ပရိတ်သတ်တွေ သတ်မှတ်ထားတဲ့ အလှအပစံနှုန်းတွေက တဖြည်းဖြည်းမြင့်လာတာနဲ့အမျှ သရုပ်ဆောင်တွေဟာမျက်နှာလေးကြည့်ကောင်းရုံ သရုပ်ဆောင်တော်ရုံနဲ့ တင်းတိမ်နေလို့မရတော့ပါဘူး။ နှုတ်ခမ်းနီမလေးတွေ အသဲစွဲဖြစ်အောင် six packs တွေ လက်မောင်းကြွက်သားတွေနဲ့ တောင့်တောင့်တင်းတင်းဘော်ဒီမျိုးတွေရဖို့ ကြိုးစားနေသူတွေ အများသားပါ။ ဒီနေ့ဗီဒီယိုမှာတော့ အမိုက်စားဘော်ဒီတွေနဲ့ မြန်မာပြည်က မင်းသား/မော်ဒယ်တွေအကြောင်းကို တင်ဆက်ပေးသွားမှာပါ။
ပိုင်တံခွန်

အရပ်ရှည်ရှည် အသားညိုညိုနဲ့ နိုင်ငံခြားမင်းသားတွေလို ဆွဲဆောင်မှုအပြည့်ရှိတဲ့ ပိုင်တံခွန်ကတော့ ပြည်တွင်းမှာသာမက ထိုင်းနိုင်ငံအထိပါ လျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြားတဲ့ မော်ဒယ်တစ်ဦးပါ။ သူ့ရဲ့အရပ်အမောင်းနဲ့လိုက်ဖက်ပြီး ကျစ်လစ်တဲ့အချိုးအစားကြောင့်လဲ ဒီလိုခန့်ညားနေတာလို့ ဆိုရမှာပါပဲ။
ထူးအောင်

Gym အရမ်းဆော့တဲ့မင်းသားလို့ ပြောလိုက်တာနဲ့ အားလုံး ထူးအောင်ကိုပြေးမြင်ကြမယ်ဆိုတာ အသေအချာပါပဲ။ဒီလိုဗလကြီးမျိုးတွေရအောင် အတော်ကြိုးစားကစားခဲ့ရပြီး အခုဆိုရင် အခြားမင်းသားတွေကိုပါ သူ့လိုအားကိုးချင်စရာကြီးဖြစ်လာအောင် စေတနာထားပြီး နည်းပြအဖြစ်လေ့ကျင့်ပေးနေပါတယ်။
အောင်ရဲလင်း

သရုပ်ဆောင်လောကမှာ ထိပ်တန်းမင်းသားတစ်လက်ဖြစ်တဲ့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင် အောင်ရဲလင်းဟာရုပ်တင်ချောတာမဟုတ်ပဲ ဖက်ရှင်နဲ့ ဘော်ဒီကလဲ အားလုံးငေးယူရလောက်အောင်ပါပဲ။ သူ့ရဲ့ဓာတ်ပုံတွေမှာဆိုရင်နိုင်ငံခြားမင်းသားလို့ ထင်ရလောက်အောင် ခန့်လွန်း အထာကျလွန်းပါတယ်။
တိုင်ရွန်

ဘော်ဒီတောင့်တောင့် မင်းသားတွေအကြောင်းကို ပြောရင် တိုင်ရွန်ကိုချန်ထားခဲ့လို့တော့ ဘယ်ဖြစ်ပါ့မလဲ။ မော်ဒယ်အဖြစ်ကနေ သရုပ်ဆောင်လောကမှာ အောင်မြင်လာတဲ့ တိုင်ရွန်ဟာ အလုပ်များတဲ့ကြားက Gym ကို အချိန်ပေးကစားလေ့ရှိပြီး သူ့ဘော်ဒီကိုထိန်းထားဖို့ အစားအသောက်ကိုလဲဂရုစိုက်ကြောင်း သူ့ရဲ့ facebook မှာ တွေ့နိုင်ပါတယ်။
အောင်မင်းခန့်

ချစ်စရာကောင်းတဲ့မျက်နှာလေးကြောင့် ဇာတ်လမ်းတွဲတွေကနေတစ်ဆင့် အောင်မြင်လာတဲ့ မင်းသားချောလေးကလဲ မျက်နှာသာမက ခန္ဓာကိုယ်ကိုပါ အချိန်ပေးဂရုစိုက်မှန်း အရမ်းကိုသိသာပါတယ်။ မြင့်မားတဲ့ အရပ်အမောင်းနဲ့လိုက်ဖက်တဲ့ ဘော်ဒီမျိုးရှိတာကြောင့် ကြည့်ကောင်းလွန်းတဲ့ မင်းသားပါ။
ခါရာ

အရပ်မြင့်မြင့် အသားဖြူဖြူနဲ့ ကိုရီးယားမင်းသားလို့တောင်ထင်ရတဲ့ နှုတ်ခမ်းနီမလေးတို့ရဲ့အသဲစွဲ ခါရာကလဲ ဖွံ့ဖွံ့ထွားထွားနဲ့ အားကိုးချင်စရာပါပဲ။ အက်ရှင်ကားတွေ အရိုက်များတဲ့မင်းသားဖြစ်တာကြောင့် ဇာတ်ရုပ်တွေနဲ့လိုက်ဖက်အောင် ဒီလိုဘော်ဒီမျိုးရဖို့ အသည်းအသန်လေ့ကျင့်ထားပုံ ရပါတယ်။
မိုးယံဇွန်

အရင်ကပိန်ပိန်ပါးပါးလေးပေမယ့် အခုနောက်ပိုင်းတော့ Gym ကိုကြိုးစားဆော့ပြီး ပရိတ်သတ်ရှေ့ကို အမိုက်စားပုံစံနဲ့ ထွက်ပေါ်လာခဲ့လို့ အားလုံးပါးစပ်အဟောင်းသားဖြစ်ခဲ့ရပါတယ်။ ဒီဘော်ဒီကြီးနဲ့ ရုပ်ရှင်ပိတ်ကားထက်မှာတွေ့ရဖို့လဲ ပရိတ်သတ်တွေ မျှော်လင့်နေကြတာပါ။
ထွန်းကိုကို

နိုင်ငံကိုယ်စားပြု mister တစ်ယောက်ဖြစ်ခဲ့ဖူးတာမို့ အရပ်အမောင်းနဲ့ အချိုးအဆစ်က အပြစ်ပြောစရာမရှိအောင်ပြီးပြည့်စုံပါတယ်။ ရုပ်ရည်ကလဲ နှုတ်ခမ်းနီမလေးတွေအကြိုက် ဖြူဖြူသန့်သန့်မို့ အားလုံးရဲ့ ဝန်းရံခြင်းကို ခံနေရတာ အဆန်းတော့မဟုတ်ပါဘူး။ မော်ဒယ်ပေမယ့် သရုပ်ဆောင်လဲကောင်းပါတယ်။
ဒါကတော့ မြန်မာပြည်တွင်းက အမိုက်စားဘော်ဒီပိုင်ရှင် မင်းသားတွေပါ။ ပရိတ်သတ်တွေလဲ သူတို့ကိုသဘောကျတယ်၊ သူတို့နဲ့လိုက်ဖက်တဲ့မိန်းကလေးဖြစ်ချင်တယ် ဒါမှမဟုတ် သူတို့လိုခန့်ချောကြီးဖြစ်ချင်တယ်ဆိုရင်တော့ သူတို့ရဲ့နေထိုင်စားသောက်မှုပုံစံကို လေ့လာပြီး နီးစပ်ရာ gym တစ်ခုခုမှာ အမြန်ဆုံးစာရင်းသွင်းထားဖို့ လိုမယ်နော်။