စင်ပေါ်မှာ သီချင်းတက်ဆိုနေတဲ့ မေမေ့ကို အံ့အားသင့်သွားစေမယ့် အရာတစ်ခုလုပ်ပြလိုက်တဲ့ Treasure လေးရဲ့ဗီဒီယိုဖိုင်

ချစ်စရာကောင်းတဲ့သမီးလေးနဲ့အတူပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားတာကတော့ စန္ဒီမြင့်လွင်တို့မိသားစုလေးပဲဖြစ်ပါတယ်။ သမီး​လေးကြောင့်လည်းပိုပြီးချစ်နေရတာဖြစ်ပါတယ်။ ဖေဖေမေမေတို့နဲ့တူအောင်ချစ်စရာကောင်းနေတာပါ။ မေမေဖြစ်သူဟာ သမီးလေးရဲ့video လေးတွေပုံရိပ်လေးတွေကိုလူမှုကွန်ရက်မှာအမြဲတင်ပေးလေ့ရှိတာပါ။ပရိသတ်တွေကလည်း သမီးလေးရဲ့video လေးတွေကိုအမြဲကြည့်ပြီးချစ်နေရတာပါ။ ကင်မရာလေးကိုင်တာနဲ့တင်Postလေးတွေပေးတက်ပြီးချစ်စရာကောင်းနေတာပါ။ ခုမှာလည်းသမီးလေးဟာ မေမေစန္ဒီမြင့်လွင်နဲ့တူတူ စင်ပေါ်တက်ပြီးသီချင်းလေးတူတူဆိုနေတာပါ။ သမီးလေးကိုလက်ဆွဲပီးစင်ပေါ်မှာသီချင်းဆိုရလိမ့်မယ်လို့ အိမ်မက်တောင်မမက်ခဲ့ဘူးဖူး ဒါလေးကတော့ထရက်ရှာ့ရဲ့ပွဲမှာမေမေကSupport  ပေးတဲ့အနေနဲ့ တောင်းဆိုလို့ဆိုပေးခဲ့တာပါ အမှတ်တရအနေနဲ့သိမ်းထားပါရစေနော်။Treasure ကတော့ စင်ပေါ်ကောက်ကခနဲ့တက်လာပီးလုံးဝကိုသီချင်းပီးတဲ့အထိမဆင်းတာနော်ဆိုပြီးချစ်မဝဖြစ်နေရတာပါ။ပရိသတ်တွေလည်း video လေးကိုကြည့်ပြီးချစ်ပေးကြပါဦးနော်။

သူမလိုပဲ မှန်ကြည့်ရတာ ကြိုက်နှစ်သက်တဲ့ သားလေးရဲ့ချစ်စဖွယ်အပြုအမူလေးကို ဗီဒီယိုရိုက်ပြီး မှတ်တမ်းတင်ထားတဲ့ ခိုင်နှင်းဝေ

မိဘမဲ့ကလေးဂေဟာလေးကိုတစ်ဦးတည်းကြိုးစားမှုတွေနဲ့တည်ထောင်ပြီးယခုချိန်မှာ အောင်မြင်နေတာကတော့ခိုင်နှင်းဝေဖြစ်ပါတယ်။ တစ်ချိန်က နိုင်ငံကျော်မင်းသမီးတစ်ယောက်ဖြစ်ပေမယ့်လည်း အောင်မြင်မှုတွေစွန့်ကာပရဟိတအကျိုးအတွက်ဆောင်ရွက်နေတာပါ။ တော်ရုံမလုပ်နိုင်တဲ့အလုပ်မျိုးဖြစ်တာကြောင့်ပရိသတ်တွေချီးကျူးနေရတာပါ။ အစပိုင်းမှာအခက်ခဲတွေများစွာကြုံရပေမယ့်လည်းခုမှာ ရင်သွေးငယ်များဂေဟာကိုပါကြိုးစားပြီးတည်ဆောက်နိုင်ခဲ့တာပါ။ ခုချိန်မှာ သူမွေးစားထားတဲ့ကလေးတွေကိုလည်း အဆင်ပြေပြေထားပြီးစောင့်ရှောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ပရိသတ်တွေကလည်းသူတို့လေးတွေကိုကြည့်ပြီးချစ်နေရတာပါ။ လူမှုကွန်ရက်ကနေလည်းကလေးတွေနဲ့တစ်နေတာလေးတွေ လာရောက်စွန့်ပစ်ခံရတဲ့ကလေးတွေကိုထိန်းကျောင်းပေးတဲ့ video လေးကိုတင်ထားတာပါ။ ခုမှာလည်း မှန်ကြိုက်တဲ့သားသားလေးရဲ့ video လေးကိုတင်ထားတာပါ။ပရိသတ်တွေလည်း ကလေးလေးတွေကိုမိဘရင်းခြာတစ်ယောက်လိုချစ်ပေးလဲဆိုတာကတော့အောက်ကvideo လေးကိုကြည့်ပေးသွားကြပါဦးနော်။

ချစ်စရာကောင်းတဲ့ ကောင်မလေးကို လက်ထပ်ယူနိုင်ခဲ့တဲ့အတွက် ဝမ်းသာမျက်ရည်ကျခဲ့တဲ့ ရဲနောင်ရဲ့ဗီဒီယိုဖိုင်

Myanmar Idol ပြိုင်ပွဲလေးကတော့ပရိသတ်တွေသတိထားမိလာပြီးလူသိများလာတာကတော့ အဆိုတော်ရဲနောင်ပဲဖြစ်ပါတယ်။ သူကတော့အစပိုင်းမှာပရိသတ်တွေရဲ့ဝေဖန်မှုတွေခံခဲ့ရတာပါ။ နောက်ပိုင်းသူ့ရဲ့ ရိုးသားမှုတွေကြောင့်ပဲ ခုချိန်မှာတော့ပရိသတ်ချစ်ရသူတစ်ယောက်ဖြစ်လာခဲ့တာပါ။ အနုပညာအလုပ်တွေလည်းပရိသတ်တွေအတွက်ပိုကြိုးစားနေတာပါ။ ချစ်စရာကောင်းပြီး လိုက်ဖက်ညီတဲ့ ချစ်သူလေးကိုလည်းပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ ဟိုးတလောကလည်း သူတို့နှစ်ယောက်ရဲ့ Pre Weeding ပုံရိပ်တွေကပရိသတ်တွေကြားမှာ အားကျစေခဲ့ရတာပါ။ ခုမှာတော့ပရိသတ်တွေထပ်အားကျရအောင်ပဲ လက်ထပ်သွားခဲ့တာဖြစ်ပါတယ်။ ရဲနောင်တစ်ယောက်ပျော်ရွှင်စရာမင်္ဂဆောင်မှာလည်းနှစ်ယောက်ရဲ့ကြည်နူးမှုတွေကပရိသတ်တွေအားကျစေရတာပါ။ သူတို့နှစ်ယောက်ဘယ်လောက်လိုက်ဖက်ပြီးကြည်နူးစရာကောင်းလဲဆိုတာတော့အောက်ကvideo လေးကိုကြည့်ပြီးချစ်ပေးကြပါဦးနော်။

လူမှုကွန်ရက်ပေါ်သို့ တင်တင်ချင်း နာရီပိုင်းအတွင်းမှာပဲ ကြည့်ရှုသူပေါင်း သိန်းချီသွားခဲ့တဲ့ သင်ဇာဝင့်ကျော်ရဲ့Music Video ဖိုင်

Sexy ကျကျအမိုက်စားခန္ဓာကိုယ်အလှတွေနဲ့ပရိသတ်တွေကိုဆွဲဆောင်နေတာကတော့သင်ဇာဝင့်ကျော်ပဲဖြစ်ပါတယ်။ သူမရဲ့အမိုက်စားခန္ဓာကိုယ်အလှတွေဟာ ယောက်ျားလေးတွေသာမက မိန်းကလေးတွေကပါအားကျနေရတာဖြစ်ပါတယ်။ ဒါကြောင့်လည်းအအောင်မြင်ဆုံးအနုပညာရှင်တစ်ယောက်အဖြစ်ရပ်တည်နေနိုင်တာပါ။ ဘဝကိုလည်းရိုးရှင်းစွာနဲ့လွတ်လပ်စွာနေထိုင်သူတစ်ယောက်ပါ။ ဒါကြောင့်လည်း ဝေဖန်တိုက်ခိုက်မှုတွေကြုံရလေ့သိပ်မရှိတာဖြစ်ပါတယ်။ သူမဟာ မကြာသေးခင်ကလည်း သူမရဲ့ချစ်သူလေးကိုချပြခဲ့ပြီး ပရိသတ်တွေအံ့သြခဲ့ရတာပါ။  ခုမှာလည်းပရိသတ်တွေကိုသူကိုယ်တိုင်သီဆိုပြီးသူမရဲ့ချစ်သူနဲ့သရုပ်ဆောင်ထားတဲ့ MTVလေးကိုချပြလိုက်တာပါ။.Trailer ထွက်လာကတည်းကပရိသတ်တွေစိတ်ဝင်စားနေခဲ့တာပါ။ မနေ့ကတော့ MTVထွက်လာခဲ့ပြီး ဘယ်လိုတွေမိမိုက်နေလဲဆိုတာကတော့အောက်ကvideo လေးမှာကြည့်ပေးသွားကြပါဦးနော်။