Liam ဆိုတာနဲ့ အမြဲချစ်စရာကောင်းတဲ့ပုံရိပ်လေးတွေကြောင့် ချစ်မဝဖြစ်နေရတဲ့ ယွန်းဝဒီလွင်မိုးရဲ့သားလေးပဲဖြစ်ပါတယ်။ မိဘဖြစ်သူတွေနိုင်ငံခြား ကျောင်းသွားတက်ချိန်မှာ အဖိုးအဖွားတွေနဲ့ ထားခဲ့ရတာဖြစ်ပေမယ့် ဖိုးဖိုးလွင်မိုးတို့ချစ်မဝဖြစ်နေရတာဖြစ်ပါတယ်။ Liam လေးဟာမွေးစကတည်းက ပရိသတ်တွေချစ်ခင်အားပေးခဲ့ရသူတစ်ယောက်ဖြစ်ပါတယ်။


သားလေး Liamရဲ့ Video လေးတွေကို လူမှုကွန်ရက်မှာ ဖိုးဖိုးဖွားဖွားတွေက အမြဲတင်ပေးလေ့ရှိတာပါ။ သားလေးဟာ ခုဆိုလမ်းလျှောက်တက်တဲ့အရွယ်ရောက်နေပြီဖြစ်တာကြောင့် ယခင်ကထက်ပိုလွတ်လွတ်လပ်လပ်ဆော့ကစား နေတဲ့ပုံရိပ်လေးတွေက ချစ်ဖို့ကောင်းနေတာပါ။ ဖိုးဖိုးလုပ်သမျှကိုလည်း လိုက်လုပ်နေတာဖြစ်ပြီး ကြည့်မိသူတိုင်း အသဲယားစေတာပါ။


ခုမှာလည်း အဖိုးဖြစ်သူ ဂစ်တာတီးနေတာကို ဘေးကနေ ဂစ်တာလေးနဲ့သီချင်းဆိုပြီး ကနေတာဖြစ်ပါတယ်။အဖိုးဖြစ်သူကလည်း Liam လေးဆော့ကစားတာကို ကြည့်ပြီးချစ်မဝဖြစ်နေတာပါ။ပရိသတ်တွေလည်း Liam လေးဘယ်လိုသီချင်းဆိုပြီး ဆော့ကစားနေလဲဆိုတာကတော့ အောက်က Video လေးကိုကြည့်ပြီးချစ်ပေးကြပါဦးနော်။