရုပ်ရှ၏င်ဇာတ်ကားတွေကတော့ “တိုးကျော်မန်း နန်းဆန်တဲ့ရွာ၊ သမ္မတကြီးထံ ပေးစာ၊ ကျိန်တပြယ် ဒဏ္ဌရီ အစရှိတဲ့ ဇာတ်ကားကြီးတွေပဲ ဖြစ်ပါတယ်။

မင်းသမီးချော မေဆူးမောင်ဟာ သရုပ်ဆောင်ပိုင်းမှာသာမက အကပိုင်းမှာလည်း ထူးချွန်သူတစ်ယောက် ဖြစ်ပါတယ်။ သူမရဲ့ ဖေ့စဘွတ် စာမျက်နှာမှာ အမြဲလိုလို အကvideoလေးတွေကို မျှဝေပေးလေ့ ရှိကာ Tiktokအကလေးတွေကို မျှဝေပေးလေ့ ရှိပါတယ်။ အရပ်ရှည်ကာ တောင့်ဖြောင့်တဲ့ ဘော်ဒီလေးကြောင့် ပုရိသယောက်ကျားလေးတွေရဲ့ အထူးအားပေးမှုကို ရရှိထားတဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။

ခုတစ်ခါမှာတော့ မေဆူးက “မြန်မာဝတ်စုံလေးတွေသာ မြတ်နိုးတဲ့ ရှင်တို့လေးတွေရဲ့မ💖”လို့ဆိုကာ မြန်မာဆန်စွာ လှလွန်းနေတဲ့ သူမရဲ့ ပုံလေးတွေကို မျှဝေပေးခဲ့ပါတယ်။ မြန်မာဝတ်စုံတွေကို မြတ်နိုးတဲ့ မေဆူးလေးရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source; May Sue Maung

Leave a Reply

Your email address will not be published. Required fields are marked *