ပိုင်ရှင်ရှိမှန်း သိရက်နဲ့ ဖောက်ပြန်တာကို ငြိမ်ခံနေတဲ့ စနှိုက်မတစ်ယောက်ရဲ့အကြောင်းစုံကို ဖော်ထုတ်လိုက်တဲ့ နေဒွေးရဲ့ကောင်မလေး

မကြာခင်ရက်ပိုင်းကတော့နေဒွေးနဲ့သူ့ကောင်မလေးအကြား ကတောက်ကစတွေဖြစ်ခဲ့တာပါ။ နေဒွေးဟာ တစ်ခြားတစ်ယောက်နဲ့ဖောက်ပြန်ခဲ့တယ်ဆိုပြီးသူ့ကောင်မလေးကထုတ်ပြောခဲ့တာပါ။ ဒါကြောင့်ဘာတွေဖြစ်လာမလဲဆိုတာပရိသတ်တွေစိတ်ဝင်စားနေကြတာပါ။ ရှေ့ရက်လေးကလည်း ငွေဆောင်မှာခိုးစားခဲ့တဲ့အကြောင်းလေးကိုလူမှုကွန်ရက်မှာထုတ်ပြောခဲ့တာပါ။ သူတို့ချစ်သူသက်တမ်းတစ်ယောက်အမှတ်တရလက်ဆောင်လေးတွေကိုလည်းအမှိုက်ပုံးထဲပစ်တဲ့video လေးကိုတင်ထားတာပါ။ သူတို့နှစ်​ယောက်ဆက်ဆံရေးဘယ်လိုဖြစ်နေလဲဆိုတာကတော့ခုထိတော့မသိကြသေးတာပါ။  ခုမှာလည်း နေဒွေးကောင်မလေးဟာ ဖောက်ပြန်ခဲ့တဲ့ကောင်မလေးကိုဖုန်းဆက်ခဲ့တဲ့အကြောင်းတင်ထားတာပါ။  အမယ် ကိုယ်ဖုန်းဆက်တော့ ညီမမှာလည်းဘဲရှိတယ် ညီမက ဆော်ရှိတဲ့ဘဲကိုစိတ်တောင်မဝင်စားဘူးတဲ့ ပီးတော့အဲ့ဆော်ရှိတဲ့ဘဲကိုဘဲတန်းတန်းစွဲနေတာ ရွံစရာလေးဆိုပြီးပြောခဲ့တာပါ။ ပရိသတ်တွေလည်းခုချိန်မှာခံစားနေရမှာဖြစ်တဲ့သူမအတွက်အားပေးစကားလေးတွေနဲ့နှစ်သိမ့်ပေးကြပါဦးနော်။

သူမရဲ့အိမ်ကို အလည်လာတဲ့ ထူးဆန်းလွန်းသော မြွေလေးအား ဗီဒီယိုရိုက်ပြီး မှတ်တမ်းတင်ထားတဲ့ သန္တာလှိုင်

ယနေ့အချိန်ထိတိုင်ပရိသတ်တိုင်းအားကျရတဲ့အလှတွေပိုင်ဆိုင်ထားတာကတော့ မော်ဒယ် သန္တာလှိုင်ပဲဖြစ်ပါတယ်။ သူကတော့ အသက်အရွယ်ရလာပေမယ့်လည်း လေ့ကျင့်ခန်းတွေကျန်းမာရေးထိန်းသိမ်းမှုတွေကြောင့်နုပျိုနေတုန်းပါ။ ဒါကြောင့်လည်း ပရိသတ်တွေသာမက အနုပညာရှင်အချင်းချင်းပါ အားကျရသူပါ။ ဘဝကိုရိုးရှင်းစွာဖြတ်သန်းတက်သူဖြစ်ပြီး ပျော်ရွှင်စရာမိသားစုလေးကိုပိုင်ဆိုင်ထားတာပါတယ်။ သူတို့ပုံရိပ်လေးတွေကိုတော့လူမှုကွန်ရက်ကနေအမြဲတင်ပေးလေ့ရှိတာပါ။ သူမဟာ လက်ရှိမှာတော့ နိုင်ငံရေးအခြေနေတွေကြောင့်နိုင်ငံခြားမှာသွားရောက်နေထိုင်နေတာပါ။ ဒီနေ့မှာတော့သူ့အိမ်ကိုရောက်လာတဲ့ဧည့်သည်လေးရဲ့video ကိုတင်ထားတာပါ။ ဧည့်သည်ကတော့တစ်ခြားသူမဟုတ်ပဲ မြွေစိမ်းမီး​ခြောက်ပဲဖြစ်ပါတယ်။ အလှဝါးပင်လေးတွေကြားထဲမှာ ဘယ်လိုတွေပတ်သွားနေလဲဆိုတာကတော့ အောက်ကvideo လေးကိုကြည့်ပေးကြပါဦးနော်။

လူမျိုးခြားရုပ်လေး ထွက်လာတဲ့ သူမရဲ့သားလေးကို ကြည့်ပြီး ပြောမပြတတ်အောင် ပီတိဖြစ်နေတဲ့ စုစုဝင်း

ပရိသတ်တွေချစ်ပြီးအားကျနေရတဲ့ Mikis Weber နဲ့စုစုဝေတို့ကတော့ခုမှာပျော်ရွှင်စရာမိသားစုလေးကိုပိုင်ဆိုင်ခဲ့ပြီဖြစ်ပါတယ်။ သူတို့အရမ်းမျှော်လင့်နေခဲ့တဲ့ သူတို့သားဦးလေးမိသားစုထဲကိုဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။သားဦးဖြစ်တာကြောင့်လည်း ခင်ပွန်း​ဖြစ်သူရဲ့မိသားစုကပါချစ်မဝဖြစ်နေရတာပါ။  သားလေးကိုတော့ ပြီးခဲ့တဲ့၄ရက်လောက်ကမွေးဖွားခဲ့တာပါ။ မွေးဖွားပြီးချိန်မှာပဲသူမရဲ့လူမှုကွန်ရက်ကနေအောင်မြင်စွာမွေးဖွားပြီးကြောင်းစိတ်ပူမျှော်လင့်နေတဲ့ပရိသတ်တွေအတွက်တင်ခဲ့ပါသေးတယ်။ ပရိသတ်တွေလည်းသားလေးရဲ့ပုံရိပ်လေးတွေကိုမျှော်နေကြတာပါ။ ခုမှာတော့သားလေးရဲ့ပုံရိပ်လေးတွေနဲ့အတူပျော်ရွှင်နေတဲ့မိသားစုပုံရိပ်လေးတွေကိုတင်ထားတာပါ။ ကျမဘဝရဲ့ဖော်ပြမတတ်လောက်အောင်ကိုချစ်ခင် တန်ဖိုးထားရတဲ့ သားလေး  သားသားရော မေမေပါ အားလုံးကျန်းမာရေးကောင်းပါတယ်ရှင့် ဝိုင်းပြီး မေတ္တာပို့ဆုတောင်းပေးကြတဲ့ တစ်ယောက်ချင်းဆီတိုင်းကိုကျေးဇူးအထူးတင်ပါတယ်လို့ ဒီနေရာကနေ ပြန်ဖြေလိုက်ပါတယ်ရှင့် ဖိုးဖိုးဖွားဖွားပုံလေးပါထပ့်ထည့်ထားပါတယ်ရှင့်ဆိုပြီးရေးသားထားခဲ့တာပါ။ ပရိသတ်တွေလည်းကလေးပုံရိပ်လေးတွေကိုကြည့်ပြီးချစ်ပေးကြပါဦးနော်။

ဘန်ကောက်တွင် ကြီးကျယ်ခမ်းနားစွာ ကျင်းပခဲ့တဲ့ သူမရဲ့မင်္ဂလာပွဲအခမ်းအနားပုံရိပ်များကို လူသိရှင်ကြား ချပြလိုက်တဲ့ မအေးသောင်း

မအေးသောင်းနဲ့သူမချစ်သူတို့ဟာ ဒီနေ့မှာတော့ရွှေလက်တွဲသွားခဲ့ကြပြီဖြစ်ပါတယ်။ သူတို့လက်ထပ်ပွဲလေးကိုတော့ ထိုင်းနိုင်ငံဘန်ကောက်မြို့မှာကျင်းပပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်တွေကလည်း သူတို့လက်ထပ်ပွဲလေးကို လူမှုကွန်ရက်ကနေဝိုင်းဝုဏ်ပြုပေးခဲ့တာပါ။ အေးသောင်းဟာ လွန်ခဲ့တဲ့ ရက်သတ္တပတ်ကမှ ချစ်သူနဲ့ပုံရိပ်လေးတွေကိုချပြခဲ့တာပါ။ သိပ်မကြာခင်မှာ ပဲလက်ထပ်ပွဲဖိတ်စာ လိုင်းပေါ်တက်လာခဲ့တာကြောင့်လည်းပရိသတ်တွေအံ့သြခဲ့ရတာပါ။ အေးသောင်းဟာပရိသတ်ချစ်ရသူဖြစ်တာကြောင့် သူ့လက်ထပ်ပွဲလေးအတွက်လည်းဂုဏ်ယူမဆုံးဖြစ်ခဲ့ရတာပါ။ မြန်မာနိုင်ငံမှာဖြစ်နေတဲ့လက်ရှိအခြေနေတွေကြောင့် လည်းဘန်ကောက်မှာကျင်းပပြုလုပ်ခဲ့တာပါ။ ခုမှာတော့သူတို့ မဂ်လာပွဲပုံရိပ်လေးတွေလိုင်းပေါ်တက်လာခဲ့တာဖြစ်ပါတယ်။ အေးသောင်းတစ်ယောက်ဘယ်လိုတောင်လှနေလဲဆိုတာကတော့အောက်ကပုံရိပ်လေးကိုကြည့်ပြီးချစ်ပေးကြပါဦးနော်။