“ကမ္ဘာကြီးကျန်းမာစေဖို့ ဘုရားမှာ ကြာပန်းလေးကပ်လှူပြီး ဆုတောင်းခဲ့တယ်..?အားလုံး ကျန်းမာကြပါစေ”လို့ဆိုလာတဲ့ နေရည်ဝင်းလဲ့

MRTV 4 က ထုတ်လွှင့်တဲ့ ဆရာ လယ်တွင်းသားစောချစ်ရဲ့ “ကျွန်တော် အမုန်းဆုံး ကျွန်တော်”ဆိုတဲ့ ဇာတ်လမ်းတွဲလေးမှာ ယင်းမာ ဆိုတဲ့ ကာရိုက်တာလေးကနေ စတင်သရုပ်ဆောင်ပြီး ပရိတ်သတ် အခိုင်အမာ ရရှိခဲ့တဲ့ သူလေးကတော့ မင်းသမီးချောလေး နေရည်ဝင်းလဲ့ပဲ ဖြစ်ပါတယ်။ ယင်းမာလေးဟာဗီလိန်ဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့တာကြောင့် ပရိတ်သတ်တွေရဲ့ အထူး အားပေးမှုကို ရရှိခဲ့တာပါ။

ဒါ့အပြင် သူမက ဖွံ့ထွားတဲ့ ခန္ဒာကိုယ်ကို ပိုင်ဆိုင်ထားပြီး ချိုမြတဲ့ ပါးချိုင့်အကြီးကြီးကြောင့် ပရိတ်သတ်တွေက အချစ်တွေ ပိုနေကြတာပဲ ဖြစ်ပါတယ်။‌ လတ်တလောမှာတော့ ယင်းမာလေးက ကြော်ငြာရိုက်ကူးရေးတွေကို လက်ခံ ရိုက်ကူးလျှက် ရှိနေတာကို တွေ့ရပါတယ်။ ယင်းမာလေးက သူမရဲ့ ချစ်ပရိတ်သတ်တွေအတွက် ခရီးသွားပုံရိပ်လေးတွေကိုလည်း အမြဲလိုလို မျှဝေပေးလေ့ ရှိပါတယ်။

ခုတစ်ခါမှာတော့ ယင်းမာလေးက “ကမ္ဘာကြီးကျန်းမာစေဖို့ ဘုရားမှာ ကြာပန်းလေးကပ်လှူပြီး ဆုတောင်းခဲ့တယ်..?အားလုံး ကျန်းမာကြပါစေ”လို့ဆိုကာ သူမရဲ့ ပုံရိပ်လေးတွေကို မျှဝေပေးခဲ့ပါတယ်။ ပရိတ်သတ်ကြီးရေ ကမ္ဘာကြီး မြန်မြန်နေကောင်းကျန်းမာဖို့ ယင်းမာလေးနဲ့ အတူတူ ဆုတောင်းပေးလိုက်ကြရအောင်နော်။

Source; Nay Yee Win Lai

Leave a Reply

Your email address will not be published.