ပွင့်လင်းရိုးသားပြီး ချစ်စရာကောင်းတဲ့ အပြုံးလေးတွေကို ပိုင်ဆိုင်ထားတဲ့ ဖြူဖြူထွေးကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာရယူထားနိုင်သူလေးပဲ ဖြစ်ပါတယ်။အနုပညာလောကထဲကိုကြော်ငြာလေးတွေရိုက်ရင်းစတင်ရောက်ရှိလာပြီး လက်ရှိမှာတော့ ဖြူစင်ပြီးအပြစ်ကင်းတဲ့ သူမကို ပြည်သူအားလုံးက ဝိုင်းချစ်ခင်နေကြပါတယ်။



ဖြူဖြူထွေးက အလှူအတန်းလည်းရက်ရောသူတစ်ဦးဖြစ်ပြီး နာမည်ကြီးလာတာတောင် ရပ်ရွာအကျိုးကို မျက်ကွယ်မပြုဘဲ တတ်နိုင်သလောက်လေး ကူညီပေးနေတာတွေ့ရပါတယ်။အမြဲလိုလိုပျော်ပျော်နေတတ်ပြီး ကလေးဆန်တတ်ပေမာ့် လူကြီးသူမတွေကို ရိုသေ သိတတ်သူလေးပါ။




ဖြူဖြူထွေးက လက်ရှိ ကိုဗစ်ကြောင့် အခက်အခဲဖြစ်နေတဲ့ ကျေးရွာရှိလူများကို ဆန်တစ်တင်း ၊ဆီတစ်ဘူးဆီ ပေးလှူခဲ့ပါတယ်။အသွားအလာပြုလုပ်ရန်ခက်ခဲတဲ့ သက်ကြီးရွယ်အိုဆီလည်း ကိုယ်တိုင်သွားရောက်လှူဒါန်းပေးခဲ့ပါတယ်။ ဒီအပြင် သူမအနုပညာ အလုပ်တွေကိုစတင်လုပ်ဆောင်ကတည်းက ကတိပေးထားခဲ့တဲ့ လျှပ်စစ်မီးရရှိရေးအတွက်လည်း သိန်း ၅၀ လှူဒါန်းခဲ့ပါတယ်။သဘောဖြူ မနောဖြူတဲ့ ဖြူဖြူထွေးလေးရဲ့ အလှူလေးကို Celepedia ပရိတ့သတ်တွေအတွက်ဖော်ပြလိုက်ပါတယ်နော်။
Source- Phyu Phyu Htwe’s fb