တော်လှန်ရေးကာလတစ်လျှောက်လုံး နှုတ်ဆိတ်နေခဲ့ပြီး နေတိုးမင်္ဂလာဆောင်တော့မှ လူလုံးထွက်ပြခဲ့ကြတဲ့ကျော်ကျော်ဗိုလ်နဲ့ရဲလေး 

နာမည်ကျော်မင်းသားတွေပါဝင်ပြီး ပရိသတ်တွေကို ရယ်မောစေတဲ့အငြိမ်အဖွဲ့လေးဖြစ်တဲ့ နှင်းဆီအဖွဲ့ကိုတော့ပရိသတ်တိုင်းသိကြမှာပါ။ အဲ့အဖွဲ့လေးမှာတော့ နိုင်ငံကျော်တွေဖြစ်တဲ့ မင်းမော်ကွန်း၊နေတိုး၊ကျော်ကျော်ဗိုလ်၊ထွန်းထွန်း နဲ့ ရဲလေးတို့ပါဝင်ကြတာဖြစ်ပါတယ်။ အဆိုပါအဖွဲ့မှာပါဝင်နေသူတွေကလည်း သက်ဆိုင်ရာနယ်ပယ်တွေမှာ အောင်မြင်မှုတွေနဲ့ရပ်တည်နေတဲ့သူတွေဖြစ်ပါတယ်။

ခုလိုနိုင်ငံရေးအခြေနေတွေမှာတော့ဘနှင်းဆီအဖွဲ့ဟာ ပရိသတ်တွေကြားမှာပျောက်နေတာကြာပြီဖြစ်ပါတယ်။အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ မင်းမော်ကွန်းကတော့ အာဏာရှင်စနစ်ကိုတော်လှန်ရင်းတောထဲကိုရောက်ရှိနေတာဖြစ်ပါတယ်။ ကျန်အဖွဲ့ဝင်တွေကတော့ လူမှုကွန်ရက်မှာတောင်သိပ်မတွေ့ရတော့တာဖြစ်ပါတယ်။

ဒါမယ့်မနေ့က နှင်းဆီအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ နေတိုးရဲ့ လက်ထပ်ပွဲလေးမှာတော့ ပြန်ပေါ်လာခဲ့ပါတယ်။ ကျော်ကျော်ဗိုလ်နဲ့ ရဲလေးတို့ပုံရိပ်တွေတက်လာခဲ့တာဖြစ်ပြီး သူတို့ဟာတော်လှန်ရေးကာလတစ်လျှောက်လုံးမှာလည်း အသံတိတ်နေခဲ့တာပါ။ပရိသတ်တွေလည်း အသံတိတ်နေပြီးပြန်ပေါ်လာတဲ့သူတို့အတွက် ဝေဖန်သုံးသပ်ပေးကြပါဦးနော်။

Leave a Reply

Your email address will not be published.