မြန်မာနိုင်ငံရဲ့ အအောင်မြင်ဆုံး မင်းသားတစ်ယောက်ဖြစ်တဲ့ အကယ်ဒမီသရုပ်ဆောင်နေတိုးကတော့ ခုမှာမင်္ဂလာဆောင်သွားခဲ့ပြီဖြစ်ပါတယ်။ ယနေ့ ၅.၂.၂၀၂၂ မနက်ပိုင်းအချိန်မှာ ပျော်ရွှင်စရာ မိသားစုဘဝလေးကိုတည်ဆောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ အချစ်ရေးမှာ ထုတ်ပြလေ့မရှိတဲ့ နေတိုးတစ်ယောက်ဟာ ခုမှာတော့ ပရိသတ်တွေကို အံ့သြအောင်လုပ်ပြခဲ့တာပါ။


နေတိုးရဲ့ဇနီးလောင်းလေးကလည်း သူတို့ရဲ့တစ်မြို့တည်းဖြစ်ပါတယ်။ဒီနေ့ မင်္ဂလာပွဲလေးမှာလည်း သူတို့ရဲ့ရိုးရာဝတ်စုံလေးကိုဝတ်ဆင်ထားခဲ့တာဖြစ်ပါတယ်။ နေတို့ရဲ့ပရိသတ်တွေကလည်း သူတို့ဇနီးမောင်နှံရဲ့ပုံရိပ်လေးတွေကိုကြည့်ပြီးချစ်ကြည်နူးမိမှာအမှန်ပဲဖြစ်ပါတယ်။


ကိုဗစ်အခြေနေတွေ နိုင်ငံရေးအခြေနေတွေကြောင့် မင်္ဂလာပွဲကို ရင်းနှီးတဲ့သူတွေနဲ့သာ စီစဥ်ခဲ့တာဖြစ်ပါတယ်။အသက်အရွယ် ရတာလာချိန်ဖြစ်တာကြောင့် လူပျိုကြီးဖြစ်မယ်လို့ထင်ကြေးတွေပေးခဲ့ကြပေမယ့် ခုမှာတော့ ပျော်ရွှင်စရာအိမ်ထောင်ရေးလေးကို အစပြုလိုက်ပြီဖြစ်ပါတယ်။ ပရိသတ်တွေလည်း နိုင်ငံကျော်မင်းသား နေတိုးရဲ့မင်္ဂလာ ဧည့်ခံပွဲပုံရိပ်လေးတွေကိုလည်း တင်ဆက်ပေးလိုက်ရပါတယ်။

