နာမည်ကြီး မော်ဒယ်နှစ်ဦးဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး သူ့ရဲ့ထင်မြင်ချက်တစ်ချို့ကို အမှန်တိုင်း ပြောပြလာတဲ့ဥက္ကာမင်းမောင်  

ဥက္ကာမင်းမောင်ဆိုတာနဲ့ပရိသတ်မသိသူမရှိတဲ့ Celeတစ်ယောက်ပါ။ နိုင်ငံခြားကနေသူရဲ့ video လေးတွေပုံရိပ်လေးတွေကိုကြည့်ပြီးချစ်နေရတာပါ။ LGBTတစ်ယောက်ဖြစ်ပေမယ့် ဘဝကိုအမြဲအမှန်တိုင်းနဲ့ရိုးရှင်းစွာနေထိုင်သူတစ်ယောက်ပါ။ အခုမှာတော့မနေ့ကည သင်ဇာဝင်ကျော်၊နန်းမွေစံတို့ကိုဖမ်းသွားတဲ့ကိစ္စနဲ့ပတ်သတ်ပြီးခုလိုပြောခဲ့တာပါ။ I personally stand with Thinzar Wint Kyaw and Nan Mwe San.  ပထမဦးဆုံး ကျွန်​တော့်အမြင်​ပြောရရင် လူ​တွေရဲ့ အာရုံ​ပြောင်းဖို့ attention တဖက်ဆီလှည့်သွားဖို့ အတွက်နာမည်ကြီး ၂ ​ယောက်ကို ​မြေစာပင်လုပ်လိုက်တာလို့ပဲမြင်ပါတယ်။မြန်မာပြည်မှာ လူဖြစ်ရတာ ကိုယ့်ထမင်းကိုယ်ရှာစားပြီး ကိုယ့်ဝမ်းကိုယ်​ဖြည့်ရတယ်ဆို​ပေမယ့် လိုအပ်ရင် လိုအပ်သလို အာဏာရှင်​တွေရဲ့ ခုတုံးလုပ်စရာအသုံးချခံ chess ကစားခုံ​ပေါ်က အစားခံနယ်ရုပ်က​လေး​တွေလိုပါပဲလား။သူတို့ဒီလိုပုံ​တွေရိုက်လာတာ အခုမှမဟုတ်.. အခုမှ ဘာထ​ဖောက်တာလဲ.. တနိုင်ငံလုံးပုံ​တွေမြင်ဖူး သိဖူးတာကြာ​ပေါ့။  သူတို့ လွတ်လပ်ခွင့်နဲ့သူတို့… ဝမ်း​ရေးအတွက် ​နေထိုင်ရှင်သန်မှုအတွက် ဘယ်လိုပဲရိုက်ရိုက် နိုင်ငံခြား website ကဝင်လာတဲ့ဝင်​ငွေထဲက အခွန်​ဆောင်​သင့်သ​လောက်​ဆောင်နေရင် ပြီးတာ​ပဲ​လေ..​ သူတို့ပုံ​တွေထွက်လာရင် အတင်းပြူးပြဲကြည့်ကြတဲ့အထဲမှာ ကိုယ်တိုင်ပါမပါ အရင်​မေးပါဦး… သေချာတာက​တော့ သူတို့မိန်းခ​လေး ၂ ​ယောက်သည် လူမသတ်ပါဘူး… သူတို့ သူများ မိသားစု​တွေ မဖြိုခွဲပါဘူး..သူတို့ ​ကြောင့်ဘယ်သူမှ တသက်လုံး စိတ်ဒါဏ်ရာ ခန္တာကိုယ်မှာ ဒါဏ်ရာ​တွေနဲ့ ဒုက္ခိတ ဘဝကို ​ရောက်​​အောင် မလုပ်ခဲ့ပါဘူး.. သူတို့ ဘယ်သူ့အိမ်ကိုမှ ချိတ်မပိတ်ပါဘူး.. သူတို့ ​ကြောင့်ဘယ်သူမှ အိမ်နဲ့​ဝေးရာ မိသားစုနဲ့​ဝေးရာမှာ ​ရှောင်တိမ်းမနေရပါဘူး..သူတို့​ပုံ​တွေကြောင့်ဘယ်သူမှ ဘဝ​တွေမပျက်သွားပါဘူး.. သူတို့ဘယ်ရွာမှ မီးမရှို့ပါဘူး.. သူတို့ ​ကြောင့် မြန်မာ့စီးပွား​​ရေး အဝီဇိ​ရောက်မသွားပါဘူး.. သူတို့ ပုံ​တွေ​ကြောင့် မြန်မာ​ငွေ​စျေးထိုးကျပြီး ​​ဒေါ်လာ​စျေး​တွေ ​ထိုးမတက်သွားပါဘူး.. သူတို့ကြောင့် ဘယ်နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည်​တွေ မြန်မာပြည်မလာရဲ​တော့ဘူးဆိုတာမျိုး မရှိပါဘူး.. ထပ်​​ရေးမယ်ဆို ​ရေးစရာအများကြီးပါ.. လူတိုင်းသူ့လွတ်လပ်ခွင့်နဲ့သူပါ.. သူတို့ဖြစ်တည်မှု နဲ့ ဒီဓါတ်ပုံ​တွေဟာ ဘယ်သူ့ကိုမှ ထိခိုက်မ​နေပါဘူး.. သူတို့ ဒီလိုရိုက်တာ လက်မခံရင် မကြည့်နဲ့.. ​ကျော်သွားလိုက်… တခုခု ဆို မြန်မာ့ယဥ်​ကျေးမှု ဆိုတဲ့စကားလုံးနဲ့ ကိုင်​ပေါက်ပြီး ​နောက်ကွယ်ကျ သူတို့ကိုယ်တိုင်ကသာ အခ​ကြေး​ငွေ​ပေးပြီး ​ပျော်​တော်ဆက်​မိန်းမပျို​တွေကို ​ခေါ်ပြီး ဇိမ်ခံဖူးသလားဆိုတာ ကွကိုယ်အရင်​ မေးလိုက်ကြပါ.. လတ်တ​​လော လူ ၄ ​ယောက် ​သေဆုံးရတဲ့အ​ပေါ် တနိုင်ငံလုံး​ဒေါသထွက်​နေချိန် အာရုံလွှဲဖို့ ဒီနည်းလမ်းကို အသုံးချတာ ​တော်ပါတယ်​မောင်မင်းကြီးသားတို့ရယ်…ဆိုပြီးပြောခဲ့တာပါ။

ထားစရာနေရာမရှိလောက်အောင် များပြားလွန်းတဲ့ သိန်းရာချီတန်သော သူမရဲ့ဖိနပ်မျိုးစုံကို ဗီဒီယိုလေးရိုက်ပြီးထုတ်ကြွားလိုက်တဲ့ အာဗြဲစိန်- clone

မိသားစုလိုက်ပရိသတ်အားပေးမှုတွေအပြည့်နဲ့အောင်မြင်နေတာကတော့ နေမျိုးအောင်တို့မိသားစုလေးပဲဖြစ်ပါတယ်။ အခုချိန်မှာ သားဖြစ်သူတွေကပါအနုပညာလောကမှာပရိသတ်အားပေးမှုနဲ့ရရှိလာတာပါ။ မိန်းမဖြစ်သူကလည်းLive saleလေးတွေနဲ့အောင်မြင်နေတာပါ။ ဒါကြောင့်သူတို့မိသားစုလေးဟာ ပရိသတ်တွေကြည်နူးနေရတာပါ။ အစတုန်းကအခက်ခဲတွေကြားခဲ့ရပေမယ့်ခုမှာအဆင်ပြေပြေနဲ့မိသားစု​လေးဖြစ်လာခဲ့တာပါ။ သားလေးကလည်းလူမှုကွန်ရက်လေးတွေကနေပရိသတ်တွေသတိထားမိကာအောင်မြင်လာတာပါ။ အခုမှာလည်း နေမျိုးအောင်မိန်းမဖြစ်သူရဲ့My dayလေးကြောင့်ပရိသတ်တွေအံ့သြခဲ့ရတာပါ။ စျေးမတက်ခင်ဝယ်ထားရတာဆိုတဲ့ဖိနပ်တွေကိုချပြလိုက်တာပါ။ ဖိနပ်တွေဘယ်လောက်တောင်များနေလဲဆိုတာကတော့အောက်ကvideo လေးကိုကြည့်ပြီးချစ်ပေးကြပါဦးနော်။

ဖြူဖြူကျော်သိန်းရဲ့ပုံစံနဲ့ တစ်ထပ်တည်းတူအောင် သနပ်ခါးလေးပါလိမ်းပြီး ခပ်နွဲ့နွဲ့လေး Tik Tok ဆော့ထားတဲ့ဇေရဲထက်ရဲ့ဗီဒီယိုဖိုင်- clone

ဇေရဲထက်ဆိုတာနဲ့ပရိသတ်တွေချစ်ရတဲ့နိုင်ငံကျော်မင်းသားတစ်ယောက်ပါ။ သူကတော့ ဗီဒီယိုဇာတ်ကားတွေခေတ်ကတည်းကအောင်မြင်မှုတွေများစွာရရှိခဲ့သူပါ။ မိန်းကလေးတိုင်းချစ်ရတဲ့သူတစ်ယောက်ပါ။ အခုမှာတော့သူဟာအနုပညာအလုပ်တွေနဲ့ဝေးကွာနေတာပါ။ ခေတ်ကာလအခြေနေတွေကြောင့်ပရိသတ်တွေနဲ့ဝေးကွာပေမယ့် လည်းချစ်နေရတာပါ။ တစ်ခါတရံတော့လူမှုကွန်ရက်ကနေပုံရိပ်လေးတွေကိုတင်ပေးလေ့ရှိတာပါ။ အခုမှာလည်း Tiktok လေးတစ်ခုကြောင့်ပရိသတ်တွေကြားရေပန်းစားနေတာပါ။ဖြူဖြူကျော်သိန်းရဲ့နောက်ခံစကားလေးနဲ့Tiktokလေးဆော့ထားတာပါ။ ဘယ်လိုတောင်ဆော့ထားလဲဆိုတာကတော့အောက်ကvideo လေးကိုကြည့်ပေးကြပါဦးနော်။

ဒီနေ့မနက် အစောပိုင်းမှာပဲ သမီးဦးလေးကို အောင်မြင်စွာဖြင့် မွေးဖွားနိုင်ခဲ့ကြောင်း ကြည်နူးစရာပုံရိပ်လေးတွေဝေမျှလာတဲ့ အိမ့်ချစ်

ပရိသတ်အချစ်တော် အိမ့်ချစ်ကတော့ဒီနေ့မနက်အစောပိုင်းမှာပဲသမီးဦးလေးကိုမွေးဖွားခဲ့ပါတယ်။ အကုန်လုံးကလည်းဝမ်းသာကြသလိုပီတိတွေလည်းဖြစ်နေကြတာပါ။ မိခင်ရောကလေးပါကျန်းမာစွာရှိနေကြတာပါ။  ကိုယ်ဝန်စဆောင်ချိန်ကတည်းက သူတို့လင်မယားနှစ်ယောက်ဟာရင်ခုန်ခဲ့ကြတာပါ။ ခုချိန်မှာတော့သူတို့ဟာသမီးလေးအတွက်ဝမ်းသာနေကြတာပါ။ သမီးဦး​လေးလည်းဖြစ်ပထမဆုံးရင်သွေစလေးလည်းဖြစ်နေတာပါ။ ဒီနေ့မနက်၇နာရီ၁၃မိနစ်မှာမွေးဖွားခဲ့တာဖြစ်ပါတယ်။ သမီးလေးကိုတော့အမရာဆိုပြီးနာမည်ပေးထားတာပါ။ပရိသတ်တွေလည်းသမီး​လေးလည်းချစ်စရာပုံရိပ်လေးတွေကိုကြည့်ပြီးချစ်ပေးကြပါဦးနော်။