နာမည်ကြီး မော်ဒယ်နှစ်ဦးဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး သူ့ရဲ့ထင်မြင်ချက်တစ်ချို့ကို အမှန်တိုင်း ပြောပြလာတဲ့ဥက္ကာမင်းမောင်  

ဥက္ကာမင်းမောင်ဆိုတာနဲ့ပရိသတ်မသိသူမရှိတဲ့ Celeတစ်ယောက်ပါ။ နိုင်ငံခြားကနေသူရဲ့ video လေးတွေပုံရိပ်လေးတွေကိုကြည့်ပြီးချစ်နေရတာပါ။ LGBTတစ်ယောက်ဖြစ်ပေမယ့် ဘဝကိုအမြဲအမှန်တိုင်းနဲ့ရိုးရှင်းစွာနေထိုင်သူတစ်ယောက်ပါ။

အခုမှာတော့မနေ့ကည သင်ဇာဝင်ကျော်၊နန်းမွေစံတို့ကိုဖမ်းသွားတဲ့ကိစ္စနဲ့ပတ်သတ်ပြီးခုလိုပြောခဲ့တာပါ။ I personally stand with Thinzar Wint Kyaw and Nan Mwe San. 

ပထမဦးဆုံး ကျွန်​တော့်အမြင်​ပြောရရင် လူ​တွေရဲ့ အာရုံ​ပြောင်းဖို့ attention တဖက်ဆီလှည့်သွားဖို့ အတွက်နာမည်ကြီး ၂ ​ယောက်ကို ​မြေစာပင်လုပ်လိုက်တာလို့ပဲမြင်ပါတယ်။မြန်မာပြည်မှာ လူဖြစ်ရတာ ကိုယ့်ထမင်းကိုယ်ရှာစားပြီး ကိုယ့်ဝမ်းကိုယ်​ဖြည့်ရတယ်ဆို​ပေမယ့် လိုအပ်ရင် လိုအပ်သလို အာဏာရှင်​တွေရဲ့ ခုတုံးလုပ်စရာအသုံးချခံ chess ကစားခုံ​ပေါ်က အစားခံနယ်ရုပ်က​လေး​တွေလိုပါပဲလား။သူတို့ဒီလိုပုံ​တွေရိုက်လာတာ အခုမှမဟုတ်.. အခုမှ ဘာထ​ဖောက်တာလဲ.. တနိုင်ငံလုံးပုံ​တွေမြင်ဖူး သိဖူးတာကြာ​ပေါ့။

 သူတို့ လွတ်လပ်ခွင့်နဲ့သူတို့… ဝမ်း​ရေးအတွက် ​နေထိုင်ရှင်သန်မှုအတွက် ဘယ်လိုပဲရိုက်ရိုက် နိုင်ငံခြား website ကဝင်လာတဲ့ဝင်​ငွေထဲက အခွန်​ဆောင်​သင့်သ​လောက်​ဆောင်နေရင် ပြီးတာ​ပဲ​လေ..​ သူတို့ပုံ​တွေထွက်လာရင် အတင်းပြူးပြဲကြည့်ကြတဲ့အထဲမှာ ကိုယ်တိုင်ပါမပါ အရင်​မေးပါဦး… သေချာတာက​တော့ သူတို့မိန်းခ​လေး ၂ ​ယောက်သည် လူမသတ်ပါဘူး… သူတို့ သူများ မိသားစု​တွေ မဖြိုခွဲပါဘူး..သူတို့ ​ကြောင့်ဘယ်သူမှ တသက်လုံး စိတ်ဒါဏ်ရာ ခန္တာကိုယ်မှာ ဒါဏ်ရာ​တွေနဲ့ ဒုက္ခိတ ဘဝကို ​ရောက်​​အောင် မလုပ်ခဲ့ပါဘူး.. သူတို့ ဘယ်သူ့အိမ်ကိုမှ ချိတ်မပိတ်ပါဘူး.. သူတို့ ​ကြောင့်ဘယ်သူမှ အိမ်နဲ့​ဝေးရာ မိသားစုနဲ့​ဝေးရာမှာ ​ရှောင်တိမ်းမနေရပါဘူး..သူတို့​ပုံ​တွေကြောင့်ဘယ်သူမှ ဘဝ​တွေမပျက်သွားပါဘူး.. သူတို့ဘယ်ရွာမှ မီးမရှို့ပါဘူး.. သူတို့ ​ကြောင့် မြန်မာ့စီးပွား​​ရေး အဝီဇိ​ရောက်မသွားပါဘူး.. သူတို့ ပုံ​တွေ​ကြောင့် မြန်မာ​ငွေ​စျေးထိုးကျပြီး ​​ဒေါ်လာ​စျေး​တွေ ​ထိုးမတက်သွားပါဘူး.. သူတို့ကြောင့် ဘယ်နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည်​တွေ မြန်မာပြည်မလာရဲ​တော့ဘူးဆိုတာမျိုး မရှိပါဘူး.. ထပ်​​ရေးမယ်ဆို ​ရေးစရာအများကြီးပါ.. လူတိုင်းသူ့လွတ်လပ်ခွင့်နဲ့သူပါ.. သူတို့ဖြစ်တည်မှု နဲ့ ဒီဓါတ်ပုံ​တွေဟာ ဘယ်သူ့ကိုမှ ထိခိုက်မ​နေပါဘူး.. သူတို့ ဒီလိုရိုက်တာ လက်မခံရင် မကြည့်နဲ့.. ​ကျော်သွားလိုက်…

တခုခု ဆို မြန်မာ့ယဥ်​ကျေးမှု ဆိုတဲ့စကားလုံးနဲ့ ကိုင်​ပေါက်ပြီး ​နောက်ကွယ်ကျ သူတို့ကိုယ်တိုင်ကသာ အခ​ကြေး​ငွေ​ပေးပြီး ​ပျော်​တော်ဆက်​မိန်းမပျို​တွေကို ​ခေါ်ပြီး ဇိမ်ခံဖူးသလားဆိုတာ ကွကိုယ်အရင်​ မေးလိုက်ကြပါ.. လတ်တ​​လော လူ ၄ ​ယောက် ​သေဆုံးရတဲ့အ​ပေါ် တနိုင်ငံလုံး​ဒေါသထွက်​နေချိန် အာရုံလွှဲဖို့ ဒီနည်းလမ်းကို အသုံးချတာ ​တော်ပါတယ်​မောင်မင်းကြီးသားတို့ရယ်…ဆိုပြီးပြောခဲ့တာပါ။

Leave a Reply

Your email address will not be published.