လွန်ခဲ့တဲ့ (၂)နှစ်ခန့်က ခင်ပွန်းနဲ့အတူ ရိုက်ထားတဲ့ ဗီဒီယိုကြောင့် ဝေဖန်ခံခဲ့ရတဲ့အကြောင်းကို စိတ်မကောင်းစွာဖြင့်ရင်ဖွင့်လာတဲ့ နန်းမြတ်ဖြိုးသင်း

နန်းမြတ်ဖြိုးသင်းဆိုတာနဲ့ချစ်စရာကောင်းတဲ့သားလေးတစ်ယောက်သမီးလေးတစ်ယောက်ပိုင်ဆိုင်ထားပြီးပျော်ရွှင်စရာမိသားစုဘဝလေးကိုပိုင်ဆိုင်ထားတာပါ။ သူမကတော့ ခင်ပွန်း​​ဖြစ်သူကွယ်လွန်ပြီးနောက် ကျန်ရစ်တဲ့သားသမီးလေးတွေအတွက်ရုန်းကန်နေရတာပါ။ အခက်ခဲတွေကြုံတွေ့တိုင်းလည်းမလျော့သောဇွဲ့နဲ့ကြိုးစားနေတာပါ။ သားလေးကလည်းသိတက်စအရွယ်လေးဖြစ်တာကြောင့် လိမ္မာပြီးမေမေ့အတွက်အားကိုးနေရတာပါ။ ကလေးတွေရဲ့ video လေးတွေကိုလည်းလူမှုကွန်ရက်မှာတင်ပေးလေ့ရှိပြီးချစ်နေရတာပါ။ ပရိသတ်တွေကလည်းသူရဲ့ချစ်စရာစိတ်ဓာတ်လေးတွေကလေးတွေရဲ့ချစ်စရာကောင်းတာလေးတွေကိုကြည့်ပြီးချစ်နေရတာပါ။ လူမှုကွန်ရက်ကနေလည်းပုံရိပ်လေးတွေစာလေးတွေတင်ပေးလေ့ရှိတဲ့သူမဟာခုမှာလည်း လွန်ခဲ့တဲ့၂နှစ်ကသူတင်တဲ့video လေးမှာဆဲခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီးခုလိုပြောပြခဲ့တာပါ။ 4Million view တဲ့လားအဲဒါလေးတင်တုန်းကမိုက်မိုက်ရိုင်းရိုင်းတွေပြောကြတာတွေလဲပါ ကုတင်ပေါ်ကကိစ္စတွေလဲပါ ကိုယ့်ဘဝထဲကိုလူသားလေးတစ်ယောက်လိုချင်တဲ့အချိန်မှာရောက်လာတာ blessing တစ်ခုပါပဲ ဒါကိုဘာလို့များ ရိုးရိုးလေးမမြင်နိုင်ကြလဲဆိုပီးစိတ်လဲဆိုး၊စိတ်မကောင်းလဲဖြစ်ခဲ့တယ် ယောက်ျားကတော့အဲ့တည်းကအားပေးတယ် “မိန်းမရေ လူတွေကအဲ့လိုပဲလေ၊ လိုက်မခံစားနဲ့၊ ကိုယ်ဝန်နုနုလေးနဲ့” ဆိုပီးအားပေးခဲ့တယ် အခုတော့တစ်ခုခုဆိုအနားမှာ အားပေးမယ့်သူမရှိလို့ ကိုယ့်ဟာကိုယ် အားတင်းထားတယ် ဘာဖြစ်ဖြစ်ခံနိုင်ရည်ရှိဖို့ဆိုပြီးပြောပြခဲ့တာပါ။

သမီးလေးကို ပွေ့ချီပြီး ဘယ်သူမှ မဆိုဖူးသေးသော သီချင်းအသစ်လေးဖြင့် ချော့မြူနေတဲ့ မေမေ ခင်လွှမ်းရဲ့ဗီဒီယိုဖိုင်

ချစ်စရာကောင်းတဲ့သမီးလေးနဲ့ပျော်ရွှင်စရာမိသားစုဘဝလေးကိုပိုင်ဆိုင်ထားတာကတော့ ခင်လွှမ်းပဲဖြစ်ပါတယ်။ယောက္ခမတွေရဲ့အချစ်တွေအပြည့်နဲ့ မိန်းကလေးတိုင်းအားကျနေရသူတစ်ယောက်ပါ။ သမီးလေးတစ်ယောက်မွေးဖွားပြီးသည့်တိုင် သူ့ရဲ့အလှတွေကပရိသတ်တွေငေးမောနေရတာပါ။ စည်ဖြိုးရဲ့ဂရုစိုက်မှုတွေ တစ်ယောက်ကိုတစ်ယောက်ကျေပွန်တဲ့ဝတ္တရားတွေကြောင့် သူတို့မိသားစုလေးဟာကြည်နူးဖို့ကောင်းနေတာပါ။ မိသားစုပုံရိပ်လေးတွေ သမီးလေးရဲ့video လေးတွေလည်းတင်ပေးလေ့ရှိတာပါ။ပရိသတ်တွေကလည်းသူတို့ပုံရိပ်လေးတွေကြည့်ပြီးချစ်နေရတာပါ။ အမြဲလိုလိုTiktok videonလေးတွေဆော့ပြီးတင်ပေးလေ့ရှိတာပါ။ အခုမှာလည်း သမီးလေးနဲ့တူတူ Tiktokလေးဆော့ကစားနေတာပါ။ ပရိသတ်တွေလည်းခင်လွှမ်းတို့သားမိနှစ်ယောက်ရဲ့Tiktok video လေးကိုကြည့်ပြီးချစ်ပေးကြပါဦးနော်။

ကလေးနှစ်ယောက်ရဲ့ဆွဲခြင်းကိုင်ပြီး ကျောင်းလိုက်ပို့ပေးနေတဲ့ ချစ်ခင်ပွန်းကို ဗီဒီယိုလေးခိုးရိုက်ပြီး အချစ်တွေပိုနေတဲ့ သဉ္ဇာနွယ်ဝင်း

တစ်ချိန်ကပရိသတ်အားပေးမှုတွေများစွာနဲ့အောင်မြင်ခဲ့ပြီး ယခုမှာတော့သားလေးတစ်ယောက်သမီးလေးတစ်ယောက်နဲ့ပျော်ရွှင်စရာမိသားစုဘဝလေးပိုင်ဆိုင်ထားတာကတော့ သဥ္ဇာနွယ်ဝင်းပဲဖြစ်ပါတယ်။ သူမကတော့ video ဇာတ်ကားတွေနဲ့အောင်မြင်ခဲ့တာဖြစ်ပြီး ပရိသတ်တွေကလည်းယနေ့ထိချစ်နေရတာပါ။ အခုအနုပညာအလုပ်တွေမလုပ်တော့ပေမယ့်လည်းချစ်နေရတာပါ။ သူမဟာ ပရိသတ်တွေနဲ့မဝေးအောင်လူမှုကွန်ရက်ကနေပုံရိပ်လေးတွေvideo လေးတွေတင်ပေးလေ့ရှိတာပါ။ အခုမှာလည်း ကလေးနှစ်ယောက်နဲ့သူ့ရဲ့တစ်နေ့တာလေးကိုပြောပြခဲ့တာပါ။ မနက် ၈ဆို အဆင်သင့်ဖြစ်နေပြီ။ မနက်၆:၃၀ဆို ထမင်း ဟင်းထချက်တယ်။ ကလေးတွေကိုက ၇:၃၀မှာနိုးပြီး မျက်နှာသစ်ပေးတယ် ဒါတော့ အိမ်က အကူညီမလေးတွေလုပ်ပေးတာ ဒီအချိန် ကိုယ်ကတော့ အသီးအခွံခွာ ပေးမုန့်ထည့်ပေးတယ်။  မုန့်တွေကအကုန်လုံး ကုန်လားဆို မကုန်ဘူး ရွေးလို့ရအောင်ထည့်ပေးလိုက်တာ။ ဟိုဥကတော့ အမြဲကုန်တယ်။အထဲကအရုပ်လိုချင်လို့လေ ဟင်းကတော့မကုန်ရင် အိမ်ရောက်ရင် ကိုယ်စားပေးလိုက်တယ် နှမျှောလို့ ကလေးတွေကိုမနက်စာကတော့ ကားပေါ်မှာပဲ ပေါင်မုန့်နဲ့ milo တိုက်တယ်။ ကလေးကျောင်းသွားတဲ့အချိန်မှ လုပ်စရာရှိတာတွေလုပ်ရတယ်။ အရင်ကကိုယ့်အမေက ရှေ့ဆောင်လမ်းပြ ကိုယ်တွေကို လုပ်ပေးခဲ့တော့ ကိုယ်ကလည်းလုပ်ရပြီပေါ့ ။ ကျောင်းကပြန်လာတဲ့အချိန် မာမားထမင်းကုန်အောင်စားခဲ့တယ်လို့ပြောရင်အမောတွေကိုပြေလို့ နောက်ရက်စောစောထဖို့ခွန်အားပေါ့မောတော့မောတာပေါ့ ဒါပေမဲ့ ပျော်ပါတယ်ဆိုပြီးပြောပြသွားခဲ့တာဖြစ်ပါတယ်။

ဖေဖေ့ရဲ့ကားလေးကို သေချာရေဆေးပေးတဲ့ သားဖြစ်သူရဲ့ချစ်စဖွယ် အပြုအမူလေးကို ဗီဒီယိုခိုးရိုက်ပြီး သဘောတွေကျနေတဲ့ ပိုးအိအိခန့်

ပရိသတ်အချစ်တော်အောင်သူနဲ့ပိုးအိအိခန့်တို့ကတော့ချစ်စရာကောင်းတဲ့သားလေးနဲ့အတူပျော်ရွှင်စရာမိသားစုကိုပိုင်ဆိုင်ထားတာပါ။ ခင်ပွန်းဖြစ်သူ ဘောလုံးကစားရာ ထိုင်းနိုင်ငံမှာမိသားစုလိုက်သွားရောက်နေထိုင်နေတာပါ။ထိုင်းနိုင်ငံမှာနေပေမယ့်လည်းပရိသတ်တွေနဲ့မပြတ်ရှိနေတာပါ။ လူမှုကွန်ရက်ကနေ စျေးလေးတွေကိုလည်းLive လေးလွှင့်ရောင်းနေတာပါ။ ခင်ပွန်းဖြစ်သူအောင်သူနဲ့ အနေအေးပြီးရိုတဲ့အကြောင်းလေးတွေ သားလေးရဲ့video လေးတွေကိုလူမှုကွန်ရက်မှာတင်ပေးလေ့ရှိတာပါ။ ပရိသတ်တွေကလည်းသူတို့မိသားစုလေးကိုကြည့်ပြီးချစ်နေရတာပါ။ အခုမှာလည်းပိုးအိအိခန့်တစ်ယောက်သားလေးကိုကြည့်ပြီးချစ်မဝဖြစ်နေရတာပါ။ မေ့မေ့ကိုကူရင်းရှုပ်နေတဲ့ကလေးလေးဆိုပြီးကားလေးကိုရေဆေးပေးနေတာပါ။ ဘယ်လိုတောင်ချစ်ဖို့ကောင်းနေလဲဆိုတာကတော့အောက်ကvideo လေးကိုကြည့်ပြီးချစ်ပေးကြပါဦးနော်။