မင်းသမီးဖြစ်နေပြီး ဝိတ်မထိန်းဘူးလို့ ပြောတဲ့သူတွေကို သူမကြုံခဲ့ရတဲ့အဖြစ်ပျက်တွေနဲ့ ပြန်ပြီးရှင်းပြလိုက်တဲ့မြတ်သူသူ

MRTV-4ဇာတ်လမ်းလေးကနေ ခုချိန်မှာနိုင်ငံကျော်မင်းသမီးတစ်ယောက်အဖြစ်ရပ်တည်နေနိုင်တာကတော့ မြတ်သူသူပဲဖြစ်ပါတယ်။ အချိန်တိုအတွင်းအောင်မြင်မှုတွေများစွာရရှိခဲ့တာကြောင့် မနာလိုသူတွေရဲ့တိုက်ခိုက်ခြင်းကိုအမြဲခံနေရတာပါ။ ဒါမယ့်လည်း ဂရုမစိုက်ပဲရင်ဆိုင်ရင်းကြိုးစားနေတာပါ။ လူမှုကွန်ရက်လေးမှာပုံရိပ်လေးတွေအမြဲတင်ပေးလေ့ရှိပြီးအမြဲချစ်နေရတာပါ။ ခုမှာလည်း သူမကိုဝတယ်ပြောတဲ့သူတွေကို သူမကြုံခဲ့ရတဲ့အဖြစ်ပျက်တွေနဲ့ပြန်ပြီးရှင်းပြလိုက်တာဖြစ်ပါတယ်။ စိတ်ထဲပြောပြချင်တာလေးရှိလို့ ဒီပိုစ့်လေးတခုတင်ပါရစေနော်  ဘဝတူလေးတွေရှိရင် စိတ်ကြိုက် Share လို့ရပါတယ် ။မြတ်သူကိုတွေ့ရင် အမအရမ်းဝလာတာပဲ ဒီအတိုင်းနေတော့မှာလားတို့ ဘယ်လိုပုံကြီးဖြစ်သွားတာလဲတို့ အရင်ကပိန်တယ်နော် စသည်ဖြင့်အမျိုးမျိုးသော အားပေးကဲ့ရဲ့စကားပေါင်းစုံအတွက် နောက်လမှာ ဝိတ်ပြန်ချပြပါမယ်။ မြတ်သူအခု ဝလာပါတယ် မှန်ပါတယ်။ ဘဝမှာ အခုအသက်အရွယ်ထိ အဝဆုံးကာလတွေလို့ပြောလို့ရပါတယ်။အရင်က ပေါင်ချိန် (၁၂၀) က အလွန်ဆုံးပေမယ့် အခု ပေါင်ချိန် (၁၄၅) ရှိပါတယ် မြတ်သူကရော အနုပညာအလုပ်လုပ်နေတဲ့သူတယောက်ဖြစ်နေရက်နဲ့ ဒီလောက်ဝလာတာကို လိုချင်နေပါ့မလားဘာလို့ခုလောက်ထိ ဝသွားလဲအဖြေကို အရင်ကမရှင်းပြချင်ခဲ့လို့ ဝလာတယ်ပြောရင် စိတ်ချမ်းသာလာလို့ပဲ ရီမောပြီးဖြေခဲ့ပါတယ် ရင်ထဲမှာခံစားရတာတော့အမှန်ပေါ့လေ။ဒီနှစ်ထဲမှာ မြတ်သူတို့မိန်းကလေးသဘာဝဓမ္မတာလာတဲ့ကိစ္စတွေကို သတိမထားပဲခေါင်းလျှော်တာမျိုးတွေကို နှစ်ချီလုပ်ခဲ့မိလို့ သွေးလုံးတည်ပြီး ခွဲစိပ်မှုလုပ်ခဲ့ရပါတယ်။ကိုဗစ်ကာလအတွင်းဆေးရုံတက်ခဲ့ရတာမို့ ကိုယ်ခံအားနည်းမှာကြောက်လို့ အစားလည်းမရှောင်ခဲ့ရပါဘူး ဒါပေမယ့် အခုထိ ထမင်းအစားထိုးပြီး ဝဥကြာဆံပဲစားနေတာပါ  ။ဗိုက်နဲ့ချက်မှာ အပေါက်ဖောက်ပြီး ခွဲစိတ်မှုလုပ်ထားရတာမို့ လေ့ကျင့်ခန်းလည်းလုပ်လို့မရပါဘူး ။ဒီကြားထဲသွေးလုံးတည်နေတာက ပေါက်သွားလို့ ရှင်းထုတ်ထားပေမယ့် သားအိမ်နံရံမှာ Spot တွေ ဆက်ရှိနေလို့ ဟော်မုန်းဆေးတွေ သွင်းရပါတယ် ။ဒီအတွက် ဘဝမှာ တခါမှမရောက်ဖူးတဲ့ပေါင်ချိန်အထိရောက်ခဲ့တာပါ ဒါ အရမ်းများထူးဆန်းသွားလို့လားတချို့အမျိုးသမီးတွေဆိုလည်း သူတို့ခန္ဓာကိုယ်ဖွဲ့စည်းပုံအရ ဘယ်လောက်ဝိတ်ချချ မကျတဲ့သူမျိုးတွေရှိကြပါတယ် ဒါ လှောင်စရာလားရှင် လူတယောက်က ဝတာ ပိန်တာထက် ကျန်းမာဖို့ စိတ်ချမ်းသာဖို့ကအဓိကလို့ပဲ မြတ်သူမြင်ပါတယ်။ကိုယ်ကတော့ အလွယ်ပြောလိုက် ကဲ့ရဲ့လိုက်ပေမယ့် ပြောခံရသူနေရာမှာ ဘယ်လိုခံစားရမလဲ ကိုယ်ချင်းစာပေးတတ်ကြရင် သိပ်ကောင်းမှာပဲ။မြတ်သူလည်း နယ်ရောက်နေလို့ ဝိတ်ချဖို့အတွက် မပြင်ဆင်ဖြစ်သေးတာပါ ချစ်လို့ပြောကြတဲ့သူတွေအတွက်လည်း မကြာခင် ရန်ကုန်ပြန်ရောက်တာနဲ့ ဝိတ်ပြန်ချပေးမှာပါ ကဲ့ရဲ့တဲ့သူတွေအတွက်လည်း ကျေးဇူးပါပဲ လူတယောက်ရဲ့ဖြစ်တည်မှု ပိန်တာဝတာထက် လူ့ပတ်ဝန်းကျင်အတွက် အကျိုးမရှိတဲ့သူ မဖြစ်ရင် တော်ပါပြီ ပိန်ပိန်ဝဝ စိတ်ချမ်းသာဖို့အဓိကပါ ကောင်မလေးတို့ရေ ဆိုပြီးရှင်းပြခဲ့တာဖြစ်ပါတယ်။

ယောကျာ်းထုကြီးတစ်ရပ်လုံး အသည်းတွေ ကြွေမွသွားအောင် သူ့ရဲ့ချစ်သူကို ကမ်းခြေမှာ ပွေ့ချီပြီး အပြတ်ရိုပြလိုက်တဲ့ သင်ဇာရဲ့ကောင်လေး

အမိုက်စားခန္ဓာကိုယ်အလှတွေနဲ့ပရိသတ်တွေကိုအမြဲရင်ခုန်အောင်လုပ်နေတာကတော့ သင်ဇာဝင့်ကျော်ပဲဖြစ်ပါတယ်။ ပရိသတ်အားပေးမှုအများဆုံးရရှိထားတဲ့နိုင်ငံကျော်တစ်ယောက်ဆိုလည်းမမှားပါဘူး။ ခုမှာတော့သူမဟာချစ်သူလေးနဲ့အတူပျော်ရွှင်စရာအချိန်လေးတွေကိုဖြတ်သန်းနေတာပါ။ လူမှုကွန်ရက်ကနေ သူမရဲ့ချစ်သူပုံရိပ်လေးတွေကိုတရားဝင်ချပြပြီးတွဲတာပါ။ ပရိသတ်တွေကလည်းသူတို့နှစ်ယောက်ကိုကြည့်ပြီးချစ်နေရတာဖြစ်ပါတယ်။ သင်ဇာဟာ တရားဝင်ချပြပြီးတဲ့အချိန်နောက်ပိုင်းကတည်းက အမြဲလိုလိုချစ်သူလေးနဲ့ပုံရိပ်လေးတွေတင်လေ့ရှိတာပါ။ နှစ်ယောက်တူတူခရီးတွေလည်းသွားကြပြီးပုံရိပ်တိုင်းကအားကျနေရတာပါ။ ခုမှာလည်း ကြီးရင်မှီငယ်ရင်ချီ တွေဘာတွေလာမလုပ်နဲ့ငယ်ရင်လဲချီပဲဆိုပြီးအားကျစေရမယ့်ပုံလေးကိုတင်ထားတာပါ။ ဘယ်လိုတောင်ရိုပြီးချစ်နေကြလဲဆိုတာကတော့အောက်ကပုံရိပ်လေးတွေကိုကြည့်ပြီးချစ်ပေးကြပါဦးနော်။e

ကြိုးစားပမ်းစား စာလုပ်နေတာကို လာနှောင့်ယှက်နေတဲ့ မေမေ့အား အကြီးအကျယ် စိတ်တိုးနေတဲ့ IVY လေးရဲ့ဗီဒီယိုဖိုင်

ချစ်စရာကောင်းတဲ့သမီးလေးနဲ့အတူပျော်ရွှင်စရာကောင်းတဲ့ဘဝလေးကိုပိုင်ဆိုင်ထားတာကတော့ အေသင်ချိုဆွေပဲဖြစ်ပါတယ်။ သူမကတော့တစ်ချိန်ကအောင်မြင်တဲ့အဆိုတော်တစ်ယောက်ဖြစ်ခဲ့ပြီးပရိသတ်အချစ်တော်တစ်ယောက်ပါ။ ယနေ့ချိန်ထိတိုင် ပရိသတ်တွေကြားသူ့သီချင်းလေးတွေနားထောင်နေတုန်းပါ။ သမီးလေးမွေးဖွားပြီးနောက်ပိုင်းအနုပညာအလုပ်တွေနဲ့ဝေးကွာခဲ့ပါတယ်။ ဒါပေမယ့်လည်းလူမှုကွန်ရက်ကနေပရိသတ်တွေနဲ့မပြတ်ခဲ့ပဲ သမီးလေးရဲ့ပုံရိပ်လေးတွေvideo လေးတွေကိုလည်းတင်ပေးလေ့ရှိတာပါ။ ပရိသတ်တွေကလည်းသမီးလေးရဲ့ video လေးတွေပုံရိပ်လေးတွေကြည့်ပြီးချစ်မဝဖြစ်နေကြတာပါ။ ခုမှာလည်း အေသင်တစ်ယောက်သမီးလေးကိုစနောက်နေတာဖြစ်ပါတယ်။ သမီးလေးကလည်းမေမေစနောက်ချိန်မှာ တော့သူလုပ်ချင်တာလုပ်တဲ့အချိန်နဲ့မတူပဲစိတ်ကောက်နေတာပါ။ IVY လေးဘယ်လောက်ချစ်စရာကောင်းလဲအောက်ကvideo လေးကိုကြည့်ပြီးချစ်ပေးကြပါဦးနော်။

နတ်ကန္နားပွဲသို့ လာကြသူများအားလုံးကို တစ်သောင်းတန်အုပ်လိုက်ကိုင်ပြီး ပိုက်ဆံကြဲနေတဲ့ နှိုင်းရှင်မြင့်မိုရ်ရဲ့ဗီဒီယိုဖိုင်

Live Sale လေးတွေနဲ့အောင်မြင်မှုတွေများစွာရရှိနေတာကတော့နှိုင်းယှဥ်မြင့်မိုရ်ပဲဖြစ်ပါတယ်။ပရိသတ်တွေရဲ့အချစ်တွေကိုသိမ်းပိုက်ထားနိုင်သူတစ်ယောက်လည်းဖြစ်ပါတယ်။ ခုမှာတော့ပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေးကိုလည်းပိုင်ဆိုင်ထားတာပါ။ ဗီဒီယိုဇာတ်ကားတွေနားလိုက်ချိန်မှာ စီးပွားရေးတွေအခက်ခဲကြုံခဲ့ရတာပါ။ ခုသူမရဲ့ကြိုးစားမှုတွေကြောင့်ခုလိုပဲအောင်မြင်လာတာပါ။ Live Saleတိုင်းမှာ သိန်းထောင်ချီကျော်ရောင်းချရတာကြောင့် တော်တော်များများရဲ့ချီးကျူးမှုကိုလည်းခံနေရတာပါ။ လူမှုကွန်ရက်ကနေလည်း ပရိသတ်တွေနဲ့မပြတ်အောင်ပုံရိပ်လေးတွေvideo လေးတွေကိုတင်ပေးလေ့ရှိရင်းပရိသတ်တွေချစ်နေရတာပါ။ ခုမှာလည်းနတ်ကနားပွဲတစ်ခုမှာ နှိုင်းယှဥ်တစ်ယောက်ကိုယ်တိုင်ယုံကြည်မှုတွေနဲ့ပါဝင်လှူဒါန်းနေတာပါ။ ပရိသတ်တွေလည်းနှိုင်းယှဥ်ရဲ့video လေးကိုကြည့်ပြီးချစ်ပေးကြပါဦးနော်။