နိုင်းနိုင်းကတော့ ဇူလိုင်လအတွင်းက သူ့ရဲ့ ဇနီးနဲ့ သားသမီးတွေ ရှိတဲ့ အမေရိကားကို ပြန်သွားခဲ့တာ ဖြစ်ပါတယ်။ စက်တင်ဘာ(၂) ရက်နေ့မှာတော့ ရန်ကုန်ကို ပြန်လည်ရောက်ရှိလာတာဖြစ်ပြီး Covid ကူးစက်ရောဂါ ကာကွယ်ရေး အနေနဲ့ Quarantine ဝင်နေတယ်လို့ သူက ပြောပါတယ်။


“ရန်ကုန်ပြန်ရောက်တော့ ကျနော့်ကို ၃ပတ် အနားယူပါဆိုလို့… ချစ်သောပရိသတ်များလည်း အရင်ထပ်ပိုပြီး ဂရုစိုက်ကြပါ။ ကိုယ်ဖြစ်ကိုယ်ခံ -ဆိုတဲ့စကားက Covid ကာလမှာ မမှန်ပါ… ကိုယ်ဖြစ်ရင် ကိုယ့်မိဘ ညီအစ်ကို မောင်နှမ၊ သားသမီး နဲ့ ဇနီး… ဘေးပတ်ဝန်းကျင်ပါ အကုန် ခံရမှာပါ။ Mask ကို အပြင်ထွက်တိုင်း ဝတ်ဆင်သွားပါ။ လက်ကိုသေချာဆေးပါ။သတိအမြဲရှိကြပါလို့… ပြောချင်ပါတယ်။ #Actor99” ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ခ်ျမှာ ရေးသားခဲ့ပါတယ်။


နိုင်းနိုင်းဟာ မိသားစုတွေနဲ့အတူ အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့မှာ နေထိုင်လေ့ရှိပြီး ရုပ်ရှင်ဇာတ်ကားရိုက်ကူးရေးနဲ့ အခြား အနုပညာနဲ့ ဆက်နွယ်တဲ့ အလုပ်ကိစ္စတွေရှိမှသာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာတာလည်း ဖြစ်ပါတယ်။ နိုင်းနိုင်းရဲ့ အနုပညာသက်တမ်းဟာ အနှစ် ၂၀ကျော်ကို ရောက်ရှိလာပြီဖြစ်ပြီး အနုပညာသက်တမ်းကြာလာတာနဲ့အမျှ ပရိသတ်များစွာတို့ရဲ့ အားပေးမှုကြောင့် အောင်မြင်မှုအခိုင်အမာရရှိထားတာဖြစ်ပါတယ်။
- Mg Kaung