လက်ရှိချစ်သူနဲ့ ဘဝတစ်ခု ထူထောင်ဖို့အထိတော့ မဖြစ်နိုင်ဘူးလို့ဆိုတဲ့​သရုပ်ဆောင် မြတ်ကေသီအောင်

အကယ်ဒမီမင်းသမီးချော မြတ်ကေသီအောင်ဟာဆိုရင် တစ်ခေတ်တစ်ခါမှာ အရမ်းရေပန်းစားခဲ့တဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်။မြတ်ကေသီအောင်က အနုပညာအလုပ်တွေကို တစိုက်မက်မက်လုပ်ဆောင်နေပြီး ပရိသတ်ရဲ့ချစ်ခင်အားပေးမှုတွေနဲ့ ရပ်တည်နေတာဖြစ်ပါတယ်။မြတ်ကေသီအောင်ကတော့ အနုပညာလုပ်ငန်းတွေကိုရပ်နားထားပြီး တစ်ယောက်တည်းဘဝကို ဖြတ်သန်းလျှက်ရှိတာပါ။

ယခုရက်ပိုင်းမီဒီယာတွေ့ဆုံမှုတစ်ခုမှာတော့ မြတ်ကေသီအောင်ကလက်ရှိချစ်သူနဲ့ ဘဝတစ်ခုထူထောင်ဖို့ မဖြစ်နိုင်တဲ့အကြောင်း ပြောပြလာခဲ့တာဖြစ်ပါတယ်။“လက်ရှိမှာ အချစ်ရေးနဲ့ပတ်သတ်ရင်တော့ ဆိုးတိုင်ပင်ကောင်းတိုင်ပင်ပေါ့။ သူလိုတာရှိလို့ ကိုယ်တတ်နိုင်ရင်ကူညီပေးလိုက်တယ် ကိုယ်လိုတာရှိရင်လည်းသူကူညီပေးတယ် မလုပ်ပေးနိုင်ရင် အပြတ်ပြောလိုက်တယ်။ ခုချိန်မှတော့ နှစ်ယောက်လက်တွဲပြီး ဘဝတစ်ခုတည်ဆောက်ဖို့ ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ အမအသက်အရွယ်နဲ့ဆိုင်တယ်။ နောက်ပြီး ကိုယ်က တစ်ယောက်တည်းနေရတာကို အရမ်းကို နေသားကျနေပြီ။အဲ့ဒီတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။အဓိကကတော့ ကိုယ့်ကိုကိုယ် ချစ်လိုက်တာ ပေါ့နော်။ နောက်ပိုင်းမှပဲကိုယ့်ကိုကိုယ် ချစ်တတ်လာတာပါ အရင်တုန်းကတော့ သူများကို အရမ်းချစ်တယ်။

ကိုယ့်အတွက်ထက် သူများဘာလိုအပ်လဲပဲကြည့်ပေးခဲ့တာပေါ့ အခုတော့ ကိုယ့်အတွက်ပဲကိုယ်ကြည့်တော့တယ်။ ကိုယ့်ကိုကိုယ်ပဲချစ်တယ်။သူများကို မချစ်ဘူးတော့မဟုတ်ဘူး။ အရမ်းကြီးမနှစ်တော့တာပေါ့ “လို့ ပြောပြလာခဲ့တာပဲဖြစ်ပါတယ်မြတ်ကေသီအောင်ဟာ လက်ရှိမှာ အနုပညာလုပ်ငန်းအပြင် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကိုလည်းလုပ်ကိုင်နေတာဖြစ်ပါတယ်။

  • Mg Kaung

Leave a Reply

Your email address will not be published.