Myanmar Idol ပြိုင်ပွဲကနေ အနုပညာလမ်းကိုလျောက်လှမ်းလာခဲ့ပြီး ယခုအချိန်မှာ ပရိသတ်ချစ်ခင်အားပေးမှုကိုရရှိထားခဲ့တာကတော့ ရဲနောင်ပဲဖြစ်ပါတယ်။ ပြိုင်ပွဲရဲ့အစပိုင်းတစ်ချို့ မှာ ဝေဖန်မှုတွေများစွာ ကြုံတွေ့ခဲ့ရပေမယ့်သူ့ရဲ ရိုးသားတဲ့စိတ်ဓာတ်တွေကြောင့် ဝေဖန်သူတွေတောင်ပြန်ချစ်သွားခဲ့ရတာပါ။ အနုပညာကိုဝါ သနာပါတာကြောင့် ခုချိန်ထိ အနုပညာတွေနဲ့ ကြိုးစားပြီး ပရိသတ်တွေကို ဖျော်ဖြေ နေတာပါ။


သူကတော့ ပရိသတ်အားပေးမှုများလာတာနဲ့ အမျှ ချစ်သူ ခင်သူတွေလည်းပေါများခဲ့တာပါ။ သူရဲ့လူမှုကွန်ရက်မှာလည်း ပုံရိပ်လေးတွေတိုင်း တင်လေ့ရှိပြီး ချစ်နေကြတာပါ။ ရဲနောင်ဟာ မိန်းမရပြီးနောက်ပိုင်းမှာလည်း ပရိသတ်တွေစိတ်ဝင်စား အားပေးမှုတွေများစွာရရှိနေတာဖြစ်ပြီး သူတို့ ဇနီးမောင်နှံ နှစ်ယောက်ပုံရိပ်လေးတွေကလည်း ကြည့်မိသူတိုင်းချစ်မဝဖြစ်စေမှာပါ။


ခုမှာလည်း အမြဲပုံရိပ်လေးတွေ တင်တိုင်းအားကျနေရတဲ့ သူတို့ ဇနီးမောင်နှံဟာ အမိုက်စားပုံရိပ်လေးတွေနဲ့ အံ့သြအောင်လုပ်လိုက်ပြန်ပြီဖြစ်ပါတယ်။ ရဲနောင်ရဲ့ဇနီးလေး လူမှုကွန်ရက်ကနေ မြို့စားမင်းနဲ့ မြိုးစားကတော့ဆိုပြီးနန်းဆန်တဲ့ပုံရိပ်လေးတွေက အမြင်ထူးပြီးအချစ်တွေပိုစေမှာပဲ ဖြစ်ပါတယ်။ ဘယ်လိုတောင်မိမိုက်နေလဲဆိုတာကတော့ အောက်က ပုံရိပ်လေးတွေကိုကြည့်ပြီး ချစ်ပေးကြပါဦးနော်။

