ချမ်းချမ်းဆိုတာနဲ့ ပရိသတ်အားပေးမှုတွေကို ယခုအချိန်ထိ သိမ်းပိုက်ထားနိုင်ခဲ့တဲ့ အဆိုတော်တစ်ဦးပါတယ်။သူမကတော့ အချိန်တိုအတွင်းမှာ အောင်မြင်မှုတွေရရှိပြီး အကဲဖြတ်ဒိုင်အဖြစ်နောက်ပိုင်းတွေမှာတွေ့ရတာပါ။ ဒါမယ့် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းမှာ မြန်မာနိုင်ငံကထွက်ခွာပြီး ခင်ပွန်းဖြစ်သူနေထိုင်ရာ အီတလီမှာ သမီးလေးနဲ့တူတူနေထိုင်နေတာပါ။


သူမဟာ နိုင်ငံရပ်ခြားမှာ သွားရောက်နေထိုင်ပေမယ့် မြန်မာပြည်သူတွေအတွက် တက်နိုင်တဲ့ဘက်က ကူညီမှုတွေလည်း ပြုလုပ်ပေးနေတာပါ။ သူမဟာ လူမှုကွန်ရက်မှာလည်း ပရိသတ်တွေနဲ့မပြတ်အောင် မိသားစုပုံရိပ်လေးတွေသမီးလေးရဲ့ပုံရိပ်လေးတွေကိုတင်ပေးလေ့ရှိတာပါ။ ပရိသတ်တွေကလည်း ချစ်စရာကောင်းတဲ့ သမီးလေးပုံရိပ်လေးကိုကြည့်ပြီးချစ်မဝဖြစ်နေရတာပါ။


ခုမှလည်းသမီးလေးနဲ့တူတူ လမ်းတွေလျောက်နေရင်း သားမီနှစ်ယောက် စကားတွေပြောလိုက် သမီးလေးကကြည့်လိုက်ပုံရိပ်လေးတွေက ကြည့်မိသူတိုင်းကိုချစ်နေစေတာပါ။ ချမ်းချမ်းကိုအမြဲအားပေးချစ်ခင်နေတဲ့ ပရိသတ်ကြီးလည်း သူတို့သားမိနှစ်ယောက်ကြည်နူးပြီးပျော်ရွှင်နေတဲ့ video လေးကိုလည်းကြည့်ပြီးချစ်ပေးကြပါဦးနော်။