ညီမလေးပေါင်ပေါ်မှာ တက်အိပ်ပြီးဇိမ်ကျနေတဲ့ သားဖြစ်သူရဲ့ အပြုအမူလေးကြောင့် သဘောတွေကျနေတဲ့ နန်းမြတ်ဖြိုးသင်းရဲ့ဗီဒီယိုဖိုင် 

ချစ်စရာကောင်းတဲ့သားတစ်ယောက် သမီးလေးတစ်ယောက်အတွက် ဘဝကိုကြိုးစားဖြတ်သန်းနေတာကတော့နန်းမြတ်ဖြိုးသင်းပဲဖြစ်ပါတယ်။သူမကတော့ ခင်ပွန်းဖြစ်သူကို ကိုဗစ်နဲ့ဆုံးရှုံးခဲ့ရပေမယ့် ကျန်ရှိနေတဲ့ သူမသားသမီးလေးတွေအတွက် အားတင်းရင်း ဆက်လျှောက်နေတဲ့ မိခင်ကောင်းတစ်ယောက်ဖြစ်ပါတယ်။ သူရဲ့သားသမီးအပေါ်ထားတဲ့ချစ်ခြင်း မေတ္တာတွေကြောင့်လည်း ပရိသတ်တိုင်းအချစ်ပိုနေရတာပါ။

သူမရဲ့သားနဲ့သမီးပုံရိပ်လေးတွေ၊ဆော့ကစားနေတဲ့ ပုံရိပ်လေးတွေကိုလည်း အမြဲလိုလို လူမှုကွန်ရက်မှာ Liveလွှင့်ပေးလေ့ရှိပါတယ်။ ကလေးလေးတွေကိုလည်းချစ် မေမေ့ကိုလည်း ချစ်နေတဲ့ ပရိသတ်တွေကြောင့် Liveတိုင်းမှာလည်း ကြည့်ရှုသူပရိသတ်အများအပြားရရှိထားတာပါ။ သမီးလေးဟာ ငယ်သေးပေမယ့် သားလေးဟာ အကြီးဆုံးဖြစ်တာကြောင့် မေမေ့ကိုအမြဲ နှစ်သိမ့်ပြီး အားပေးတက်တဲ့ သားလိမ္မာလေးလည်းဖြစ်ပါတယ်။

မနေ့ကလည်း သားနဲ့သမီးလေးတို့ဆော့ကစားနေတာကို ပရိသတ်တွေအတွက် Liveလွှင့်ရင်း စကားတွေပြောခဲ့ကြပါသေးတယ်။ ပွဲတွေ မရှိတာကြောင့် ပရိသတ်တွေနဲ့ဝေးကွာနေပြီး မေမေနန်းမြတ်ဖြိုးသင်းလည်း ချစ်ပရိသတ်တွေနဲ့စကားတွေအများကြီးပြောခဲ့ကြပါသေးတယ်။ မနေ့က live လေးကိုမမှီခဲ့တဲ့ ပရိသတ်ကြီးလည်း မနေ့ကlive လေးကိုပြန်ကြည့်ပြီးချစ်ပေးကြပါဦးနော်။

Leave a Reply

Your email address will not be published.