မိန်းကလေးပီပီ အပင်ပေါ်တက်ပြီး သရက်သီးခူးနေတဲ့ ချစ်ဇနီးကို ဗီဒီယိုရိုက်ပြီး ဆေးအကြီးကြီးထိုးလိုက်တဲ့ မေထွဋ်ခေါင်ရဲ့ခင်ပွန်း

ပျော်ရွှင်စရာကောင်းတဲ့အိမ်ထောင်ရေးလေးကိုပိုင်ဆိုင်ထားတာကတော့မေထွဋ်ခေါင်တို့ပဲဖြစ်ပါတယ်။ တစ်​ယောက်ကိုတစ်ယောက်စနောက်ဆေးထိုးရင်းချစ်နေရတာပါ။ သူတို့video လေးတွေဟာလည်းပရိသတ်ကြားမှာရေပန်းစားပြီးချစ်နေကတာပါ။  သူတို့နှစ်ယောက်ဟာ ပရိသတ်တွေအားကျရတဲ့အတွဲလေးထဲကတစ်တွဲပါ။ အခက်အခဲတွေကို တူတူကျော်ဖြတ်ရင်းနဲ့ ပျော်ရွှင်စရာဘဝလေးကိုခုချိန်မှာတည်ဆောက်ထားနိုင်ခဲ့တာပါ။ ဒါကြောင့်လည်း နောက်ပိုင်းလူမှုကွန်ရက်ကနေပရိသတ်တွေရှေ့ပြန်ရောက်လာပြီး ဖျော်ဖြေပေးနေတာပါ။ ခုမှာလည်းမေထွဋ်ခေါင်တစ်ယောက် ခင်ပွန်းဖြစ်သူရဲ့ဆေးထိုးခြင်းခံလိုက်ရတာပါ။ သရက်ပင်ပေါ်ကိုယ်တိုင်တက်ပြီးခူးနေတဲ့မေထွဋ်ခေါင်ရဲ့video လေးကိုတင်ထားတာပါ။ ဘယ်လိုတောင်နှစ်ယောက်စနောက်ရင်းပျော်ရွှင်စရာကောင်းလဲဆိုတာကိုတော့video လေးကိုကြည့်ပြီးချစ်ပေးကြပါဦးနော်။e

ကလေးတစ်ယောက်လို ရင်ခွင်ထဲ ချွဲ့နွဲ့နေတဲ့ ချစ်သူလေးကို ကြည့်ပြီး အသည်းတုန်မတတ် ချစ်နေတဲ့ သင်ဇာဝင့်ကျော်

ပရိသတ်တွေအမြဲအားပေးချစ်နေရတဲ့ မတ်မတ်ကတော့သင်ဇာဝင့်ကျော်ပဲဖြစ်ပါတယ်။ သူ့ရဲ့အမိုက်စားခန္ဓာကိုယ်အလှတွေကြောင့် ယောက်ျားလေးတွေအများစုအားပေးခြင်းခံနေရတာပါ။ မိန်းကလေးတွေကပါ အားကျပြီးချစ်နေရသူဆိုလည်းမမှားပါဘူး။ ပရိသတ်တွေကိုအမိုက်စားပုံရိပ်တွေနဲ့အမြဲရင်သပ်ရှုမောအောင်လုပ်တက်တဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ မကြာခင်ကလည်း သူ့ရဲ့ချစ်သူကောင်လေးကိုချပြခဲ့ပြီးအံ့သြမှင်သက်ခဲ့ရတာပါ။ သူမရဲ့ကောင်လေးဟာလည်း ခုနောက်ပိုင်းပရိသတ်တွေကြားမှာစိတ်ဝင်စားမှုများလာတာပါ။ ခုမှာလည်း ပရိသတ်တွေကိုအားကျစေတဲ့ပုံရိပ်တွေတင်လိုက်တာပဲဖြစ်ပါတယ်။ လေယာဥ်ပေါ်မှာချစ်သူလေးကိုရင်ခွင်ထဲကိုထည့်ဖက်ထားတာပါ။ ဘယ်လိုတောင်ရိုနေကြလဲဆိုတာကတော့အောက်ကပုံရိပ်လေးတွေကိုကြည့်ပြီးအားကျလိုက်ပါဦးနော်။e

သူမရဲ့တင်ပါးကိုတမင်ကော့ပြနေတယ်ဆိုပြီး ဝေဖန်တိုက်ခိုက်နေကြသူတွေကို ထိမိတဲ့စကားလုံးများဖြင့် တုံ့ပြန်ချေပလိုက်တဲ့ ခင်လွှမ်း

ပရိသတ်တွေအားကျနေရတဲ့ပျော်ရွှင်စရာမိသားစုဘဝလေးကိုပိုင်ဆိုင်ထားတာကတော့ စည်ဖြိုးနဲ့ခင်လွှမ်းတို့မိသားစုလေးပဲဖြစ်ပါတယ်။ သူတို့ဟာ ချစ်စရာကောင်းတဲ့သမီးလေးနဲ့အတူပျော်ရွှင်စရာအချိန်လေးတွေကိုပိုင်ဆိုင်ထားတာပါ။ ပရိသတ်အချစ်တွေလည်းအပြည့်အဝပိုင်ဆိုင်ထားနိုင်တာပါ။ ခင်လွှမ်းဟာ အိမ်ထောင်မပြုခင်ကတည်းက မိန်းကလေးတိုင်းအားကျရတဲ့သူတစ်ယောက်ပါ။ သူမရဲ့ခန္ဓာကိုယ်အလှတွေကဟာအမြဲတမ်းငေးမောအားကျရတာပါ။ ခုသမီးလေးမွေးဖွားပြီးတဲ့အထိတိုင်အောင်လည်း သူမရဲ့ခန္ဓာကိုယ်ကလှနေတုန်းပါ။ ခုလိုဖြစ်အောင်လည်းလေ့ကျင့်ခန်းတွေကိုကြိုးစားလုပ်နေတာပါ။ မနာလိုသူတစ်ချို့ရဲ့တိုက်ခိုက်မှုတွေလည်းရှိပေမယ့် ခုလိုပဲ ပြောပြလိုက်တာဖြစ်ပါတယ်။ အတုအစစ်နဲ့ ကော့မကော့ ဝေဖန်လေကန် အတင်းတုပ် ရတာ အရသာရှိကြလား မမ ကိုကို တို့  … စိတ်ကောင်းရှိဖို့ ရှိနေတဲ့ စိတ်လေးတေ အရင်ပြင်ကြအုံး ရှင့်  ချစ်တယ်နော် ဆိုပြီးပြောခဲ့တာဖြစ်ပါတယ်။

မကြာခင်မှာ လက်ထပ်တော့မယ့် ညီမလေးရဲ့အားကောင်းမောင်းသန်ရှိမှုတွေကို ဗီဒီယိုလေးဖြင့် သက်သေပြလိုက်တဲ့ နှင်းဝတ်ရည်သောင်း

တစ်ချိန်ကအနုပညာလောကမှာ အောင်မြင်မှုတွေရရှိခဲ့ပေမယ့် ပရိသတ်ရှေ့ကနေပျောက်ကွယ်သွားခဲ့တာကတော့နှင်းဝတ်ရည်သောင်းပဲဖြစ်ပါတယ်။ သူတို့ညီမတွေဟာ ပရိသတ်အခိုင်အမာရရှိထားပြီးမှပျောက်ကွယ်သွားခဲ့တာပါ။ ဒါမယ့်မကြာသေးခင်နှစ်ပိုင်းကမှ မအေးသောင်းတစ်ယောက်သာ အနုပညာလောကထဲကိုဝင်ရောက်လာတာပါ။ သူတို့အနုပညာလောကထဲပြန်ရောက့်ာတာနဲ့ပရိသတ်တွေကလည်းအားပေးချစ်ခင်နေတုန်းပါ။ ကျန်တဲ့သူတွေကတော့ အနုပညာအလုပ်တွေမလုပ်တော့ပဲ မအေးသောင်းတစ်ယောက်သာအနုပညာအလုပ်တွေလုပ်နေတာပါ။သူတို့မိသားစုလေးစုံချိန်ဆိုလည်း အကြောင်းအမျိုးမျိုးကြောင့် ဘန်ကောက်မှာဆုံလေ့ရှိတာပါ။ ခုမှာတော့ပရိသတ်အချစ်တော်အေးသောင်းဟာ မကြာခင်လက်ထပ်တော့မှာဖြစ်ပါတယ်။ သူတို့လက်ထပ်ပွဲလေးကိုတော့ဘန်ကောက်မှာပြုလုပ်မှာဖြစ်ပြီး ခုချိန်ကတည်းက ညီမတွေစုံနေတာဖြစ်ပါတယ်။ ခုမှာလည်း နှင်းသောင်းနဲ့အေးသောင်းညီမနှစ်ယောက် အားပြိုင်နေတာဖြစ်ပါတယ်။ ငါလည်းဒင်းကိုဘယ်တော့မှ မနိုင်ပါလားအေဆိုတဲ့သူတို့ညီမနှစ်ယောက်ရဲ့ အားပြိုင်နေတဲ့video လေးကိုလည်းကြည့်ပြီးအားပေးကြပါဦးနော်။

ဘန်ကောက်တွင် ကြီးကျယ်ခမ်းနားစွာ ပြုလုပ်မယ့် သူမရဲ့မင်္ဂလာဖိတ်စာလေးကို ထုတ်ကြွားလိုက်တဲ့ မအေးသောင်း

အေးသောင်းဆိုတာနဲ့ပရိသတ်တွေအားပေးမှုတွေရရှိပြီးအောင်မြင်နေသူတစ်ယောက်ပါ။ ပရိသတ်ရှေ့ပြန်ရောက်လာချိန်ကတည်းက အားပေးမှုတွေပြန်ရရှိလာတာပါ။ သူမဟာ ခုမှမဟုတ်ပဲအရင်ကတည်းကနာမည်ကြီးခဲ့တဲ့သူတစ်ယောက်ပါ။ အသက်အရွယ်ရလာပေမယ့်လည်းမြန်မာဆန်ဆန်လေးနဲ့အမြဲချစ်ဖို့ကောင်းနေတာပါ။ သူမဟာလူမှုကွန်ရက်ကနေပုံရိပ်လေးတွေကိုတင်ပေးလေ့ရှိတာပါ။ မကြာခင်ကလည်း သူမရဲ့ချစ်သူလေးကိုတရားဝင်ထုတ်ပြခဲ့တာဖြစ်ပါတယ်။ ထုတ်ပြပြီးမကြာခင်မှာပဲ သူမရဲ့လက်ထပ်ပွဲလေးဟာ ပရိသတ်တွေကြားမှာပြန့်နှံ့နေခဲ့တာပါ။ သူတို့ရဲ့ လက်ထပ်ပွဲလေးကိုတော့ ဘန်ကောက်မှာကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ ပွဲဖိတ်စာအပြည့်အစုံ​လေးကိုတော့အောက်ကပုံရိပ်လေးကိုကြည့်ပြီးချစ်ပေးကြပါဦးနော်။

အမြဲရှက်တတ်တဲ့ ချစ်သူလေးမှ သူမနဲ့ရိုက်ထားတဲ့ စုံတွဲပုံလေးတင်ပေးလာတဲ့အတွက် ရင်တွေခုန်နေတဲ့ မေမီကိုကို

MRTV-4 ဇာတ်လမ်းတွဲ​လေးတွေကနေပရိသတ်အားပေးမှုတွေနဲ့အောင်မြင်နေတာကတော့ မေမီကိုကိုပဲဖြစ်ပါတယ်။ သူမကတော့ MRTV-4ရဲ့ အစောဆုံးရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းတွဲလေးမှာပါဝင်သရုပ်ဆောင်ခဲ့ရတာပါ။ သူ့ရဲ့သရုပ်ဆောင်ပီပြင်မှုတွေကြောင့် ပရိသတ်အားပေးမှုတွေများစွာရရှိလာခဲ့တာပါ။ ခုမှာတော့ အောင်မြင်တဲ့သူတစ်ယောက်အဖြစ်ရပ်တည်နေနိုင်ပြီဖြစ်ပါတယ်။ ခုနောက်ပိုင်းမှာတော့ ကြော်ငြာလေးတွေလည်းရိုက်ကူးလေ့ရှိနေတာပါ။ လူမှုကွန်ရက်ကနေလည်းပုံရိပ်လေးတွေတင်ပေးလေ့ရှိပြီးပရိသတ်တွေချစ်နေရတာပါ။ အောင်မြင်တဲ့သူတစ်ယောက်ပီပီ ပျော်ရွှင်စရာကောင်းတဲ့အချစ်ရေးလေးကိုလည်းပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ ခုမှာတော့ သူမရဲ့ချစ်သူလေးရဲ့ချစ်တက်ပုံလေးကိုတင်ထားလိုက်တာဖြစ်ပါတယ်။ သူမတို့ချစ်သူသက်တမ်း၂နှစ်ပြည့်လေးမှာ သူမရဲ့ချစ်သူဘာလေးတင်ထားလဲဆိုတာကတော့အောက်ကပုံရိပ်လေးကိုကြည့်ပြီးချစ်ပေးကြပါဦးနော်။

ရိုက်ကွင်းမှာ Golf ရိုက်ရင်း အုန်းလွဲသွားတဲ့ သဇင်ထူးမြင့်ကို ဗီဒီယိုရိုက်ပြီး ဆေးထိုးလိုက်တဲ့ အုပ်စိုးခန့်

အုပ်စိုးခန့်ဆိုတာနဲ့လူငယ်ပရိသတ်အားပေးမှုတွေရရှိကာအောင်မြင်နေသူတစ်ယောက်ပါ။ မိန်းကလေးတွေရဲ့အသည်းကျော်တစ်ယောက်ဖြစ်နေတာပါ။ သူ့သီချင်းလေးတွေဟာ လူငယ်ပရိသတ်တွေကြားမှာလူကြိုက်များရေပန်းစားနေတာပါ။ နောက်ပိုင်းမှာ ကြော်ငြာလေးတွေကိုလည်းရိုက်ကူးနေတာပါ။ သူကတော့လူမှုရေးကိစ္စတွေကြောင့်ဝေဖန်မှုတွေလည်းကြုံတွေ့နေရတာပါ။ အဲ့နောက်ပိုင်းပရိသတ်တစ်ချို့ကတော့သူ့ကိုဝေဖန်ရှုံ့ချပြီးအားပေးမှုတွေနည်းသွားခဲ့တာပါ။ လူမှုကွန်ရက်မှာတော့ပုံရိပ်လေးတွေကိုတင်ပေးလေ့ရှိတာပါ။ ခုမှာလည်း ရိုက်ကွင်းလေးမှာ သဇင်ထူးမြင့်ကိုစနောက်နေတာဖြစ်ပါတယ်။ ဘယ်လိုတောင်နှစ်ယောက်နောက်နေလဲဆိုတာကတော့အောက်ကvideoလေးကိုကြည့်ပြီးချစ်ပေးကြပါဦးနော်။w

မကြာခင်မှာ ဆောက်လုပ်ပြီးစီးတော့မယ့် သူမရဲ့အိမ်အသစ်လေးကို ဓာတ်ပုံနှင့်တကွ ထုတ်ပြလိုက်တဲ့ အာဗြဲစိန်

တစ်ခေတ်တစ်ခါကပရိသတ်အားပေးမှုတွေအပြည့်နဲ့ယနေ့ချိန်ထိအားပေးနေရတာကတော့ သရုပ်ဆောင်နေမျိုးအောင်ပဲဖြစ်ပါတယ်။ သူကတော့ video ဇာတ်ကားလေးတွေများစွာကိုရိုက်ကူးခဲ့ရတာပါ။ သူ့ရဲ့အိုက်တင်တွေကြောင့်လည်း အားပေးမှုရရှိနေတာပါ။ သူကတော့ခုမှာအနုပညာအလုပ်တွေမလုပ်တော့ပေမယ့် မိန်းမဖြစ်သူကတော့ခုမှာပိုပြီး အားပေးခံ​နေရတာပါ။မိန်းမဖြစ်သူဟာ ဟင်းချက်နည်းလေးတွေကနေပြီးခုမှာ live saleလေးတွေများစွာနဲ့အောင်မြင်နေတာဖြစ်ပါတယ်။သူတို့မိသားစုဘဝလေးကတော့ပျော်ရွှင်စရာကြည်နူးဖို့ကောင်းနေတာပါ။ သူတို့မိသားစုဝင်တိုင်းဟာ အောင်မြင်မှုတွေများစွာရရှိထားတဲ့သူတွေဖြစ်ပါတယ်။ ခုမှာလည်း တောင်ကြီးမှာခြံလေးဝယ်ပြီး အပန်းဖြေအိမ်လေးဆောက်ဖို့လုပ်နေတာပါ။ View အမိုက်စားနဲ့ တောင် ကုန်းပေါ်ကအိမ်လေး ခြံဝန်းလေးခတ်တာပြီးတော့မယ်။ ပြီးရင် … Gazebo လေးဆောက်မယ် နောက်ခြံစည်းရိုးတစ်လျှောက်မှာ ပန်းနွယ်ပင်လေးတွေတင်ပြီး… ဒေသထင်းရှုးပင်လေးတွေစိုက်မလို့….ဆိုတဲ့သူတို့ရဲ့တောင်ကုန်းပေါ်ကမြေကွက်ပုံရိပ်လေးကိုလည်းကြည့်ပေးကြပါဦးနော်။

မြက်ခင်းပေါ်မှာ ဖျာခင်းပြီးကွေးကွေးလေးအိပ်နေတဲ့ ချစ်ဇနီးအား ဗီဒီယိုခိုးရိုက်ပြီး ဆေးထိုးလိုက်တဲ့ မေထွဋ်ခေါင်ရဲ့ခင်ပွန်း

လင်မယားနှစ်ယောက်တစ်ယောက်ကိုတစ်ယောက်အမြဲစနောက်နေတာကတော့ မေထွဋ်ခေါင်တို့လင်မယားပဲဖြစ်ပါတယ်။ အရင်ခေတ်ကတည်းကအောင်မြင်သူတွေဖြစ်ပြီး ခုနောက်ပိုင်းမှာလည်းပရိသတ်အားပေးမှုတွေများစွာရရှိနေတာပါ။ဒါကြောင့်လည်းပရိသတ်တွေအားကျပြီးချစ်နေရတာပါ။ သူတို့မိသားစုလေးဟာအမြဲပျော်ရွှင်စွာနေထိုင်တက်တဲ့သူတွေလည်းဖြစ်ပါတယ်။ တစ်ယောက်ကိုတစ်ယောက်ဆေးထိုးတဲ့video လေးတွေတင်ပေးလေ့ရှိပြီး ပရိသတ်တွေရယ်မောရတာပါ။ တစ်ယောက်လစ်တာနဲ့တစ်ယောက်ကဆေးထိုးနေတာပါ။ ဆေးထိုးတဲ့video လေးတွေကိုလည်းလူမှုကွန်ရက်မှာတင်ပေးနေတာပါ။ ခုမှာလည်း မေထွဋ်ခေါင်တစ်ယောက်မြက်ခင်းလေးမှာအိပ်နေတာလေးကိုဆေးထိုးလိုက်တာပါ။ ဘယ်လောက်စနောက်လဲဆိုတာကတော့အောက်ကvideo လေးကိုကြည့်ပြီးချစ်ပေးကြပါဦးနော်။t

သူတို့မိသားစုပိုင်တဲ့ ခြံကနေစိုက်ပျိုးထားသော ဒူးရင်းသီးတွေကို ပြန်လည်ရောင်းချဖို့ စတင်ပြင်ဆင်နေတဲ့ စိန်ဖြိုးလှိုင်တို့ဇနီးမောင်နှံ 

တစ်​ယောက်အလစ်ကိုတစ်ယောက် စောင့်ပြီးဆေးထိုးလေ့ရှိတာကတော့ စိန်ဖြိုးနဲ့ရီတို့ ဇနီးမောင်နှံပဲဖြစ်ပါတယ်။နှစ်ပေါင်းများစွာချစ်သူဘဝကိုပြတ်သန်းပြီး မကြာခင်ကမှလက်ထပ်ခဲ့တာပါ။ သူတို့နှစ်ယောက်ဟာလည်းပရိသတ်တွေအားကျရတဲ့စုံတွဲလေးလည်းဖြစ်ပါတယ်။ သူတို့ဟာအမြဲလိုလိုစနောက်လေ့ရှိပြီးရီမောနေတာပါ။ အမြဲဘဝကိုပျော်ရွှင်စွာနေထိုင်ကြသူတွေလည်းဖြစ်ပါတယ်။ သူတို့နှစ်ယောက်ယောက်ဟာပရိသတ်တွေအမြဲပျော်ရွှင်အောင်ဖန်တီးပေးလေ့ရှိတာကြောင့် လည်းပရိသတ်တွေချစ်နေရတာပါ။ သူတို့ဟာ နယ်မြို့လေးမှာလည်းဒူးရင်းခြံလေးစိုက်ထားတာဖြစ်ပါတယ်။ ခုမှာလည်းသူတို့ခြံလေးမှာ ဒူးရင်းသီးလေးတွေစသီးနေပြီဖြစ်ပါတယ်။ ၂၀၂၂ ရဲ့ ပထမဦးဆုံး ခူးတဲ့ အသီးလေးတွေ…ရောင်းဖို့တော့မရှိသေးပါဘူး။ မိသားစုအတွက်တောင် မလောက်သေးလို့ နောက်တစ်သုတ်ရောက်တာနဲ့Hlaing Durian Orchard Page ကနေကြေငြာပေးပါမယ်ဆိုပြီးကြော်ငြာပေးခဲ့တာပါ။ ပရိသတ်တွေလည်းpageလေးကိုကြည့်ပြီးအားပေးကြပါဦးနော်။