ဥက္ကာမင်းမောင်ဆိုတာနဲ့ မြန်မာနိုင်ငံကပရိသတ်တွေရော အနုပညာရှင်အချင်ချင်းကပဲချစ်နေရတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ယခုနွေဦးတော်လှန်ရေးမှာလည်း သူနေထိုင်ရာ အမေရိကကနေ တက်နိုင်တဲ့ဘက်မှဝါဝင်လှုပ်ရှားမှုတွေပြုလုပ်ပေးခဲ့တာကြောင့်အချစ်တွေပိုနေရတာပါ။


သူကတော့ပရိသတ်တွေစိတ်လှုပ်ရှားအောင်အမြဲ Surpriseတွေနဲ့ပြုလုပ်သူတစ်ယောက်လည်းဖြစ်ပါတယ်။သူရဲ့ချစ်သူပုံရိပ်လေးတွေအမြဲလူမှုကွန်ရက်ပေါ်တင်ပေးလေ့ရှိပြီး ပရိသတ်တွေကသူတို့ပုံရိပ်လေးတွေကြည့်ပြီးအားကျနေရတာပါ။သူကတော့ ချစ်သူရဲ့ဂရုစိုက်ကြင်နာမှုကိုလည်းရရှိနေတဲ့သူတစ်ယောက်ပါ။


ခုမှာလည်းသူတို့ချစ်သူနှစ်ဦး ရဲ့ပျော်ရွှင်ကြည်နူးနေတဲ့ video လေးကိုတင်ထားခဲ့တာပါ။ဥက္ကာမင်းမောင်ရဲ့ပါးလေးကို ကြင်နာစွအနမ်းတွေပေးရင်းနှစ်ယောက်တူတူကခုန်နေတဲ့ video လေးကိုကြည့်ပြီး အားကျလိုက်ပါဦးနော်။