၁၅ မိနစ်​​​လောက်​​အ​ပြေး​လေ့ကျင့်​ခန်းလုပ်​တာ​တောင်​​မော​နေတဲ့ချစ်​သု​ဝေကိုစ​နောက်​လိုက်​တဲ့လင်းလင်း

လင်းလင်းနဲ့ချစ်​သု​ဝေက​တော့ ပရိတ်​သတ်​​တွေရဲ့ ချစ်​ခင်​ခြင်းကိုရရှိထားသူပါ။ ချစ်​စရာ​ကောင်းတဲ့ အမြွာသမီး​လေး​တွေကိုလည်း ပိုင်​ဆိုင်​ထားပြီး ​​မေမြန်​မာ​ခေတ်​နဲ့ ​မေမြန်​မာသစ်​တို့ကိုပရိတ်​သတ်​​တွေကလည်း ဝိုင်းချစ်​​နေကြပါတယ်​။

ခေတ်​နဲ့သစ်​​လေးရဲ့ ချစ်​စဖွယ်​အပြူအမူ​​လေး​တွေ​ကိုမကြာခဏပရိတ်​သတ်​​တွေဆီပြ​လေ့ရှိပြီး အများအားကျစရာ​ကောင်းတဲ့ မိသားစု​လေးပါ။ဒီနေ့မှာတော့ လင်းလင်းက ချစ်ဇနီးလေး ချစ်သုဝေနဲ့အတူတူ ကျန်းမာရေးလေ့ကျင့်ခန့်လုပ်ခဲ့တဲ့ ပုံရိပ်တွေကို အမှတ်တရ မျှဝေလာပါတယ်။ လင်းလင်းက “၁၅ မိနစ်လောက်ပြေးတာကို ၂ နာရီလောက်ရှိပြီထင်တဲ့ ကိုယ့်ရဲ့ဥက္ကဋ္ဌကြီးနဲ့” ဆိုပြီး ဇနီးလေး ချစ်သုဝေကို စနောက်ကျီစယ်ထားပါတယ်။

လင်းလင်းနဲ့ ချစ်သုဝေကတော့ စိတ်တူကိုယ်တူရှိပြီး လိုက်ဖက်တဲ့ ဇနီးမောင်နှံလေးပါပဲ။Celepedia ပရိသတ်​တွေလည်း ချစ်စရာကောင်းတဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ ပုံရိပ်လေးကိုကြည့်ပြီး သဘောကျကြမယ်လို့ ထင်ပါတယ်​နော်​။

Source-Chit Thu Wai’s fb

Leave a Reply

Your email address will not be published.