အမိုက်စား Sexy ကျကျပုံရိပ်လေးတွေကြောင့်ပရိသတ်အာရုံစိုက်ခြင်းကိုခံရတာကတော့ မော်ဒယ်စူးရှထက်ဖြစ်ပါတယ်။ သူမကတော့လွန်ခဲ့တဲ့နှစ်အနည်းငယ်ကညအစ္စဏီနဲ့ဖြစ်ခဲ့တဲ့ တရားစွဲဆိုမှုအပြီးကတည်းက ပရိသတ်တွေအာရုံစိုက်လာကြရာမှ ခုဆိုပရိသတ်များစွာရရှိပြီးအောင်မြင်လာတာပါ။ ခုနောက်ပိုင်းမှာတော့အနုပညာလှုပ်ရှားမှုတွေနည်းသွားပေမယ့်လူမှုကွန်ရက်မှာတော့ပုံရိပ်လေးတွေတင်ပေးလေ့ရှိတာပါ။


ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာတော့ နာမည်ကျော်အဆိုတော်တစ်ယောက်ဖြစ်တဲ့ အိမ်ချစ်နဲ့ ပြဿနာဖြစ်ခဲ့တာပါ။တစ်ဖက်ကိုတစ်ဖက်အပြန်အလှန်ချေပချက်တွေနဲ့ပရိသတ်တွေကြားမှာရေပန်းစားခဲ့တာပါ။ ခုမှာလည်းသူမရဲ့လူမှုကွန်ရက်ကနေခုလိုပဲဖြေရှင်းခဲ့တာပါ။


ပွဲဖြစ်မှာဆိုးလို့ရှောင်နေတာ အခုကမရှင်းလို့မရတာ့ဘူး။ဘားသွားပီဆိုမှ ပုတီးတော့သွားစိပ်တာမဟုတ်
ဘူးလေ။မူးနေတော့ ကိုယ့်ကြိုက်တဲ့ အဆိုတော်တွေ့
အမှတ်မထင် live လွင့်မိလိုက်တယ် ကျွန်မ လဲအဆဲခံရတာဘဲ။ကျမဘက်ကမှားသလိုဖစ်သွားလို့တောင်း
ပန်လဲထားတယ်။Live လဲဖျက်ပေးလိုက်တယ်မရည်ရွယ်ဘဲဖစ်သွား
တဲ့ကိစ္စတစ်ခုကိုအကျယ်ချဲ့ပီးပွဲရှာချင်တာလေ။cb မှာလာပီး ”နင်တရားရင်ဆိုင်ဖူးတာတွေရော”
”မိဘဆုံးမရင်ပေါ့ဆို ပြီး ”မိဘတွေပါလာထိခိုက်တယ်။ရန်ဖြစ်ချင်တာလေ အော်ထားလိုက်ပါတော့ဆိုပီး
စကားနည်း ရန်ဆဲ ဆက်မပြောချင်တော့လို့ blockလိုက်တယ်။အမရေ သူတပါးအားနည်းချက် ကိုနိမ့်ချပြောဆိုပီး။ငါကနိုင်ငံကျော်အဆိုတော် နာမည်ကြီးဘဲ ငါဆဲရင်ခံရမှာပေါ့ဆိုတဲ့ အထာနဲ့တော့ မလုပ်နဲ့ လူဆိုတာ
သီးခံနိုင်တာ အတိုင်းတာရှိတယ် ကျမဘဝကံကြမ္မာကြောင့် အခုလိုဖစ်ခဲ့တာက အမတို့နင်းချေစရာ နိမ့်စချစရာမဟုတ်ဘူး မြေနိမ့်ရာလှံမစိုက်ချင်နဲ့ရှင်
ကျမကို ဖာ လို့ပြောရအောင်လဲ ကျမဖာလုပ်စားမစား ကျမအနားမှာရှိတဲ့ သူတွေနဲ့ ကျမပတ်ဝန်းကျင်သိတယ်
အမပါးစပ်က အာလိုပြောထွက်တာ တော်တော်အံသြမိတယ် ဂွင်ကြုံ လို့သက်သက်နိမ့်ချပြောဆိုရအောင်လဲ ဘာရန်ငြိုးမှမရှိတာ အသိုင်းအဝိုင်းမရှိလို့ ပြောချင်ဆိုချင်တဲ့ လူတစ်စုကသပ်သပ်ရှိသေးတယ် ဆိုပြီးရေးသားထားခဲ့တာပါ။

