စားဝတ်နေရေး အခက်အခဲကြုံတွေ့နေသော ပြည်သူတစ်ချို့ကို တစ်သောင်းတန် အုပ်လိုက်ကိုင်ပြီး ဝေပေးရင်းကုသိုလ်ယူခဲ့တဲ့ နေတိုး

တစ်ချိန်ကမြန်မာနိုင်ငံမှာပရိသတ်အားပေးမှုတွေနဲ့ထိပ်တန်းမင်းသားတစ်ယောက်ဖြစ်ခဲ့တာကတော့ သရုပ်ဆောင်နေတိုးဖြစ်ပါတယ်။ လူငယ်လူရွယ်မရွေး ယောက်ျားလေးပရိသတ်တွေပါအားပေးခဲ့ကြတာဖြစ်ပါတယ်။ ဒါကြောင့်လည်းအအောင်မြင်ဆုံးအဖြစ်ရပ်တည်နေတာပါ။ ဒါမယ့်နိုင်ငံရေးအခြေနေတွေမတည်ငြိမ်ဖြစ်ပြီးနောက်ပိုင်းမှာတော့သူ့ကိုဝေဖန်သူတွေများလာခဲ့တာပါ။ ဒါကြောင့်လည်းအားပေးသူပရိသတ်တွေသိသိသာသာကိုကျဆင်းခဲ့တာပါ။ မကြာသေးခင်ကလည်း သူချစ်တဲ့ချစ်သူနဲ့လက််ထပ်ခဲ့ပြီး လူမှုကွန်ရ​က်မှာလူပြောများခဲ့တာပါ။ သူဟာပရိသတ်ရှေ့ကနေအချိန်တော်ကြာပျောက်သွားခဲ့တာပါ။ ခုမှာတော့သူ့ရဲ့လူမှုကွန်ရက်ကနေပြီးတော့ ဒီနေ့ပြုလုပ်သောဒါနကုသိုလ်အမျှပေးဝေပါသည်ဆိုပြီးတစ်သောင်းတန်အုပ်လိုက်ပုံလေးတင်ထားတာပါ။ ချစ်နေသေးတဲ့ပရိသတ်တွေလည်းသူ့ရဲ့အလှူလေးကိုသာဓုခေါ်နိုင်ကြောင်းတင်ဆက်ပေးလိုက်ရပါတယ်။

အရင်က ထားခဲ့ဖူးတဲ့ ရည်းစားဟောင်းတွေပါ အားကျသွားအောင် ချစ်သူလေးရဲ့ဂုတ်ပေါ်ခွစီးပြီး ရိုပြလိုက်တဲ့ သင်ဇာဝင့်ကျော် 

ချစ်သူလေးနဲ့အတူပျော်ရွှင်စရာအချိန်လေးတွေကိုဖြတ်သန်းနေတာကတော့ ပရိသတ်အချစ်တော်သင်ဇာဝင့်ကျော်ပဲဖြစ်ပါတယ်။ မသိသူမရှိလောက်အောင်ချစ်ခင်အားပေးမှုတွေပြည့်နှက်နေသူတစ်ယောက်လည်းဖြစ်ပါတယ်။သူမရဲ့အလှတွေကလည်းယနေ့ချိန်ဆွဲဆောင်နေတုန်းပါ။ သူမဟာ သူမရဲ့ချစ်သူကိုတရားဝင်ချပြပြီးနောက်ပိုင်းခရီးတွေတူတူထွက်နေတာဖြစ်ပါတယ်။ ပုံရိပ်လေးတွေတိုင်းကိုလည်းလူမှုကွန်ရက်ကနေတင်ပေးလေ့ရှိပြီးပရိသတ်တွေအားကျနေရတာပါ။ လူမှူကွန်ရက်ကြားမှာသူတို့ပုံရိပ်တွေကရေပန်းစားနေတာဖြစ်ပါတယ်။ ခုမှာလည်းနှစ်ယောက်တူတူခရီးတွေထွက်ရင်း မတ်မတ်တစ်ယောက်မောင်လေးနဲ့ကြည်နူးနေတာပါ။ Thx for everything my lovely black babe ဆိုပြီးသူတို့ပုံရိပ်လေးတွေကိုတင်ထားတာပါ။ ဘယ်လိုတောင်ရိုနေလဲဆိုတာကတော့အောက်ကပုံရိပ်လေးတွေကြည့်ပြီးချစ်ပေးကြပါဦးနော်။

အချစ်ရဆုံး အစ်မရဲ့မွေးနေ့အတွက် ဘယ်ချိန်ကြည့်ကြည့် အမြဲအမှတ်ရနေမယ့် ပုံလေးတစ်ပုံဖြင့် ဆုတောင်းပေးခဲ့တဲ့ ငွေမှုန်ရတီ 

ရွှေမှုန်ဆိုတာနဲ့ ပရိသတ်တွေဝိုင်းချစ်နေရတဲ့မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ အသက်ငယ်ငယ်လေးနဲ့အောင်မြင်မှုတွေများစွာရရှိထားသူတစ်ယောက်လည်းဖြစ်ပါတယ်။ ပရိသတ်တွေအားကျရတဲ့ပျော်ရွှင်စရာအိမ်ထောင်ရေးလေးကိုလည်းပိုင်ဆိုင်ထားတာပါ။ ရွှေမှုန်ရတီဟာ သူမှာနောက်ထပ်ချစ်ရတဲ့ ညီမလေးလည်းရှိပါသေးတယ်။ သူမကတော့ပရိသတ်တွေနဲ့မစိမ်းတဲ့ ငွေမှုန်ရတီပဲဖြစ်ပါတယ်။ သူမကတော့အနုပညာအလုပ်တွေသိပ်မလုပ်ပေမယ့် တစ်ခါတရံသီချင်းလေးတွေဆိုနေတာပါ။ သူ့အသံကြောင့်လည်းပရိသတ်တွေအားပေး​နေရတာဖြစ်ပါတယ်။ ညီမနှစ်ယောက်ပုံရိပ်လေးတွေကိုလည်းလူမှုကွန်ရက်မှာတင်ပေးလေ့ရှိပြီး ခုမှာလည်းအမဖြစ်သူကိုမွေးနေ့ဆုတောင်ပေးထားတာပါ။ သူတို့နှစ်​ယောက်လေဆိပ်မှာရိုက်ထားတဲ့ပုံလေးနဲ့wishလုပ်ထားတာဖြစ်ပြီး ပရိသတ်တွေလည်းဆုတောင်းစကားလေးတွေပြောပေးကြပါဦးနော်။

လက်ရှိမိန်းမကို ရှင်းထုတ်ပြီး နောက်မိန်းမထပ်ယူနိုင်မယ့် နည်းလမ်းကောင်းလေးကို ယောကျာ်းထုကြီးအတွက်မျှဝေပေးလိုက်တဲ့ စိန်ဖြိုးလှိုင် 

ပရိသတ်တွေကိုအမြဲပျော်ရွှင်စေတဲ့video လေးတွေနဲ့ဖျော်ဖြေပေးနေတာကတော့ စိန်ဖြိုးလှိုင်တို့ဇနီးမောင်နှံပဲဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာတစ်ယောက်အလစ်ကိုတစ်ယောက်ဆေးထိုးလေ့ရှိတာပါ။ ဆေးထိုးတဲ့video လေးတွေကိုလည်းလူမှုကွန်ရက်မှာတင်ပြီးစနောက်လေ့ရှိတာပါ။ အဲ့တာကြောင့်လည်းသူတို့နှစ်ယောက်ကိုကြည့်ပြီးချစ်နေရတာပါ။ သူတို့ဟာSocial Mediaမှာ အားပေးသူပရိသတ်တွေများစွာရရှိကာအောင်မြင်နေသူဖြစ်ပါတယ်။ ခုမှာလည်းစိန်ဖြိုးတစ်ယောက်ဆေးထိုးတဲ့video လေးကိုတင်ထားတာပါ။ နောက်မိန်းမဘယ်လိုယူရမလဲဆိုပြီးတော့ ဒူးရင်းသီးကိုအုန်းနို့စမ်းပြီး ရီကိုကျွေးလိုက်တာဖြစ်ပါတယ်။ သွေးတိုးစေတဲ့အစားစာဖြစ်တာကြောင့်ရီတစ်ယောက်အိပ်ပျော်သွားခဲ့တာပါ။ ဘယ်လိုတောင်စနောက်ထားလဲဆိုတာကတော့အောက်ကvideo လေးကိုကြည့်ပြီးချစ်ပေးကြပါဦးနော်။

အကျဉ်းထောင်ထဲမှာ မွေးနေ့ကို နာကျင်စွာဖြင့် ဖြတ်သန်းရမယ့် ပိုပိုရဲ့ခံစားချက်တွေကို နားလည်ကြောင်း ဖွင့်ဟပြောပြလာတဲ့ ပိုင်တံခွန် 

ပိုပိုဆိုတာနဲ့အနုပညာလောကမှာအောင်မြင်မှုတွေများစွာရရှိထားသူတစ်ယောက်ပါ။ မိန်းကလေးတွေအကြိုက်သီချင်းလေးတွေနဲ့ပရိသတ်ရင်ထဲရောက်လာသူပါ။ မတရားမှုကိုလက်မခံပဲအမှန်တရားအတွက်တိုက်ပွဲဝင်နေသူတစ်ယောက်ဖြစ်ပါတယ်။ သူမကတော့ခုမှာနိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် ဖမ်းဆီးထိန်းသိမ်းခံနေရတာဖြစ်ပါတယ်။ လွတ်မြောက်မယ့်သတင်းတွေအကြိမ်ကြိမ်ထွက်ပေါ်လာခဲ့ပေမယ့်လည်းခုထိတော့မလွတ်မြောက်သေးပါဘူး။ ပရိသတ်တွေကလည်းမျှော်နေရင်းနဲ့စိတ်ပူနေရတာပါ။ ဒီနေ့ကတော့သူမရဲ့မွေးနေ့လေးပဲဖြစ်ပါတယ်။ သူမမွေးနေ့လေးမှာတော့ ထိန်းသိမ်းခံရပြီးမကြာခင်ကမှလွတ်မြောက်ခဲ့တဲ့ပိုင်တံခွန်ကလည်းခုလိုဆုတောင်းပေးခဲ့တာပါ။ Happy Birthday Ma Po Po  မွေးနေ့ကို အထဲမှာ ဖြတ်သန်းရတာ ဘယ်လောက်နာကျင်ရလဲ ကျနော်အသိဆုံးပါ  ကျန်းကျန်းမာမာနဲ့ အမြန်ဆုံးပြန်ထွက်လာနိုင်ပါစေလို့ အမြဲ ဆုတောင်းပေးနေပါတယ်  အပြင်ပြန်ရာက်လာရင် ငါ့တို့မောင်နှမတွေ အရင်လို အလုပ်လေးတွေပြန်လုပ်ရင်း လိပ်ပြာသန့်သန့် နဲ့  မိသားစု နှင့်  ပတ်ဝန်းကျင်ကို အကျိုးပြုနိုင်အောင် ကြိုးစားကြမယ်  အားတင်းထားပါ ငါ့အမဆိုပြီးဆုတောင်းပေးခဲ့တာပါ။