လူ မရှိတဲ့အိမ်တွင် မီတာခသိန်းကျော်ကျတဲ့အတွက် EPC ရုံးကဝန်ထမ်းတွေကို သတိပေးစကားတစ်ခွန်း ဒဲ့ပြောချလိုက်တဲ့ ရွှေရည်သိန်းတန်
မြန်မာသံစဥ်လေးတွေနဲ့ပရိသတ်တွေရဲ့အချစ်ကိုသိမ်းပိုက်ထားနိုင်တာကတော့ရွှေရည်သိန်းတန်ပဲဖြစ်ပါတယ်။ဖခင်ဖြစ်သူ ရဲ့အနုပညာအမွေကိုထိန်းသိမ်းကာလက်ဆင့်ကမ်းခဲ့သူတစ်ဦးပါ။အနုပညာအပေါ်မှာလည်း တန်ဖိုးထားသူပါ။ ဒါကြောင့်လည်းခုလိုပရိသတ်ချစ်နေရသူဖြစ်ရှိနေတာပါ။ လူမှုကွန်ရက်မှာလည်းပုံရိပ်လေးတွေတင်ပေးလေ့ရှိပြီးချစ်နေရတာပါ။အခုမှာလည်းသူမကြုံတွေ့ခဲ့ရတဲ့မတရားမှုတစ်ခုအကြောင်းကိုပြောပြခဲ့တာပါ။ လူမနေတာ ၂လ.. အခုထိ မီတာဒီလိုကျနေဖို့ဆိုတာ အိမ်စောင့်နတ်ဟင်းချက်စားနေလို့ဖြစ်မှာပါ… အကြွေးကျန်နှင့်ကိုင်ပေါက်ဦးမယ်ဆိုရင်လည်း တလမှမပျက်ဆောင်ခဲ့တာ ဘယ်ကအကြွေးကျန်မှန်းကိုမရှိတာပါ. ဝန်ထမ်းအချင်းချင်းသူလုပ်တာငါလုပ်တာပြောဦးမယ်ဆိုတာလည်းသိနေပါတယ်..မောနေမှာစိုးလို့..ပြောစရာမလိုအောင်တွေးပေးထားတာပါ.. ကျွန်မတို့ပြည်သူတွေဘယ်တိုင်ပေါ်မှ တက်မကြည့်အားကြပါဘူး.. လုပ်လည်းလုပ်..ကြည့်ကျက်လုပ်.. လူလိုသူလိုလုပ်..အန်မထွက်အောင်လုပ်ကြပါလို့ပဲပြောချင်ပါတယ်.. ကျန်းမာချမ်းသာလို့..တဘဝလုံး..ပရမ်းပဒါမဖြစ်ကြပါစေနှင့်ရှင်ဆိုပြီးပြောခဲ့တာပါ။