ဇာတ်ပို့ ဇာတ်ရံလောကမှာ ကိုဘင်းဆိုတာနဲ့ အမြဲရီစရာလေးတွေနဲ့ ပရိသတ်တွေကိုဖျော်ဖြေပေးရင်း ယနေ့အချိန်ထိ အားပေးချစ်ခင်နေရသူတစ်ယောက်ပါ။ အနုပညာလောကမှာ နှစ်ပေါင်းများစွာကြာ အောင်မြင်သူတွေပရိသတ်ချစ်ခံရသူတွေထဲကတစ်ယောက်ဖြစ်ပါတယ်။ သူကတော့ နာမည်ကျော် ဇာတ်ပို့ ဇာတ်ရံ တစ်ယောက်ဖြစ်တဲ့ နှိုင်းယှဥ်မြင့်မိုရ်ရဲ့ ခင်ပွန်းလည်းဖြစ်ပါတယ်။


သူကတော့ လက်ရှိအချိန်မှာ မကြာသေးခင်က မွေးဖွားခဲ့တဲ့ သားငယ်လေးအပါ သားလေးနှစ်ယောက်နဲ့ ပျော်ရွှင်စရာမိသားစုဘဝလေးကိုလည်းပိုင်ဆိုင်ထားတာပါ။ ဇနီးဖြစ်သူကလည်း လူမှုကွန်ရက်မှာ Live လွှင့် စျေးရောင်းရင်း ပရိသတ်အားပေးမှုတွေရကာ အောင်မြင်နေတဲ့ မိသားစုလေးဖြစ်နေတာပါ။ သားငယ်လေးရဲ့ ပုံရိပ်လေးကို လူမှုကွန်ရက်က နေလည်းတင်ပေးလေ့ရှိပြီး ပရိသတ်တွေ ချစ်မဝဖြစ်နေရတာပါ။


ခုမှာလည်း ကိုဘင်း လူမှုကွန်ရက်မှာ တင်ထားတဲ့ပုံလေး တစ်ပုံက ပရိသတ်တွေ အံ့သြခဲ့ရတာပါ။ ကိုဘင်းငယ်ငယ်ကပုံရိပ်လေးနဲ့ ခုသားငယ်လေး ပုံရိပ်လေးကိုတင်ထားတာဖြစ်ပြီး ကိုဘင်းငယ်ငယ်ကပုံစံလေးနဲ့ ထပ်တူဖြစ်နေတာပါ။ ပရိသတ်တွေလည်း ကိုဘင်းနဲ့ သားငယ်လေးတို့ ဘယ်လိုတူလဲဆိုတာ အောက်ကပုံ ရိပ်လေးကိုကြည့်ပြီး ချစ်ပေးကြပါဦးနော်။

