အွန်လိုင်းပေါ်ကနေ ပျောက်သွားနေစဉ်အတွင်း သူလုပ်ဖြစ်နေတဲ့အရာလေးကို ဗီဒီယိုလေးဖြင့် ပြသလိုက်တဲ့ ရွှေထူး 

တစ်ချိန်ကမြန်မာနိုင်ငံရဲ့ လူငယ်ပရိသတ်တွေကြားမှာ အောင်မြင်မှုတွေနဲ့အတူ ရေပန်းစားခဲ့တဲ့ ဇနီးမောင်နှံနှစ်ယောက်ရှိကြပါတယ်။သူတို့ကတော့ တစ်ယောက်ကိုတစ်ယောက် အမြဲ Surprise တိုက်လွန်းတာကြောင့် ရွှေ၂ ရွှေဆိုပြီးလူမှုကွန်ရက်မှာနာမည်ကြီးခဲ့တဲ့ ရွှေထူးနဲ့ရွှေမှုန်ရတီတို့ဇနီးမောင်နှံပဲဖြစ်ပါတယ်။တစ်ချိန်ကဒိတ်ဒိတ်ကြဲအောင်မြင်သူတွေဖြစ်ခဲ့ပေမယ့် ခုမှာတော့ ဝေဖန်မှုတွေနဲ့လည်းကြုံနေခဲ့ရတာပါ။

ဖေဖော်ဝါရီလ၁ရက်နေ့အာဏာသိမ်းပြီးချိန်မှာ ပရိသတ်တွေရှေ့ခဏထွက်လာသေးပေမယ့်နောက်ပိုင်းမှာတော့ပျောက်သွားခဲ့တာပါ။နာမည်ကျော်တစ်ခြားအနုပညာရှင်တွေတောင် မိမိကိုယ့်ကျိုးစွန့်ပြီးတော်လှန်နေချိန်မှာ သူတို့နှစ်ယောက်ဟာ မဆိုင်သလို​နေပြီးပျောက်ကွယ်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှုကိုတောက်လျောက်ခံနေရတာပါ။လူမှုကွန်ရက်မှာလည်း အချိန်တော်ကြာပျောက်သွားခဲ့ပြီး မကြာခင်ရက်ပိုင်းကတော့ ပြန်ပေါ်လာခဲ့ပါတယ်။

ရွှေထူးရဲ့ Facebook My Day ကနေပြီးတော့ လမ်းဘေးမှာ စျေးရောင်းနေတဲ့လူကြီးတွေကို လှူဒါန်းမှုတွေပြုလုပ်ခဲ့တာပါ။လိုင်းပေါ်တင်တင်မတင်တင်ပါသလောက်ငွေနဲ့ကျွန်တော်တို့အပြင်သွားတိုင်းလုပ်နေကြအလှုတွေပါဆိုပြီးvideo လေးတင်ထားတာပါ။ပရိသတ်တွေလည်း ခုမှ အလှုပုံရိပ်တွေနဲ့ပေါ်လာခဲ့တဲ့သူတို့ကိုလည်းတစ်ခုခုပြောသွားကြပါဦးနော်။

Leave a Reply

Your email address will not be published.