မိန်းမရှိသူနဲ့ ဖောက်ပြန်နေတယ်လို့ ရည်းစားဟောင်းမှ စွပ်စွဲနေတဲ့အပေါ် ချက်နဲ့လက်နဲ့ ဖြေရှင်းလိုက်တဲ့ နေဒွေးကောင်မလေးရဲ့ဗီဒီယိုဖိုင် 

သရုပ်ဆောင်နေဒွေးနဲ့သူ့ကောင်မလေးတို့ကြား ပြဿနာတွေဖြစ်နေခဲ့တာပါ။ သူ့ကောင်မလေးဘက်ကနေပြီးတော့နေဒွေးတစ်ခြားသူနဲ့ဖောက်ပြန်ခဲ့တာဆိုပြီးပြောဆိုခဲ့တာပါ။ အဲ့ချိန်တုန်းကပရိသတ်တွေကလည်းသူ့တို့အကြောင်းစုံကိုစိတ်ဝင်စားခဲ့တာပါ။ ခုမှာတော့နေဒွေးဖြေရှင်းလိုက်တာကစပြီးတော့ပရိသတ်တွေကြားမှာသူတို့သတင်းဟာရေပန်းစားနေခဲ့တာပါ။ တစ်ယောက်ကဖြေရှင်းတာကိုတစ်ယောက်ကလူမှုကွန်ရက်ကနေဖြေရှင်းရင်းနဲ့အချေတင်တွေဖြစ်ခဲ့တာပါ။ မနေ့ညကလည်းကောင်မလေးဘက်က Liveလွှင့်ပြီးပြောခဲ့တာပါ။ နှစ်ဖက်ပရိသတ်တွေကြားမှာလည်းအပြန်အလှန်တိုက်ခိုက်နေကြတာပါ။ မနေ့ညLive လေးမှာတော့ကောင်မလေးဘက်က နေဒွေးစွပ်စွဲသမျှကို အချက်အလက်အပြည့်နဲ့ပြောခဲ့တာပါ။ ဘာတွေဖြေရှင်းခဲ့လဲဆိုတာကတော့ပရိသတ်တွေလည်းအောက်ကLive video လေးကိုကြည့်ပေးကြပါဦးနော်။

မွေးကင်းစကနေ တဖြည်းဖြည်း အရွယ်ရောက်လာတဲ့ သမီးနှစ်ယောက်ရဲ့ချစ်စဖွယ်ပုံစံလေးတွေကို ဗီဒီယိုလေးပြုလုပ်ထားတဲ့ ချစ်သုဝေ 

ယခုနွေဦးတော်လှန်ရေးမှာ မိသားစုလိုက်ပါဝင်တော်လှန်နေတာကတော့ ချစ်သုဝေနဲ့လင်းလင်းတို့မိသားစုလေးဖြစ်ပါတယ်။ အာဏာစသိမ်းချိန်ကတည်းက ယနေ့ချိန်ထိတော်လှန်နေတာပါ။ သူတို့မိသားစုလေးကိုဖမ်းဝရမ်းထုတ်ခံရပြီး အခုလွတ်မြောက်နယ်မြေတစ်ခုမှာရောက်ရှိနေတာပါ။ အခက်ခဲတွေများစွာကြုံရပေမယ့်လည်း အံတုရင်းရင်ဆိုင်နေတာဖြစ်ပါတယ်။ ပရိသတ်အချစ်တော်ဖြစ်တဲ့ ခေတ်နဲ့သစ်လည်း မိဘတွေနဲ့တူတူပုန်းရှောင်နေရတာပါ။ သမီးလေးတွေဟာ အနာဂတ်တွေများကြီးရှိသေးပေမယ့် ငယ်ငယ်ရွယ်ရွယ်နဲ့ခုလိုဒုက္ခတွေခံနေရတာပါ။ ဖေဖေမေမေတို့ရဲ့ သွန်သင်ဆုံးမမှုတွေကြောင့် သမီးနှစ်ယောက်ဟာလိမ္မာပြီးချစ်နေရတာပါ။ ပရိသတ်တွေကလည်း သမီးလေးတွေကိုလွမ်းနေတာဖြစ်ပါတယ်။ အခုမှာလည်းချစ်သုတွေဟာ သမီးလေးတွေငယ်စဥ်ကနေတဖြည်းဖြည်းအရွယ်ရောက်လာပုံလေးကိုvideo တင်ထားတာပါ။ ပရိသတ်တွေလည်းမလွမ်းပြေကြည့်ပြီးချစ်ပေးကြပါဦးနော်။

အိမ်ထောင်ရှိ အမျိုးသားတစ်ဦးနဲ့ ဖောက်ပြန်ခဲ့ရုံတင်မကဘဲ ကလေးပါ ရခဲ့တဲ့အထိ ဆိုးရွားလွန်းလှတဲ့ နွယ်နွယ်ထွန်းရဲ့အရှုပ်တော်ပုံတစ်ချို့ 

နွယ်နွယ်ထွန်းဆိုတာနဲ့တစ်ချိန်က ယောက်ျားလေးပရိသတ်အားပေးမှုတွေ များစွာနဲ့အောင်မြင်ခဲ့တာပါ။ Sexy ပုံရိပ်လေးတွေနဲ့ပရိသတ်တွေကြားရေပန်းစားခဲ့တာပါ။ သူမကတော့နောက်ပိုင်းမှာပရိသတ်တွေနဲ့ဝေးကွာသွားခဲ့တာပါ။ လွန်ခဲ့သောလပိုင်းကလည်း ကိုယ်ဝန်လွယ်ထားရတဲ့ပုံရိပ်လေးတွေကြောင့်လည်း ပရိသတ်တွေ အံ့သြခဲ့ရတာပါ။အခုမှာတော့ သူမဟာ အိမ်ထောင်ရှိ အမျိုးသားတစ်​ယောက်နဲ့ သတင်းတွေထွက်ပေါ်လာခဲ့တာပါ။ တစ်ဖက်အိမ်ထောင်ရှင်အမျိုးသမီးကလည်း လူမှုကွန်ရက်ကနေ အခုလိုပဲပြောခဲ့တာပါ။ ဂုဏ်သိက္ခာတစ်ခုကြောင့်မပြောပဲ မြိုသိပ်နေခဲ့တဲ့အရာတွေကို အခုချိန်ကနေစပြီး နည်းနည်းချင်းချပြသွားမှာဖြစ်တဲ့အတွက် သိချင်လို့ခဏခဏလာမေးနေကျသောမိတ်ဆွေသူငယ်ချင်းများ ဖျာလေးခင်းပြီးနေရာယူထားကျပါရှင် အခုလိုပြောပြနိုင်ဖို့အတွက် စိတ်ဖိစီးမှုတွေကြောင့် အိပ်ဆေးတွေ အလွန်အကျွံသောက်ပြီး စိတ်ကျနေတဲ့ကျွန်မကိုလူလိုသူလိုဖြစ်အောင် စိတ်ဒဏ်ရာတွေကို သက်သာအောင်အချိန်၂နှစ်နီးပါးဘေးကနေအဖော်ပြုကျွန်မရူးသမျှကိုသည်းခံထိန်းကျောင်းပြုပြင်ပေးပြီး စိတ်ခွန်အားတွေပေးတဲ့ချစ်ရသော မိသားစုနှင့်သူငယ်ချင်းကောင်းအမများညီမများ အရမ်းကိုကျေးဇူးတင်ပါတယ်။Physically Abuse မရှိခဲ့ပင်မဲ့ Mentally Abuse ကို နှစ်ရှည်ခံစားခဲ့ရတဲ့အရာတွေပါ ဒီစာကိုဘာ့ကြောင့်တင်ရလဲဆိုရင် ကျွန်မလုပ်လို့ဘဝပျက်ပါတယ်ပြောလို့ ဘယ်သူ့ဘဝကဘယ်သူ့ကြောင့်ပျက်လဲသိရအောင်လို့ပါ တချို့လူတွေလည်းသိပြီးသားလို့ကျွန်မထင်ပါတယ် ။ CB မှာလည်းလာရောက်မေးမြန်းလို့ရပါတယ် ကျွန်မပျော်ရွှင်စွာနဲ့အကုန်ပြောပြပေးပါ့မယ် ဆိုပြီးထုတ်ပြောခဲ့တာဖြစ်ပါတယ်။

(၈) လကျော်ပြီဖြစ်တဲ့ လုံးလုံးလေးနဲ့ ချစ်စရာကောင်းနေတဲ့ သူမရဲ့ဗိုက်အခြေအနေလေးကို အားလုံးသိအောင်ထုတ်ပြလိုက်တဲ့ ဘေဘီမောင် 

အလုပ်တွေမှာလည်းအောင်မြင်မှုတွေရ ပျော်ရွှင်စရာအိမ်ထောင်ရေးလေးကိုပိုင်ဆိုင်ထားတာကတော့ ဘေဘီမောင်ပဲဖြစ်ပါတယ်။ Liveလေးတွေလွှင့်စျေးရောင်းရင်းပရိသတ်တွေရဲ့အချစ်တွေပါသိမ်းပိုက်ထားတာပါ။ကိုယ်ဝန်ဆောင်ထားရပေမယ့် အလုပ်တွေကလည်းနားမရအောင်လိုလက်မလည်ဖြစ်နေတာပါ။ သူတို့မိသားစုရဲ့သမီးဦးလေးကလည်းမကြာမှာသူတို့မိသားစုဘဝလေးထဲဝင်ရောက်လာတော့မှာပါ။ မိန်းမဖြစ်စေချင်တာတွေကိုအမြဲဖြည့်စည်းပေးတဲ့ခင်ပွန်းကောင်းကိုပိုင်ဆိုင်ထားတာကြောင့်လည်းအမြဲပျော်ရွှင်နေရတာပါ။  ပရိသတ်တွေအတွက်လည်း မမဗိုက်ရဲ့ပုံရိပ်လေးတွေကိုလူမှုကွန်ရက်ကနေတင်ပေးလေ့ရှိတာပါ။ သူတို့ရဲ့ပထမဆုံးရင်သွေးလေးဖြစ်တာကြောင့်ပိုပြီးစိတ်လှုပ်ရှားနေရတာပါ။ ယခုမှာလည်း သူမခံစားချက်လေးကိုလူမှုကွန်ရက်ကနေပြောပြခဲ့တာပါ။ ကျမတိ​ု့မိသားစုရဲ့အဖိုးမဖြတ်နိုင်တဲ့သမီးရတနာလေး၈လပိုင်းဆိုရောက်လာတော့မယ်ဖေဖေဂန်းကြီးအရမ်းပျော် မေကြီးကလည်းပီတိဖြစ် ဒီမေမေဘေဘီကတော့ ပျော်ရွှင်ကြည်နူးမဆုံးအစစအရာရာအဆင်ပြေအောင်ဖန်တီးပေးတဲ့လောကကြီးကိုကျေးဇူးတင်လိုက်တာအေးချမ်းတဲ့မိသားစုလေးဖန်တီးပေးတဲ့လောကကြီးရေဆိုပြီးပီတိတွေဖြစ်နေရတာဖြစ်ပါတယ်။

ကြမ်းပြင်မှာ အေးဆေးထိုင်ပြီး ဖုန်းသုံးနေစဉ် ချစ်သူလေးရဲ့အလစ်ဝင်တိုက်ခိုက်ခြင်းကို အပီအပြင် ခံလိုက်ရတဲ့ဆုမြတ်နိုးဦးရဲ့ဗီဒီယိုဖိုင် 

လူမှုကွန်ရက်မှာတစ်ယောက်ကိုတစ်ယောက်အတည်ပေါက်စနောက်ဆေးထိုးနေတဲ့သူနှစ်ယောက်ရှိပါတယ်။ သူတို့ကတော့ ကျော်ကျော်နဲ့ဆုမြတ်နိုးဦူပဲဖြစ်ပါတယ်။ ပရိသတ်တွေကလည်းသူတို့video လေးကိုကြည့်ပြီးရယ်မောချစ်ခင်နေရတာပါ။ သူတို့နှစ်ယောက်ဟာတစ်​ယောက်အလစ်ကိုထိုင်စောင့်ပြီးစနေကြသူတွေဖြစ်ပါတယ်။ တစ်ချိန်က video ဇာတ်ကားတွေနဲ့သိခဲ့ကြပြီး ခုမှာတော့လူမှုကွန်ရက်မှာပါပိုလူသိများလာတာပါ။ သူတို့နှစ်ယောက်ဟာအမြဲပျော်ပျော်နေတက်သူတွေဖြစ်တာကြောင့်လည်းပရိသတ်တွေကပိုချစ်နေရတာပါ။ အခုမှာလည်း ထိုင်နေတဲ့ဆုမြတ်နိုးဦးတစ်ယောက်ကိုကျော်ကျော်သွားစလိုက်တာဖြစ်ပါတယ်။ ဆုမြတ်နိုးဦးကလည်းသိုင်းကွက်တွေနဲ့ပြန်ချပြီးစနောက်နေကြတာဖြစ်ပါတယ်။ ဘယ်လိုတောင်စနောက်ပျော်နေလဲဆိုတာကတော့အောက်ကvideo လေးကိုကြည့်ပြီးရယ်မောကြပါဦးနော်။

ခက်ခဲတဲ့ အချိန်ကာလအတွင်းမှာတောင် ပိုက်ဆံတွေ ကြိုးစားရှာဖွေပြီး အိမ်သစ်လေးတစ်လုံးရအောင် ဝယ်ယူနိုင်ခဲ့တဲ့ ဖြိုးမြတ်အောင်- clone

Myanmar Idolပြိုင်ပွဲကနေ winnerဖြစ်ပြီးတော့အောင်မြင်ခဲ့တာကတော့ အဆိုတော်ဖြိုးမြတ်အောင်ပဲဖြစ်ပါတယ်။ပရိသတ်အားပေးမှုအများဆုံးအဆိုတော်တစ်ယောက်ဖြစ်ပြီး လူကြီးလူငယ်မရွေးအားပေးခဲ့ကြတာပါ။ သူ့ရဲ့အောင်မြင်မှုတွေကလည်းယနေ့တိုင်အားပေးမှုတွေရှိနေတာပါ သူ့ဘဝရဲ့တစ်ကိုယ်တော်အခွေလေးကိုလည်းထွက်နိုင်အောင်ကြိုးစားခဲ့ပြီးဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်းသူဝါသနာပါတဲ့ အနုပညာတွေကိုကြိုးစားနေတာပါ။ သူဟာရိုးသားမှုတွေကြောင့်လည်းခုလိုအောင်မြင်နေရာရလာတာပါ။ ခုမှာလည်းသူရဲ့ကြိုးစားမှုတွေနဲ့တည်ဆောက်ထားတဲ့အိမ်လေးကိုပြလိုက်တာပါ။ အကောင်းဆုံးနားခိုဖို့အတွက်ဆိုပြီး သူအိမ်လေးကိုသေချာတည်ဆောက်ထားတာပါ။ ပရိသတ်တွေလည်းအိမ်ကြီးဘယ်လောက်ခန်းနားလဲဆိုတာကတော့အောက်ကပုံရိပ်လေးတွေကိုကြည့်ပေးကြပါဦးနော်။