အနုပညာတော်သလို ပညာရေးမှာလဲထူးချွန်တဲ့ ဆရာဝန်အနုပညာရှင်များ
လူရယ်လို့ဖြစ်လာပြီဆိုရင် ကိုယ်ပိုင်ပါရမီတစ်ခုတော့ ပါလာကြစမြဲပါ။ ဒီအနုပညာရှင်တွေကတော့ ပညာပါရမီရော အနုပညာစွမ်းရည်ရော ပြည့်ဝနေကြတဲ့ ကုသိုလ်ထူးသူတွေလို့ ဆိုရမှာပါပဲ။ အနုပညာမှာ လျှမ်းလျှမ်းတောက်အောင်မြင်နေသလို ပညာရေးမှာလဲထူးချွန်တဲ့ ဆရာဝန်အနုပညာရှင်တွေထဲမှာ ဘယ်သူတွေပါသလဲဆိုတာ ကြည့်လိုက်ကြရအောင်။ ဖြူဖြူကျော်သိန်း အသံပါဝါကောင်းကောင်းနဲ့ လူတိုင်းရဲ့ပါးစပ်ဖျားမှာ ရေပန်းစားတဲ့ သီချင်းကောင်းတွေကို သီဆိုခဲ့တဲ့ အဆိုတော်ဖြူဖြူကျော်သိန်းဟာ တက္ကသိုလ်ဝင်တန်းကို ထူးချွန်စွာအောင်မြင်ခဲ့ပြီး ဆေးတက္ကသိုလ်ကိုတက်ရောက်ခဲ့သူပါ။ ဆောင်းဦးလှိုင် တမူထူးခြားတဲ့ ပင်ကိုယ်သံနဲ့ အဓိပ္ပာယ်ပြည့်ဝတဲ့ သီချင်းကောင်းများစွာကို ရေးစပ်သီကုံးနိုင်တဲ့ တေးရေးတေးဆိုဆောင်းဦးလှိုင်ကလဲ ဂီတနဲ့ပတ်သတ်ရင် ဉာဏ်ကြီးရှင်ဖြစ်သလို ပညာရေးမှာလဲထွန်းပေါက်ခဲ့တဲ့ ဆေးတက္ကသိုလ်ကျောင်းသားဟောင်း တစ်ဦးပါ။ ချစ်သုဝေ အဆိုတော်လောကမှာရော သရုပ်ဆောင်လောကမှာပါ နေရာတစ်နေရာ အခိုင်အမာရရှိထားတဲ့ ချစ်သုဝေကတော့ဆေးတက္ကသိုလ်တက်ခွင့်ရခဲ့တဲ့အပြင် ပထမနှစ်ကျောင်းသူဘဝမှာ ဆေးကျောင်းအားလုံးမှာ အမှတ်အများဆုံးအဖြစ် ဘွဲ့နှင်းသဘင်ခန်းမမှာ ဆုတက်ယူခဲ့ရကြောင်း သူ့ရဲ့ facebook မှာ ဖော်ပြခဲ့ဖူးပါတယ်။ နန်းမြတ်ဖြိုးသင်း ရုပ်ရှင်ဇာတ်လမ်းတွေများစွာ ရိုက်ကူးခဲ့တဲ့ မင်းသမီးချောလေး နန်းမြတ်ဖြိုးသင်းကလဲ ဒေါက်တာတစ်ဦးပါပဲ။ငယ်စဉ်ကစာကြိုးစားခဲ့လို့ ဆရာဝန်ဖြစ်ခဲ့ပြီး အနုပညာကို ဝါသနာထုံတာကြောင့် သရုပ်ဆောင်ဖြစ်ဖို့ ထပ်မံကြိုးစားအားထုတ်ခဲ့ရပြန်တဲ့ မင်းသမီးလေးပါ။ နီနီခင်ဇော် ဆွဲဆောင်မှုရှိတဲ့အသံလေးနဲ့ သီချင်းအမျိုးအစားအားလုံးကို ပိုင်နိုင်စွာသီဆိုနိုင်တဲ့ အဆိုပါရမီရှင် ဒေါက်တာနီနီခင်ဇော်ပါ။ ပညာရေးမှာ ထူးချွန်ပြောင်မြောက်ခဲ့သလို အနုပညာလောကထဲဝင်လာပြန်တော့လဲ အချိန်တိုအတွင်းမှာတစ်ဟုန်ထိုးကျော်ကြားလာခဲ့ပြန်ပါတယ်။ ဖြိုးပြည့်စုံ အသံချိုချိုလေးနဲ့ သီချင်းအေးအေးလေးတွေ ဆိုလေ့ရှိတဲ့ အဆိုတော်ဖြိုးပြည့်စုံကလဲ ဆရာဝန်တစ်ဦးပါပဲ။ ချစ်မြတ်နိုးတဲ့ဂီတလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းရင်း စစ်မှန်တဲ့အရည်အချင်းကြောင့် ပရိတ်သတ်ရဲ့အားပေးမှုကိုအခိုင်အမာရရှိထားသူတစ်ဦးပါ။ ထူးပိုင်ဇော်ဦး မြန်မာ့ရုပ်ရှင်သမိုင်းမှာ ပြောင်းလဲမှုတွေ ဖြစ်ပေါ်စေခဲ့တဲ့ နိုင်ငံတကာအဆင့်မှီ ရုပ်ရှင်တွေကိုရိုက်ကူးခဲ့တဲ့ဒါရိုက်တာထူးပိုင်ဇော်ဦးကတော့ စာတွေမကျက်နိုင်တော့တာကြောင့် ဆရာဝန်အဖြစ်မရပ်တည်ဖို့ ရွေးချယ်ခဲ့တာပါတဲ့။ သူ့ရဲ့ရွေးချယ်မှုကြောင့်ပဲ ရုပ်ရှင်ကားကောင်းတွေကို ကြည့်ခွင့်ရခဲ့တာပါ။ အေးချမ်းမိုး နိုင်ငံကိုယ်စားပြု miss တစ်ယောက် ဖြစ်ခဲ့တဲ့ အေးချမ်းမိုးဟာ အခုချိန်မှာတော့ M.B.B.S ဘွဲ့ကို ရရှိထားတဲ့ဒေါက်တာမမဖြစ်နေပါပြီ။ အနုပညာအလုပ်တွေလုပ်နေရင်း ကျန်းမာရေးနဲ့ပတ်သတ်တဲ့ တီဗီအစီအစဉ်တွေမှာလဲဂျူတီကုတ်လေးဝတ်ပြီး ပါဝင်တတ်သူ ဆရာဝန်မလေးဖြစ်ပါတယ်။ ပိုးမမှီသာ အဆိုတော် စိုင်းစိုင်းခမ်းလိုင် ပွဲထုတ်ပေးခဲ့တဲ့ ‘ပိတောက်ကတဲ့ဂီတ’ ရဲ့ မင်းသမီးချောလေးကတော့ ဆေးတက္ကသိုလ်တက်နေရင်း အလှအပကြောင့် ထင်ပေါ်လို့စင်တော်က ကောက်ခဲ့တာပါ။ အလုပ်သင်ဆရာဝန်မလေးမို့ပင်ပန်းတဲ့ကြားကလအနုပညာလှုပ်ရှားမှုတွေကို မျှမျှတတလုပ်နေသူလေးပါ။ သူတို့တွေကတော့ လေးစားလောက်တဲ့ ပညာအရည်အချင်းရှိပေမယ့် ကိုယ်ဝါသနာပါရာ အနုပညာကို အသက်မွေးဝမ်းကြောင်းအဖြစ် ရွေးချယ်ခဲ့တဲ့ အနုပညာရှင်တွေပဲ ဖြစ်ပါတယ်။ ပရိတ်သတ်တွေလဲ ကိုယ်တကယ်ဝါသနာပါပြီးပါရမီရှိတဲ့ အလုပ်မျိုးနဲ့ ဘဝကိုရပ်တည်ဖို့ ဘယ်တော့မှ နောက်မကျဘူးဆိုတာလေးကို သတိချပ်ထားနိုင်ဖို့မျှော်လင့်ပါတယ်နော်။