ဆက်စီဗီဒီယိုဖိုင်တွေကို လူမှုကွန်ရက်ပေါ်တွင် အခကြေးငွေဖြင့် ဖြန့်ဖြူးခဲ့တာကြောင့် ဖမ်းဆီးခံလိုက်ရတဲ့ သင်ဇာဝင့်ကျော်နဲ့နန်းမွေစံ

ပရိသတ်ကြီးရေ မကြာသေးခင် နာရီပိုင်းလောက်က လူမှုကွန်ရက်ပေါ်တွင် သတင်းတစ်ပုဒ် တက်လာခဲ့ပါတယ်။ ဒါကတော့ မြန်မာအမျိုးသမီးများစောင့်ထိန်းအပ်သော မြန်မာ့ယဉ်ကျေးမှုကို ထိခိုက်စေသည့် လိင်အသားပေးဓာတ်ပုံနှင့် ဗီဒီယိုများအား လူမှုကွန်ရက်တွင် အခကြေးငွေရယူ၍ ဖြန့်ဝေခဲ့သူ သင်ဇာဝင့်ကျော်နှင့် နန်းမွေစံ တို့အား ဥပဒေအရ အမှုဖွင့် အရေးယူခံလိုက် ရတာ ဖြစ်ပါတယ်။

သင်ဇာဝင့်ကျော်နဲ့ နန်းမွေစံတို့ဟာ Exantria နဲ့ Only Fan တို့ပေါ်တွင် ဆက်စီပုံရိပ်များအား အခကြေးငွေဖြင့်ဖြန့်ဖြူးနေခဲ့တာ အချိန်ကာလကြာမြင့်နေခဲ့ပြီ ဖြစ်ပါတယ်။ သို့ပေမယ့် အခုလက်ရှိမှာတော့ ပုဒ်မမျိုးစုံတတ်ပြီးဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ ဒီသတင်းကြားကြားချင်းမှာပဲ အမျိုးသားထုကြီး တစ်ရပ်လုံး စိတ်မကောင်းဖြစ်ခဲ့ကြတာ ဖြစ်ပါတယ်။

သင်ဇာဝင့်ကျော်ဟာ လွန်ခဲ့တဲ့ လပိုင်းလောက်ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ရိုက်ကူးရေးတစ်ခုလုပ်ဆောင်ခဲ့တဲ့အတွက် စစ်ကောင်စီရဲ့ဖမ်းဆီးခြင်းကို ခံခဲ့ရပါသေးတယ်။ ပရိသတ်ကြီးရဲ့သဘောထားကိုလည်းပြောပေးသွားကြဖို့ တောင်းဆိုပါရစေနော်။

Leave a Reply

Your email address will not be published.