ချစ်စရာကောင်းတဲ့ပုံရိပ်လေးတွေကြောင့် အနုပညာလောကမှာ အောင်မြင်မှုတွေနဲ့ရပ်တည်နေတာကတော့သရုပ်ဆောင် သီရိရှင်းသန့်ပဲဖြစ်ပါတယ်။ ကြော်ငြာလေးတွေလည်းအများဆုံးရိုက်ကူးရတဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်။ ကိုယ်တိုင်လည်း ခရီးသွားရတဲ့ကြိုက်တဲ့သူဖြစ်တာကြောင့် Vlogလေးတွေရိုက်ကူးဖြစ်ပါတယ်။


ခုနောက်ပိုင်း ကိုဗစ်၊နိုင်ငံရေးအခြေနေတွေကြောင့် အနုပညာရှင် တော်တော်များများအနုပညာအလုပ်တွေနဲ့ဝေးကွာခဲ့ရပါတယ်။ ဒါမယ့်သူကတော့ ကြော်ငြာလေးတွေလည်းရိုက်ကူးရပြီးလူမှုကွန်ရက်ကနေလည်း ပရိသတ်နဲ့မပြတ်ရှိနေသူပါ။ သူ့ရဲ့ချစ်စရာပုံရိပ်လေးတွေကြောင့်လည်း ပရိသတ်တွေချစ်မဝဖြစ်ခဲ့ရတာပါ။


ခုမှာတော့ သူမဟာ ချစ်သူရဲ့ လက်ထပ်ခွင့်တောင်းခြင်းကိုခံလိုက်ရတာဖြစ်ပါတယ်။ ဒီနေ့ကလည်း သူ့ကောင်လေးရဲ့မွေးနေ့ဖြစ်ပြီး လက်ထပ်ခွင့်ကိုမွေးနေ့လက်ဆောင်အဖြစ်ပေးလိုက်တယ်ဆိုပြီး ရေးသားထားခဲ့တာပါ။ ပရိသတ်တွေလည်းဘယ်လိုကြည်နူးစရာကောင်းအောင်လက်ထပ်ခွင့်တောင်းလဲဆိုတာတော့ အောက်က ပုံရိပ်လေးတွေကိုကြည့်ပြီး အားကျလိုက်ပါဦးနော်။

