တစ်သက်မှာ တစ်ခါပဲ ချစ်ခဲ့ဖူးတဲ့ ချစ်သူလေးကို အခွီဗီဒီယိုလေး ပြုလုပ်ပြီး စနောက်ကျီစယ်နေတဲ့ ဆိုဖီယာ

Myanmar Idol ပြိုင်ပွဲကနေပရိသတ်တွေအားပေးမှုကိုရရှိကာအောင်မြင်လာတာကတော့ ဆိုဖီယာပဲဖြစ်ပါတယ်။သူမရဲ့အမိုက်စားအသံတွေကြောင့်ပဲ ပရိသတ်တွေအားပေးမှုရရှိနေတာပါ။ MTVတိုင်းဟာလည်း ထူးခြားတဲ့ရိုက်ကူးပုံရိပ်တွေကြောင့် ပရိသတ်တွေကြားသူ့သီချင်းထွက်တိုင်းရေပန်းစားနေတာပါ။ ခုနောက်ပိုင်းမှာတော့သူမဟာ အနုပညာအလုပ်တွေနဲ့ဝေးကွာသွားခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာလည်း ဒူဘိုင်းမှာနေထိုင်နေတာပါ။ လူမှုကွန်ရက်ကနေပုံရိပ်လေးတွေတင်ပေးလေ့ရှိတာကြောင့်လည်းပရိသတ်တွေနဲ့မပြတ်ပဲရှိနေရတာပါ။ သူမဟာ ပျော်ရွှင်စရာကောင်းတဲ့ relationship လေးကိုလည်းပိုင်ဆိုင်ထားတာပါ။ သူမရဲ့ချစ်သူလေးကိုစနောက်နေတဲ့video လေးတွေလည်းတင်ပေးလေ့ရှိတာပါ။ ခုမှာလည်း ချစ်သူလေးနဲ့တူတူ ဆော့ထားတဲ့Tiktok video လေးကိုလည်းပရိသတ်တွေအတွက်တင်ဆက်ပေးလိုက်ရပါတယ်။

ခင်ပွန်းရဲ့ငယ်ငယ်က ရုပ်လေးနဲ့ ခွဲမရအောင် တူလွန်းတဲ့ သားလေးရဲ့မျက်နှာလေးကို တစိမ့်စိမ့်ကြည့်ရင်း အချစ်ပိုနေတဲ့ စုစုဝေ

ပရိသတ်တွေအားကျရတဲ့အတွဲလေးဖြစ်တဲ့ Mikis Weber နဲ့စုစုဝေတို့ကတော့ ခုမှာ သားဦးလေးကိုပိုင်ဆိုင်ခဲ့ပြီဖြစ်ပါတယ်။ ပထမဆုံးရင်သွေးလေးဖြစ်တာကြောင့်လည်း ချစ်မဝဖြစ်နေကြတာပါ။ သားလေးမမွေးဖွားချိန်ကတည်းက သူတို့နှစ်ယောက်ဟာရင်ခုန်စိတ်လှုပ်ရှားနေကြတာပါ။ ခုမွေးဖွားပြီးချိန်မှာလည်း သားလေးကိုချစ်မဝဖြစ်နေရတာပါ။ သားလေးရဲ့ပုံရိပ်လေးတွေကိုလည်းလူမှုကွန်ရက်ကနေပရိသတ်တွေအတွက်တင်ပေးလေ့ရှိတာပါ။ ပရိသတ်တွေကလည်းသားလေးရဲ့ပုံရိပ်တွေ အမေဖြစ်သူရဲ့ ပီတိလေးတွေကိုကြည့်ပြီးကြည်နူးနေရတာပါ။ ခုမှာလည်း သားလေးကိုဘယ်လောက်ချစ်လဲဆိုတဲ့ခံစားချက်လေးကိုပြောပြထားတာပါ။ တစ်နေကုန်ထိုင်ပြီးတစိမ့်စိမ့်ကြည့် နှာဖူးကခြေဖျားထိအောင်ချစ်တယ် သားသမီးရလာမှမိဘတိုင်းခံစားရတဲ့အချစ်မျိုးဆိုပြီးပြောပြခဲ့တာပါ။ သားလေးကိုဘယ်လောက်တောင်တစိမ့်စိမ့်နဲ့ချစ်မဝဖြစ်နေလဲဆိုတာကတော့အောက်ကပုံရိပ်လေးကိုကြည့်ပြီးချစ်ပေးကြပါဦးနော်။

မေမေကိုယ်တိုင် တီထွင်ပေးထားတဲ့ လှည်းလေးပေါ်မှာထိုင်ပြီး  ခြံထဲပတ်စီးရတာကို သဘောတွေကျနေတဲ့ ပီလာလေးရဲ့ဗီဒီယိုဖိုင်

ချစ်စရာကောင်းတဲ့သမီးလေးရဲ့ပုံရိပ်လေးတွေအမြဲတင်ပေးလေ့ရှိတာကတော့ ချမ်းချမ်းပဲဖြစ်ပါတယ်။ သူမဟာနိုင်ငံခြားမှာမိသားစုနဲတူတူပျော်ရွှင်စရာအချိန်လေးတွေဖြတ်သန်းနေတာပါ။ ပရိသတ်တွေချစ်ရတဲ့နိုင်ငံကျော်အဆိုတော်တစ်ယောက်လည်းဖြစ်ပါတယ်။ သူမဟာနိုင်ငံခြားမှာနေထိုင်ပေမယ့်လူမှုကွန်ရက်ကပရိသတ်နဲ့မပြတ်ရှိနေတာပါ။ ပရိသတ်တွေကလည်းသမီးလေးရဲ့ပုံရိပ်video လေးတွေကိုကြည့်ပြီးချစ်မဝဖြစ်နေရတာပါ။ သမီးလေးဟာ ဆော့ကစားတက်တဲ့အရွယ်လေးဖြစ်တာကြောင့် အမေနဲ့တူတူအမြဲကစားလေ့ရှိတာပါ။ သမီးလေးရဲ့တီတီတွေကလည်း အလုပ်ပြန်တာနဲ့သမီးလေးနဲ့ကစားပေးနေတာပါ။ ခုမှာလည်းခြံထဲကမြက်ခင်းလေးမှာ မေမေကိုယ်တိုင်လုပ်ပေးထား တဲ့လှည်းလေးနဲ့ကစားနေတာပါ။ သားမိနှစ်ယောက်ဘယ်လောက်ကြည်နူးဖို့ကောင်းလဲဆိုတာကတော့အောက်ကvideo လေးကိုကြည့်ပြီးချစ်ပေးကြပါဦးနော်။e

ချစ်ဇနီးလေးရဲ့မွေးရပ်မြို့လေးမှာ ခမ်းနားကြီးကျယ်လွန်းလှတဲ့ မင်္ဂလာပွဲလေးဖြစ်အောင် အပင်ပန်းခံပြီး စီစဉ်ပေးခဲ့တဲ့ ရဲနောင်

Myanmar Idolကနေပြီးတော့ပရိသတ်တွေသတိထားမိလာတာကတော့ ရဲနောင်ပဲဖြစ်ပါတယ်။ သူဟာအစပိုင်းမှာဝေဖန်မှုတွေတော်တော်များများခံခဲ့ရတာဖြစ်ပါတယ်။ နောက်ပိုင်းမှာမှ ပရိသတ်တွေလက်ခံလာကာအောင်မြင်လာတာပါ။ ဂီတကို မြတ်နိုးပြီး သီချင်းတွေအတွက်အမြဲကြိုးစားနေသူတစ်ယောက်ပါ။ ဒါကြောင့်လည်းပရိသတ်အားပေးမှုတွေများစွာရရှိကာအောင်မြင်လာခဲ့တာလည်းဖြစ်ပါတယ်။ ခုမှာတော့သူဟာချစ်ရတဲ့ချစ်သူလေးနဲ့ လက်ထပ်ခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့လက်ထပ်ပွဲလေးကိုတော့မူဆယ်မြို့မှာကျင်းပခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကတည်းက Pre Weeding ပုံရိပ်တွေ လက်မှတ်ထိုးပွဲပုံရိပ်တွေကပရိသတ်တွေကြားမှာရေပန်းစားခဲ့တာပါ။ ခုမှာလည်း မဂ်လာပွဲလေးမှာနှစ်ယောက်ဘယ်လိုတောင်လိုက်ဖက်ညီပြီးလှနေလဲဆိုတာအောက်ကပုံရိပ်လေးတွေကိုကြည့််ပြီးချစ်ပေးကြပါဦးနော်။

ယောက္ခမခြံထဲမှာ သီးနေတဲ့ ဒူးရင်းသီးတွေကို ကိုယ်တိုင်ခွဲပြီး အားရပါးရ စားပြနေတဲ့ ရီရီပွင့်ဖြူရဲ့ဗီဒီယိုဖိုင်

စိန်ဖြိုးလှိုင်နဲ့ရီတို့ဟာအမြဲပရိသတ်တွေကိုရယ်မောအောင်ဖျော်ဖြေပေးသူတွေဖြစ်ကြပါတယ်။ သူတို့ဟာ အစတုန်းကပရိသတ်တွေသိပ်သထိမထားမိကြပေမယ့်နောက်ပိုင်းမှာအားပေးမှုတွေရလာတာပါ။ ခုမှာတော့ပရိသတ်အချစ်တွေအများဆုံးရရှိထားသူတွေအဖြစ်ရပ်တည်နေနိုင်ပြီဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာအမြဲတစ်ယောက်ကိုတစ်ယောက်ဆေးထိုးစနောက်လေ့ရှိတာပါ။ သူတို့video လေးတွေကိုကြည့်ပြီးပဲပရိသတ်တွေကရယ်မောနေရတာပါ။ ဟာသvideo လေးတွေအပြင် vlog videoလေးတွေကိုပါတင်ဆက်ပေးနေတာပါ။ ခုမှာလည်းသူတို့ပိုင်တဲ့ဒူးရင်းသီးခြံကိုသွားရောက်တဲ့video လေးကိုတင်ထားတာပါ။ ဒူးရင်းသီးခူးပုံတွေ နှစ်ယောက်တူတူ ဒူးရင်းသီးစားနေတဲ့vlogလေးကလည်းကြည်နူးပြီးချစ်ဖို့ကောင်းနေတာပါ။ ပရိသတ်တွေလည်းသူတို့video လေးကိုကြည့်ပြီးအားပေးကြပါဦးနော်။