ချစ်သူလေးနဲ့ မကြာခင် စေ့စပ်တော့မှာဖြစ်ကြောင်း အသိပေးရင်း နှုတ်ခမ်းနီမလေးတွေရဲ့အသည်းကိုရက်ရက်စက်စက် ခွဲလိုက်တဲ့ နေတိုး  

ရုပ်ရှင်လောကမှာ နေတိုးဆိုတာနဲ့ ယနေ့အချိန်ထိ အားပေးသူပရိသတ်အများဆုံးအပြင် အောင်မြင်မှုတွေများစွာကိုသိမ်းပိုက်ထားနိုင်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ သူရဲ့ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ဇာတ်ကားတိုင်းက အောင်မြင်မှုတွေများစွာနဲ့ ရုံပြည့်တဲ့အထိ အားပေးမှုတွေရရှိခဲ့တာပါ။ကိုဗစ်တွေ နိုင်ငံရေးအခြေနေတွေကြောင့် ပရိသတ်တွေနဲ့ဝေးကွာပေမယ့် ယနေ့တိုင်အချစ်မလျော့ပဲ ချစ်နေရတာပါ။

ဒါမယ့်ခုမှာတော့ မကြာခင် အိမ်ထောင်ပြုတော့မယ်ဆိုတဲ့ သတင်းကြောင့် ပရိသတ်တွေပိုစိတ်ဝင်စားခဲ့တာပါ။ နေတိုးဟာ ပရိသတ်တွေရှေ့မှာ အချစ်ရေးကို ချပြလေ့မရှိတာကြောင့် ခုလိုကြားတဲ့အချိန်မှာ စိတ်ဝင်စားစရာကောင်းခဲ့တာပါ။ လူမှုကွန်ရက်မှာ အရင်က နေတိုးကောင်မလေးဟု ပုံတွေပြန့်ခဲ့ပေမယ့် ခုမှာတော့ သူရဲ့ကောင်မလေးကိုပရိသတ်တွေမြင်တွေ့ရတော့မှာပါ။

သူတို့ရဲ့ မင်္ဂလာပွဲလေးကိုတော့ ၅.၂.၂၀၂၂ မှာပြုလုပ်သွားမှာဖြစ်ပါတယ်။နေတိုးရဲ့ ကောင်မလေးဟာ နေတိုးနဲ့တစ်မြို့တည်းသား​ဖြစ်တယ်လို့လည်းသိရပါတယ်။ ပရိသတ်တွေလည်းသိချင်နေမှာဖြစ်တာကြောင့် နေတို့နဲ့သူ့ကောင်မလေးတို့ပုံရိပ်လေးတွေကိုတင်ဆက်ပေးလိုက်ရပါတယ်။

Leave a Reply

Your email address will not be published.