ကလေးတစ်ယောက်လို ဟန်ဆောင်မှုကင်းမဲ့စွာ မုန့်စားနေတုန်း ဗီဒီယိုခိုးရိုက်နေတာကို မြင်သွားတာကြောင့် ရှက်သွေးဖြာသွားတဲ့ ထက်ထက်မိုးဦး

ထက်ထက်မိုးဦးဆိုတာနဲ့ ယနေ့ခေတ်လူငယ်တွေကပါ အားပေးချစ်ခင်နေရတဲ့ သူတစ်ယောက်ပါ။ အနုပညာလောကမှာနှစ်ပေါင်းများစွာကြာအောင်မြင်မှုတွေရရှိထားသူပါ။ နှစ်အတော်ကြာပရိသတ်ရှေ့ကနေလည်းပျောက်ကွယ်ခဲ့ပြီး မကြာခင်နှစ်အနည်းငယ်ကမှပရိသတ်ရှေ့ပြန်ရောက်လာခဲ့တာပါ။ ပရိသတ်တွေကလည်းသူမအနုပညာလောက ကိုပြန်ရောက်ချိန်မှာတင်အားပေးမှုတွေများနေခဲ့တာပါ။ အခုမှာတော့သူမဟာ live လေးလွှင့်စျေးရောင်းနေတာပါ။ သူမlive လေးတွေကလည်းပရိသတ်အားပေးမှုအပြည့်နဲ့အောင်မြင်နေတာပါ။ လူမှုကွန်ရက်ကနေလည်းပုံရိပ်လေးတွေ video လေးတွေကိုတင်ပေးလေ့ရှိတာပါ။ ခုမှာလည်းသူမဟာ ကလေးလေးတစ်ယောက်လိုရေခဲမုန့်စားနေတာကို video ရိုက်ထားတာသိပြီးရှက်သွားခဲ့တာပါ။ ဘယ်လိုတောင်ရှက်သွေးဖြာသွားလဲဆိုတာကတော့အောက်ကvideo လေးကိုကြည့်ပြီးချစ်ပေးကြပါဦးနော်။

အလုပ်နားချိန်လေးမှာ တူမလေးရဲ့ဆိုင်ကယ်ပေါ်တက်ပြီး ကလေးနဲ့အတူ ဆော့ကစားပေးနေတဲ့ ပီလာ့အဒေါ်ရဲ့ဗီဒီယိုဖိုင်

ချစ်စရာကောင်းတဲ့သမီးလေးvideo လေးတွေတင်ရင်းပရိသတ်တွေချစ်နေရတာကတော့ချမ်းချမ်းပဲဖြစ်ပါတယ်။သူမကတော့သမီးလေးကိုပဲအချိန်ပေးရင်းပျော်ရွှင်စရာအချိန်လေးကိုဖြတ်သန်းနေတာပါ။ ပရိသတ်တွေကလည်းသမီးလေးရဲ့video လေးကိုကြည့်ပြီးချစ်နေရတာပါ။ သမီးလေးကလည်း ကစားတက်တဲ့အရွယ်လေးကိုရောက်နေတာပါ။ မေမေနဲ့အများဆုံးဆော့ကစားနေတာဖြစ်ပြီးဖေဖေအားလပ်ချိန်လေးတွေမှာလည်းဆော့ကစားနေတာပါ။ တီတီတို့ရဲ့အသည်းကျော်လည်းဖြစ်ပြီး ချစ်နေရတာပါ။ အခုမှာလည်း သမီးလေးဟာ တီတီနဲ့တူတူဆော့ကစားနေတာပါ။ တီတီနဲ့တူတူကလေးကစားစရာကားလေးကိုတူတူစီးနေရင်းပျော်ရွှင်နေတာပါ။ တူကြီးနှစ်ယောက်ဘယ်လိုတောင်ဆော့နေလဲဆိုတာကတော့အောက်ကvideo လေးကိုကြည့်ပြီးချစ်ပေးကြပါဦးနော်။

မကြာခင် လူ့လောကထဲသို့ ရောက်လာတော့မယ့် ရင်သွေးလေး အပျင်းပြေအောင် ရေကန်ထဲမှာ ရေစိမ်ရင်း ဗိုက်လေးကို ပွတ်ပေးနေတဲ့ အိမ့်ချစ်

လက်ရှိမှာ ပျော်ရွှင်စရာအိမ်ထောင်ရေးလေးကို ခင်ပွန်းနဲ့တူတူဖြတ်သန်းနေတာကတော့ အဆိုတော်အိမ့်ချစ်ပဲဖြစ်ပါတယ်။ သူမကတော့နိုင်ငံကျော် အဆိုတော်တစ်ယောက်ဖြစ်ပြီး ပရိသတ်အချစ်တွေလည်း သိမ်းပိုက်ထားနိုင်တာဖြစ်ပါတယ်။ အိမ်ထောင်ကျပြီး နောက်ပိုင်းမှာလည်း ပရိသတ်က ပိုချစ်နေရတာပါ။ ခင်ပွန်းရဲ့အချစ်တွေကြောင့်လည်း သူမကို အားကျနေရတာ ဖြစ်ပါတယ်။ သူမဟာ သူတို့ရဲ့ပထမဆုံးသောရင်သွေးလေးကိုလည်း လွယ်ထားရတာဖြစ်ပါတယ်။ နှစ်ယောက်လုံးကလည်းရင်သွေးလေးအတွက် စိတ်လှုပ်ရှားနေကြတာပါ။ ရင်သွေးလေးကို လွယ်ထားရတာကြောင့် စိတ်ချမ်းသာစရာတွေနဲ့ပဲဖြတ်သန်းနေတာပါ။ အခုမှာလည်း မမဗိုက်တစ်ယောက် ရေကန်လေးမှာ ရေစိမ်နေတာဖြစ်ပါတယ်။ မတွေ့ရတာကြာပြီဖြစ်တဲ့မမဗိုက်ရဲ့video လေးကိုကြည့်ပြီးပရိသတ်တွေလည်း ချစ်ပေးကြပါဦးနော်။

ကင်မရာရှေ့မှာ အိုင်တင်လုပ်ရမှာ အရမ်းရှက်တဲ့အမေနဲ့အတူ ကြော်ငြာလေးတစ်ခုရိုက်ကူးထားတဲ့ မေတိုးခိုင်ရဲ့ဗီဒီယိုဖိုင်

မေတိုးခိုင်ဆိုတာနဲ့ချစ်စရာကောင်းတဲ့ပုံရိပ်လေးတွေပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ သူမကတော့နိုင်ငံကျော်သရုပ်ဆောင်ညအိန္ဒြာကျော်ဇင်ရဲ့တူမလေးပဲဖြစ်ပါတယ်။ မိန်းကလေးပရိသတ်တွေရဲ့အားပေးမှုတွေများစွာလည်းရရှိထားသူတစ်ယောက်ပါ။ အောင်မြင်တဲ့သူတစ်ယောက်ဖြစ်ပေမယ့်ပြီးခဲ့တဲ့နှစ်အတွင်းက နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် အချိန်တော်ကြာထိန်းသိမ်းခံခဲ့ရတာဖြစ်ပါတယ်။ မကြာခင်ကမှလွတ်မြောက်ခဲ့တာဖြစ်ပြီးပရိသတ်တွေပျော်ရွှင်ခဲ့ရတာပါ။လွတ်မြောက်ပြီးချင်းပရိသတ်တွေမျှော်နေခဲ့ပေမယ့်အနားယူရင်းမိသားစုကိုအချိန်ပေးနေခဲ့တာပါ။ နောက်ပိုင်းမှာတော့အနုပညာအလုပ်တွေကိုလည်းပြန်လည်လုပ်နေတာပါ။ ယခုမှာလည်းသူ့ဘဝရဲ့ထူးခြားတဲ့ရိုက်ကွင်းလေးမှာပုံလေးတွေရိုက်ကူးနေတာပါ။ သူနဲ့အတူချစ်ရတဲ့မေမေနဲ့တူတူ ကြော်ငြာလေးတွေရိုက်​နေတဲ့video လေးကိုလည်းပရိသတ်တွေအတွက်တင်ဆက်ပေးလိုက်ပါရပါတယ်။