ကိုယ်ဝန်လရင့်လာပြီဖြစ်တဲ့အတွက် တဖြည်းဖြည်းနဲ့ခံစားလာရတဲ့ ဝေဒနာများအား ရင်ဖွင့်ပြောပြလာတဲ့ သူထူးစံရဲ့ဇနီး 

တစ်ချိန်က အက်ရှင်ဆန်ဆန်ဇာတ်ကားလေးတွေနဲ့ ပရိသတ်အကြိုက်အားပေးမှုတွေရခဲ့တာကတော့ သရုပ်ဆောင်သူထူးစံ ပဲဖြစ်ပါတယ်။ သူကတော့ သမာန်းကျား ရုပ်ရှင်ဇာတ်ကားနဲ့ အကယ်ဒမီဆုကို ရယူခဲ့တဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ သူကတော့ အကယ်ဒမီ ရပြီးနောက်ပိုင်းမှာ အနုပညာအလုပ်တွေကနေဝေးကွာသွားခဲ့ပြီးပရိသတ်တွေနဲ့ဝေးကွာခဲ့ရပါတယ်။

ဒါမယ့်အနုပညာအလုပ်တွေနားလိုက်ပြီးနောက်မှာတော့ သူဟာ အိမ်ထောင်ပြုပြီး ဘဝကိုချစ်ရတဲ့ဇနီးနဲ့ဖြတ်သန်းနေတာပါ။ နောက်ပိုင်းမှာလည်း ချစ်ဇနီးလေးနဲ့တူတူ ပုံရိပ်လေးတွေကို လူမှုကွန်ရက်မှာ တင်ပေးလေ့ရှိပြီးပရိသတ်တွေလည်း ကြည်နူးခဲ့ရတာပါ။ မကြာမီအချိန်အတွင်းမှာလည်း သူတို့မိသားစု ဘဝလေးကို သူရဲ့သွေးသားလေးရောက်ရှိလာတော့မှာဖြစ်တာကြောင့် ရင်ခုန်စိတ်လှုပ်ရှားနေကြတာပါ။

ကိုယ်ဝန်ရင့် တဖြည်းဖြည်းလရင့်လာတာနဲ့အမျှ ခံစားရပြောင်းလဲလာပုံလေးကိုလည်း သူထူးစံရဲ့ချစ်ဇနီးလေးကခုလိုပဲရေးသားထားခဲ့တာပါ။ ဗိုက်ကတဖြည်းဖြည်းလရင့်လာပြီ။ ကိုယ်ဝန်ဆောင်လက္ခဏာတွေကလည်းပြပါ့  အိပ်မရ(အသက်ရှူရကြပ်) ရင်ခေါင်းတွေအောင့်၊ဆီးစပ်တွေကိုက်၊   ညဆိုကြွက်ကလည်းတက်၊  ဆီးကခဏခဏသွား၊ဒါပေမယ့်လေ  ကိုယ်ကတော့ Ever တက်ကြွပြီး အားရှိမယ့်အစာတွေ ဝင်သလောက်စားနေပါတယ်၊ ကိုယ်လိုပဲကလေးလေးမွေးဖို့နေ့ရက်တွေအတွက်  ရင်ခုန်နေရတဲ့ မေမေတွေတိုင်း fightingပါနော့….ဆိုပြီးရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published.