“အၿမဲတမ္းသတိမရရင္ေတာင္ ရင္ထဲခဏေတာ့ရွိခြင့္ေပး”လို႔ဆိုလာတဲ့ မင္းသားေခ်ာ ေက်ာ္စု

Rap အဆိုေတာ္ လႊမ္းပိုင္ရဲ႕ အစ္ကိုအရင္းျဖစ္သူ မင္းသားေခ်ာ ေက်ာ္စုကိုေတာ့ မိန္းကေလး ပရိတ္သတ္ေတြ မသိတဲ့သူ မရွိေလာက္ပါဘူးေနာ္။ မင္းသားေခ်ာ ေက်ာ္စုဟာ ေခ်ာေမာခန႔္ညား တည္ၾကည္တဲ့ ႐ုပ္ရည္ကို ပိုင္ဆိုင္ထားၿပီး သ႐ုပ္ေဆာင္ပိုင္းမွာလည္း ထူးခြၽန္ကာ ပရိတ္သတ္ေတြရဲ႕ ရင္ထဲကို ေရာက္ေစသူတစ္ေယာက္လည္း ျဖစ္ပါတယ္။

မင္းသားေခ်ာ ေက်ာ္စုဟာ MRTV 4ရဲ႕ ဇာတ္လမ္းတြဲေတြမွာ စတင္ သ႐ုပ္ေဆာင္ခဲ့ၿပီး အခုေနာက္ပိုင္းမွာေတာ့ ေၾကာ္ျငာ႐ိုက္ကူးေရးေတြ Music videoေတြမွာ သ႐ုပ္ေဆာင္လွ်က္ ရွိလာပါတယ္။ သူ႔ရဲ႕ ေအာင္ျမင္ေက်ာ္ၾကား လူႀကိဳက္မ်ားခဲ့တဲ့ ဇာတ္လမ္းတြဲေတြကေတာ့ “Toxic,ေ႐ႊဖူးစာ ဆုံရာေျမ၊လူရည္ခြၽန္၊ခ်စ္သူထြင္းတဲ့ အကၡရာ၊ဥယ်ာဥ္မႈး ျဖစ္ဖူးခ်င္သည္၊အခန္းနံပါတ္?၊တစ္ဆစ္တစ္မတ္ ကိုယ္ႏွင့္သက္ကို” အစရွိသည္တို႔ပဲ ျဖစ္ပါတယ္။

ခုတစ္ခါမွာေတာ့ မင္းသားေခ်ာ ေက်ာ္စုက “အၿမဲတမ္းသတိမရရင္ေတာင္ ရင္ထဲခဏေတာ့ရွိခြင့္ေပး”လို႔ဆိုကာ သူ႔ရဲ႕ ပုံရိပ္တစ္ခ်ိဳ႕ကို မွ်ေဝေပးခဲ့ပါတယ္။ မင္းသားေခ်ာေက်ာ္စုရဲ႕ ပုံရိပ္တစ္ခ်ိဳ႕ကို ခ်စ္ပရိတ္သတ္ေတြအတြက္ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။

Source; Kyaw Su

(Unicode)

“အမြဲတမ်းသတိမရရင်တောင် ရင်ထဲခဏတော့ရှိခွင့်ပေး”လို့ဆိုလာတဲ့ မင်းသားချော ကျော်စု

Rap အဆိုတော် လွှမ်းပိုင်ရဲ့ အစ်ကိုအရင်းဖြစ်သူ မင်းသားချော ကျော်စုကိုတော့ မိန်းကလေး ပရိတ်သတ်တွေ မသိတဲ့သူ မရှိလောက်ပါဘူးနော်။ မင်းသားချော ကျော်စုဟာ ချောမောခန့်ညား တည်ကြည်တဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားပြီး သရုပ်ဆောင်ပိုင်းမှာလည်း ထူးချွန်ကာ ပရိတ်သတ်တွေရဲ့ ရင်ထဲကို ရောက်စေသူတစ်ယောက်လည်း ဖြစ်ပါတယ်။

မင်းသားချော ကျော်စုဟာ MRTV 4ရဲ့ ဇာတ်လမ်းတွဲတွေမှာ စတင် သရုပ်ဆောင်ခဲ့ပြီး အခုနောက်ပိုင်းမှာတော့ ကြော်ငြာရိုက်ကူးရေးတွေ Music videoတွေမှာ သရုပ်ဆောင်လျှက် ရှိလာပါတယ်။ သူ့ရဲ့ အောင်မြင်ကျော်ကြား လူကြိုက်များခဲ့တဲ့ ဇာတ်လမ်းတွဲတွေကတော့ “Toxic,ရွှေဖူးစာ ဆုံရာမြေ၊လူရည်ချွန်၊ချစ်သူထွင်းတဲ့ အက္ခရာ၊ဥယျာဉ်မှုး ဖြစ်ဖူးချင်သည်၊အခန်းနံပါတ်?၊တစ်ဆစ်တစ်မတ် ကိုယ်နှင့်သက်ကို” အစရှိသည်တို့ပဲ ဖြစ်ပါတယ်။

ခုတစ်ခါမှာတော့ မင်းသားချော ကျော်စုက “အမြဲတမ်းသတိမရရင်တောင် ရင်ထဲခဏတော့ရှိခွင့်ပေး”လို့ဆိုကာ သူ့ရဲ့ ပုံရိပ်တစ်ချို့ကို မျှဝေပေးခဲ့ပါတယ်။ မင်းသားချောကျော်စုရဲ့ ပုံရိပ်တစ်ချို့ကို ချစ်ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source; Kyaw Su

Leave a Reply

Your email address will not be published.