ယောကျာ်းယူရခြင်းရဲ့ကောင်းကျိုးတွေကို သူမရဲ့ကိုယ်တိုင်အတွေ့အကြုံများဖြင့် ဖွင့်ဟပြောပြလိုက်တဲ့ ပိုးအိအိခန့်

ပိုးအိအိခန့်ဆိုတာနဲ့ချစ်စရာကောင်းတဲ့ သားလေးကိုလည်းပိုင်ဆိုင်ထားပြီး ပျော်ရွှင်စရာမိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်ပါတယ်။ နာမည်ကျော်ဘောလုံးသမားအောင်သူရဲ့ချစ်ဇနီးလေးလည်းဖြစ်ပါတယ်။ သူမကတော့ခုမှာ ခင်ပွန်းဖြစ်သူနဲ့အတူ ထိုင်းနိုင်ငံမှာနေထိုင်နေတာဖြစ်ပါတယ်။

အောင်သူဟာ အေးဆေးနေတက်သူတစ်ယောက်ဖြစ်တာကြောင့် ပိုးအိအိခန့်ရဲ့ချီးကျူးခြင်းကိုခံရသူတစ်ယောက်ဖြစ်ပါတယ်။ ခုမှာလည်းသူ့ရဲ့ခင်ပွန်းကို ကိုရီးယားကအတွဲလေးဖြစ်တဲ့ ဗိုလ်ကြီးတို့အတွဲလေးနဲ့ခိုင်နှိုင်းလိုက်တာပါ။ ခါတော်မှီလေး မတင်စဖူးမို့ တင်ရဦးမယ်။ကိုယ်က ပါးစပ်ဟ မရယ်တတ်လို့ စိရယ်တယ်ကွယ်။အစ်ကိုအောင်ကတော့ ကိုယ့်ထက် အိန္ဒြေသိက္ခာကြီးတယ်လေ အရယ်အပြုံးက အစပေါ့ တကယ်တော့ အိမ်ထောင်ပြုတယ်ဆိုတာ ထီထိုးသလို ကံစမ်းမဲနှိုက်သလိုပါပဲ။

ဘဝအစမှာလို အမြဲ ပျော်ရွှင်နေတာမျိုးရယ်တော့ ဘယ်ရှိမလဲဒါပေမယ့် ဒီလိုမျိုးလေး အမြဲ ပြုံးရယ် ပျော်ရွှင်နေဖို့ ဆိုတာ အိမ်ထောင်ဦးစီးဖြစ်တဲ့ ယောကျာ်း လုပ်သူမှာလည်း တာဝန်ရှိသလို အိမ်ရှင်မတွေဖြစ်တဲ့ မိန်းကလေးတွေမှာလည်း တာဝန်အပြည့်ရှိပါတယ်
ချိန်ခွင်လိုပဲလေ ဘက်ညီနေမှ အဆင်ပြေမှာ။ညှိယူရမယ် တည်ဆောက်ရမယ် နားလည်မှုရှိရမယ် တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် လေးစားမှု ဂရုစိုက်မှုရှိရမယ် ဒါမှ အိမ်ထောင်တစ်ခုဟာ သာယာဖြောင့်ဖြူးမှာပါ။ဗိုလ်ကြီးတို့ စုံတွဲလေးရယ်တာကြည့်ပီး အပျိုညီမလေးတွေ ယောကျာ်းယူချင်စိတ် ပေါက်နေကြရင် အမပြောတဲ့အချက်လေးတွေလည်း သတိရပေးကြပါလို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။လင်ယူတာ မကောင်းဘူးမပြောဘူးနော်။ယူပြီးရင်တော့ တည်ဆောက်ညှိနှိုင်းရမှာ အများကြီးပဲ အမျိုးသမီးထုတို့ရေ မယုံရင် ယူကြည့် ဒါပဲ မနေ့တစ်နေ့ကမှ ရန်ဖြစ်ပြီး ပြန်ချစ်ကြသောစုံတွဲဆိုပြီးပြောပြသွားခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published.