တစ်ချိန်က မော်ဒယ်လောကမှာ နိုင်ငံတစ်ကာထိ ပြိုင်ပွဲတွေယှဥ်ပြိုင်ရင်း အောင်မြင်မှုတွေရရှိခဲ့တာကတော့ အောန်ဆိုင်းပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း ပရိသတ် အားပေးမှုအများဆုံးရရှိထားပြီး ယနေ့ချိန်တိုင် ချစ်နေရတာပါ။ သူမကတော့ လက်ရှိမှာ နိုင်ငံခြားမှာ နေထိုင်နေတာဖြစ်ပြီး ပျော်ရွှင်စရာမိသားစုဘဝလေးကိုပိုင်ဆိုင်ထားတာပါ။


သူမကတော့ သားလေးမွေးဖွားဖို့ နိုင်ငံခြားမှာ မိသားစုလိုက်သွားရောက်နေထိုင်နေတာဖြစ်ပြီး ယနေ့အချိန်ထိလည်းနေထိုင်နေတာပါ။ သူမရဲ့သားလေးကလည်း ဖိုးဖိုးရဲ့ အချစ်တွေကို ယနေ့ချိန်ကတည်းက သိမ်းပိုက်ထားနိုင်တာဖြစ်ပါတယ်။ သူတို့မိသားစုပျော်ရွှင်နေတဲ့ပုံရိပ်လေးတွေ အင်စတာဂရမ်ကသင်ပေးလေ့ရှိပြီး ပရိသတ်တွေ အမြဲအားကျနေရတာပါ။


ခုမှာလည်း မြေးဦးလေးကို ချစ်မဝဖြစ်နေတဲ့ ဖိုးဖိုးနဲ့ သားလေးတို့ကားမောင်းထွက်နေတာဖြစ်ပါတယ်။ သားလေးမမွေးဖွားခင်ကတည်းက မြေးဦးလေးအတွက် ပိုရင်ခုန်နေရတဲ့ ဖိုးဖိုးတစ်ယောက်ခုမှာတော့ ပျော်ရွှင်စရာတွေအပြည့်နဲ့ ဖြတ်သန်းနေရပြီဖြစ်ပါတယ်။ ပရိသတ်တွေလည်း ဖိုးဖိုးနဲ့မြေးလေးတို့ပုံ ရိပ်လေးကိုလည်းအောက်ကပုံရိပ်လေးတွေကိုကြည့်ပြီး အားပေးကြပါဦးနော်။

