နိုင်ငံကျော် ဝါရင့်လူရွှင်တော်ကြီး ဦးပလာတာကတော့ ၂၀၂၀ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့ မနက် (၂) နာရီက နေအိမ်မှာ ကွယ်လွန်သွားခဲ့ပြီလို့ သိရပါတယ်။ ဦးပလာတာအနေနဲ့ လူကြီးရောဂါ ခံစားနေရတာလည်း အချိန်ကြာနေပြီလို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူတစ်ဦးကပြောပြလာပါတယ်။



“ ဦးပလာတာကတော့ ဒီနေ့ မနက် သူ့ရဲ့ နေအိမ်မှာပဲဆုံးသွားတာပါ။ အသက်က (၈၉) နှစ်ရှိပြီ။ သူက အသက်က ကြီးပြီလေ (၉၆) ပါးရောဂါနဲ့ပဲ ကွယ်လွန်တာပါ။ ကျန်းမာရေး မကောင်းတာလည်းကြာပြီ ရုပ်ရှင်သက်ကြီး ပူဇော်ပွဲတွေတောင် သူ မတတ်နိုင်ခဲ့ဘူး။ သူ့ရဲ့ ဈာပနကို ဒီနေ့မှာပဲ သဂြိုဟ်သွားမှာပါ။ အချိန်တော့ သေချာ မသိရသေးဘူး။ လောလောဆယ် ဆရာဝန်လက်မှတ်တွေ လိုက်ယူနေပါတယ်” ဆိုပြီးတော့ အခုလို ပြောပြခဲ့တာပါ။


ဦးပလာတာဟာ ရေဒီယိုအငြိမ့် ခေတ်ဦးကာလကတည်းက လူရွှင်တော် တစ်ယောက်အဖြစ် အနုပညာလောကထဲမှာ ကျင်လည်ခဲ့တာဖြစ်ပါတယ်။ သူဟာ လူရွှင်တော်ကြီး ဦးစံမတူ နဲ့အတူ တွဲဖက်ဖျော်ဖြေလေ့ရှိတဲ့ လူရွှင်တော် တစ်ဦးဆိုလည်း မမှားပါဘူး။ အဲဒီနောက် အဖြူအမဲ ရုပ်ရှင်ခေတ်မှာလည်း သရုပ်ဆောင် တစ်ဦးအဖြစ် ပရိသတ်တွေရဲ့ အားပေးမှု အခိုင်အမာရရှိခဲ့ပါသေးတယ်။ ဦးပလာတာရဲ့ အနုပညာသက်တမ်းကတော့ နှစ်ပေါင်း(၇၀) ခန့်ရှိပြီဖြစ်ပါတယ်။
- Mg Kaung