




(Unicode)

“မင်းရဲ့ ချစ်သူဆိုရင် အရင်ဆုံး ကိုယ့်ကိုဘယ်လိုခေါ်မှာလဲ .. ပြောကြည့်ကြည့် ??”လို့ မေးလာတဲ့ နန်းနန်း

MRTV 4ရဲ့ မင်းသမီးချောလေးတစ်ယောက်ဖြစ်တဲ့ နန်းစန္ဒာလှထွန်းကတော့ “ပဉ္စလက်ရွာ”ဆိုတဲ့ ဇာတ်လမ်းတွဲလေးမှာ ရေဝတီဆိုတဲ့ ကာရိုက်တာလေးကနေ ပရိတ်သတ်အခိုင်အမာ ရရှိခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ အညာဒေသရဲ့ ဆံရစ်ဝိုင်းဆံပင်ကေလေးနဲ့ ထူးခြားစွာ သရုပ်ဆောင်ခဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။

သူမကို အားလုံးက ချစ်စနိုးနဲ့ နန်းနန်းလို့ ခေါ်ကြပါတယ်။ နန်းနန်းရဲ့ အောင်မြင်ကျော်ကြား လူသိများခဲ့တဲ့ ဇာတ်လမ်းတွဲလေးတွေကတော့ “ပဉ္စလက်ရွာ၊အရိပ်၊နှလုံးသားနဲ့ အနီးဆုံး၊ဝင်္ကပါ ရှင်းတမ်းနဲ့ ကျွန်တော်အမုန်းဆုံး ကျွန်တော်” အစရှိတာတွေပဲ ဖြစ်ပါတယ်။ သူမရဲ့ သရုပ်ဆောင်ကောင်းမှုတွေကြောင့် ဇာတ်လမ်းတွဲတစ်ခုပြီးတိုင်း ဇာတ်ကောင်ရဲ့ နာမည်လေးက ပရိတ်သတ်တွေရဲ့ရင်ထဲမှာ အမြဲ ကျန်ခဲ့တာကို တွေ့ရပါတယ်။

ခုတစ်ခါမှာတော့ နန်းနန်းက “မင်းရဲ့ ချစ်သူဆိုရင် အရင်ဆုံး ကိုယ့်ကိုဘယ်လိုခေါ်မှာလဲ .. ပြောကြည့်ကြည့် ??”လို့ မေးကာ အသည်းယားစရာကောင်းတဲ့ သူမရဲ့ ပုံလေးတွေကို မျှဝေပေးခဲ့ပါတယ်။ ကဲ နန်းနန်းလေးရဲ့ ချစ်သူဖြစ်ချင်တဲ့သူလေးတွေရေ သူမကို ဘယ်လိုခေါ်မလဲ ဆိုတာ ဖြေသွားပေးကြပါအုံးနော်။

Source; Nan Sandar Hla Tun

Leave a Reply

Your email address will not be published.