ကိုရီးယား မင္းသားေခ်ာ ပတ္ဆိုဂြၽန္နဲ႔ တြဲ႐ိုက္ရမယ္ဆိုတာ ႀကိဳမသိခဲ့ရဘူးလို႔ ေျပာလာတဲ့ ေမာ္ဒယ္ ေမျမတ္ႏိုး

ခုလတ္တေလာမွာ K Drama Fan ေတြၾကားမွာ ေရပန္းစား႐ိုက္ခတ္သြားတဲ့ သတင္းကေတာ့ ကိုရီးယားပရိတ္သတ္ေတြသာမက ျမန္မာပရိတ္သတ္ေတြကပါ တခဲနက္ အားေပးၾကတဲ့ မင္းသားေခ်ာ ပတ္ဆိုဂြၽန္နဲ႔ ျမန္မာႏိုင္ငံမွ အလွမယ္ ေမျမတ္ႏိုးတို႔ရဲ႕ ေၾကာ္ျငာေလးတစ္ခုပဲ ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံရဲ႕ “Miss”တစ္ေယာက္ ျဖစ္ခဲ့ဖူးတဲ့ အလွမယ္ ေမျမတ္ႏိုးကေတာ့ ႏိုင္ငံျခားဆန္တဲ့ အရပ္၊ ညိဳေသာအသားအရည္၊ ဆြဲေဆာင္မႈရွိၿပီး ပိန္သြယ္လွပတဲ့ ခႏၵာကိုယ္ကို ပိုင္ဆိုင္ထားသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။

ဒါ့အျပင္ အကပိုင္းကိုပါ ထူးခြၽန္တဲ့ သူမကိုေတာ့ ပုရိသေယာက္က်ားေလး ပရိတ္သတ္ေတြသာမက မိန္းကေလးပရိတ္သတ္ေတြကပါ အ႐ူးအမူး အားေပးႏွစ္သက္ၾကတာကို ေတြ႕ရပါတယ္။ သူမရဲ႕ အႏုပညာလႈပ္ရွားမႈအေနနဲ႔ “Yuri”ဆိုတဲ့ ဂ်ပန္ျမန္မာ႐ုပ္ရွင္တစ္ကားကိုလည္း ႐ိုက္ကူးခဲ့တာကို ေတြ႕ရပါတယ္။ သူမဟာ “Clear Shampoo”ေၾကာ္ျငာကိုလည္း နာမည္ႀကီးေဘာလုံးဘမား ဒိုေလးနဲ႔လည္း တြဲဖက္႐ိုက္ကူးခဲ့တာကို ေတြ႕ရပါတယ္။ အခုလို ထူးခြၽန္ထက္ျမတ္တဲ့ သူမရဲ႕ အရည္အခ်င္းေတြေၾကာင့္ ျမန္မာႏိုင္ငံမွာသာမက ႏိုင္ငံျခားကနာမည္ႀကီးေတြနဲ႔ပါ တြဲ႐ိုက္ေနရတာပဲ ျဖစ္ပါတယ္။ ဒါကို ျမန္မာႏိုင္ငံရဲ႕ ပရိတ္သတ္အခ်ိဳ႕က ျမတ္ႏိုးအေပၚကို ေဝဖန္ခ်ဳံ႕ခ် အျပစ္တင္ေနၾကတာေတြ ေတြ႕ေနရပါတယ္။

ေမာ္ဒယ္ ေမျမတ္ႏိုးက ” သူမက ကိုရီးယားမွာ Modellingတစ္ေယာက္အေနနဲ႔ Professionalက်စြာ အလုပ္တစ္ခုကို လက္ခံခဲ့ပါတယ္။ ဒါေပမယ့္ ေရာက္သြားတဲ့အထိ ဘယ္သူနဲ႔႐ိုက္ရမယ္ဆိုတာကို ႀကိဳမသိရပါဘူး။ စၿပီးေတာ့ ႐ိုက္ၾကမယ္ ျပင္ဆင္ကာမွ သူမ အရမ္းႀကိဳက္ၿပီး အားေပးရတဲ့ မင္းသားေခ်ာ ပတ္ဆိုဂြၽန္ျဖစ္ေနတာပါ။ အဲ့ဒါနဲ႔ သူမက စေတြ႕ေတြ႕ခ်င္း “Hello, မဂၤလာပါ”လို႔ ႏႈတ္ဆက္ေတာ့ ပတ္ဆိုဂြၽန္က “မဂၤလာပါ မင္းက ဘယ္ကလဲ”လို႔ ေမးပါတယ္။ သူမက ငါက ျမန္မာႏိုင္ငံကပါ သိလား ဆိုေတာ့၊ သူက သူျမန္မာႏိုင္ငံကို သိတယ္၊ ေရာက္လည္း ေရာက္ဖူးခ်င္တယ္၊အရမ္းလွတယ္လို႔ ၾကားဖူးတယ္”လို႔ ျပန္ေျဖခဲ့ပါတယ္။ အဲ့ဒါနဲ႔ ဟုတ္တယ္ ငါတို႔ျမန္မာႏိုင္ငံက အရမ္းလွတယ္၊ ငါတို႔ဆီမွာ နင့္ကို အားေပးတဲ့ ပရိတ္သတ္ေတြ အမ်ားႀကီး ရွိတယ္။ နင့္ရဲ႕ “Itawon Class”ဆိုတဲ့ ဇာတ္လမ္းတြဲက အရမ္းကို နာမည္ႀကီးတယ္လို႔ ေျပာေတာ့ သူက အရမ္းေပ်ာ္သြားပါတယ္တဲ့၊ အျပင္မွာ မင္းသားက သေဘာေကာင္းေဖာ္ေ႐ြပါတယ္”လို႔ ေမျမတ္ႏိုးက ေျပာခဲ့ပါတယ္။ ခုက သူမလဲ ႀကိဳမေျပာထားပဲ ႐ုတ္တရက္ ထၿပီး ထြက္လာတဲ့ ေၾကာ္ျငာေလးျဖစ္လို႔ အားလုံးက Surpriseျဖစ္ၿပီး အံ့ေအာသြားၾကေပမယ့္ သူမအေပၚ အရမ္းကို အားေပးၾကလို႔ ေက်းဇူးတင္တဲ့အေၾကာင္းကိုလည္း ေျပာခဲ့ပါတယ္။ ဒါ့အျပင္ သူမရဲ႕ ပရိတ္သတ္ေတြကိုလည္း ေနာက္ထပ္ Surpriseေတြ ႐ိုက္ကူးထားတဲ့အေၾကာင္းေလးကို ထပ္ၿပီး ေစာင့္ေမွ်ာ္အားေပးၾကဖို႔ ေျပာၾကားခဲ့ပါတယ္။

Source; Myanmar Platform

(Unicode)

ကိုရီးယား မင်းသားချော ပတ်ဆိုဂျွန်နဲ့ တွဲရိုက်ရမယ်ဆိုတာ ကြိုမသိခဲ့ရဘူးလို့ ပြောလာတဲ့ မော်ဒယ် မေမြတ်နိုး

ခုလတ်တလောမှာ K Drama Fan တွေကြားမှာ ရေပန်းစားရိုက်ခတ်သွားတဲ့ သတင်းကတော့ ကိုရီးယားပရိတ်သတ်တွေသာမက မြန်မာပရိတ်သတ်တွေကပါ တခဲနက် အားပေးကြတဲ့ မင်းသားချော ပတ်ဆိုဂျွန်နဲ့ မြန်မာနိုင်ငံမှ အလှမယ် မေမြတ်နိုးတို့ရဲ့ ကြော်ငြာလေးတစ်ခုပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ “Miss”တစ်ယောက် ဖြစ်ခဲ့ဖူးတဲ့ အလှမယ် မေမြတ်နိုးကတော့ နိုင်ငံခြားဆန်တဲ့ အရပ်၊ ညိုသောအသားအရည်၊ ဆွဲဆောင်မှုရှိပြီး ပိန်သွယ်လှပတဲ့ ခန္ဒာကိုယ်ကို ပိုင်ဆိုင်ထားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။

ဒါ့အပြင် အကပိုင်းကိုပါ ထူးချွန်တဲ့ သူမကိုတော့ ပုရိသယောက်ကျားလေး ပရိတ်သတ်တွေသာမက မိန်းကလေးပရိတ်သတ်တွေကပါ အရူးအမူး အားပေးနှစ်သက်ကြတာကို တွေ့ရပါတယ်။ သူမရဲ့ အနုပညာလှုပ်ရှားမှုအနေနဲ့ “Yuri”ဆိုတဲ့ ဂျပန်မြန်မာရုပ်ရှင်တစ်ကားကိုလည်း ရိုက်ကူးခဲ့တာကို တွေ့ရပါတယ်။ သူမဟာ “Clear Shampoo”ကြော်ငြာကိုလည်း နာမည်ကြီးဘောလုံးဘမား ဒိုလေးနဲ့လည်း တွဲဖက်ရိုက်ကူးခဲ့တာကို တွေ့ရပါတယ်။ အခုလို ထူးချွန်ထက်မြတ်တဲ့ သူမရဲ့ အရည်အချင်းတွေကြောင့် မြန်မာနိုင်ငံမှာသာမက နိုင်ငံခြားကနာမည်ကြီးတွေနဲ့ပါ တွဲရိုက်နေရတာပဲ ဖြစ်ပါတယ်။ ဒါကို မြန်မာနိုင်ငံရဲ့ ပရိတ်သတ်အချို့က မြတ်နိုးအပေါ်ကို ဝေဖန်ချုံ့ချ အပြစ်တင်နေကြတာတွေ တွေ့နေရပါတယ်။

မော်ဒယ် မေမြတ်နိုးက ” သူမက ကိုရီးယားမှာ Modellingတစ်ယောက်အနေနဲ့ Professionalကျစွာ အလုပ်တစ်ခုကို လက်ခံခဲ့ပါတယ်။ ဒါပေမယ့် ရောက်သွားတဲ့အထိ ဘယ်သူနဲ့ရိုက်ရမယ်ဆိုတာကို ကြိုမသိရပါဘူး။ စပြီးတော့ ရိုက်ကြမယ် ပြင်ဆင်ကာမှ သူမ အရမ်းကြိုက်ပြီး အားပေးရတဲ့ မင်းသားချော ပတ်ဆိုဂျွန်ဖြစ်နေတာပါ။ အဲ့ဒါနဲ့ သူမက စတွေ့တွေ့ချင်း “Hello, မင်္ဂလာပါ”လို့ နှုတ်ဆက်တော့ ပတ်ဆိုဂျွန်က “မင်္ဂလာပါ မင်းက ဘယ်ကလဲ”လို့ မေးပါတယ်။ သူမက ငါက မြန်မာနိုင်ငံကပါ သိလား ဆိုတော့၊ သူက သူမြန်မာနိုင်ငံကို သိတယ်၊ ရောက်လည်း ရောက်ဖူးချင်တယ်၊အရမ်းလှတယ်လို့ ကြားဖူးတယ်”လို့ ပြန်ဖြေခဲ့ပါတယ်။ အဲ့ဒါနဲ့ ဟုတ်တယ် ငါတို့မြန်မာနိုင်ငံက အရမ်းလှတယ်၊ ငါတို့ဆီမှာ နင့်ကို အားပေးတဲ့ ပရိတ်သတ်တွေ အများကြီး ရှိတယ်။ နင့်ရဲ့ “Itawon Class”ဆိုတဲ့ ဇာတ်လမ်းတွဲက အရမ်းကို နာမည်ကြီးတယ်လို့ ပြောတော့ သူက အရမ်းပျော်သွားပါတယ်တဲ့၊ အပြင်မှာ မင်းသားက သဘောကောင်းဖော်ရွေပါတယ်”လို့ မေမြတ်နိုးက ပြောခဲ့ပါတယ်။ ခုက သူမလဲ ကြိုမပြောထားပဲ ရုတ်တရက် ထပြီး ထွက်လာတဲ့ ကြော်ငြာလေးဖြစ်လို့ အားလုံးက Surpriseဖြစ်ပြီး အံ့အောသွားကြပေမယ့် သူမအပေါ် အရမ်းကို အားပေးကြလို့ ကျေးဇူးတင်တဲ့အကြောင်းကိုလည်း ပြောခဲ့ပါတယ်။ ဒါ့အပြင် သူမရဲ့ ပရိတ်သတ်တွေကိုလည်း နောက်ထပ် Surpriseတွေ ရိုက်ကူးထားတဲ့အကြောင်းလေးကို ထပ်ပြီး စောင့်မျှော်အားပေးကြဖို့ ပြောကြားခဲ့ပါတယ်။

Source; Myanmar Platform

Leave a Reply

Your email address will not be published.