အန်ကယ်လေးလို့အများက လေးစားသမှုနဲ့ခေါ်ရတဲ့ အကယ်ဒမီလူမင်းဟာလက်ရှိမှာ သား၊သမီးနဲ့ဘဲ ပျော်ပျော်ရွှင်ရွှင်ဘဝကိုဖြတ်သန်းနေပါတယ်။အနုပညာအလုပ်တွေကိုနားထားရပြီးအိမ်မှာဘဲမိသားစုနဲ့အတူတူအချိန်ကုန်ဆုံးနေတာ တစ်လနီးပါးခန့်ကြာမြင့်နေပြီဖြစ်ပါတယ်။ပြီးခဲ့တဲ့ မေ ၇ ရက်နေ့မှာ အသက် ၅၀ ပြည့်မွေးနေ့လေးအတွက် အလှူအတန်းများလုပ်ခဲ့ပါသေးတယ်။



လူမင်းကသူ့အနေနဲ့ အိမ်အပြင်မထွက်တာအတော်လေးကြာနေပြီဖြစ်ကြီး အခုလိုအလှူအတန်းလုပ်မှဘဲ အပြင်ထွက်ဖြစ်ကြောင်းပြောလာပါတယ်။”အပြင်မထွက် မတ်လ ၂၄ရက်ကတည်းကဆိုတော့ ၁လလောက်ကြာနေပြီ တစ်ခါမှ အဲ့လိုမနေခဲ့ဖူးဘူး အိမ်ထာင်ကျတာ ၁၆နှစ်ရှိနေပေမယ့် အခုမှ တကယ့်အိမ်ထောင်ကျတာအိမ်မှာဘဲနေနေရတော့ အမျိုးသမီးနဲ့ကလေးတွေကတော့ပျော်နေတာပေါ့ ၊သူတို့ကိုဘဲ အချိန်တွေပေးဖြစ်နေတယ်”ဟုပြောပြလာပါတယ်။



လူမင်းက ဗိုလ်ချုပ်ရုပ်ရှင်ကိုလည်း သူ့အနေနဲ့ အပြီးသတ်ရိုက်ကူးဖို့ကြိုးစားသွားမှာဖြစ်ပြီး ရိုက်ကူးရေးတွေပြန်စဖို့အချိန်ကာလတစ်ခုကိုစောင့်နေရတယ်ဟုဆိုလာပါတယ်။ Celepediaပရိတ်သတ်တွေလည်း လူမင်းကိုယ်တိုင်ဦးစီးရိုက်ကူးထားတဲ့ ဗိုလ်ချုပ်ရုပ်ရှင်ထွက်လာရင်အားပေးကြပါဦးနော်။
Source myanmar celebrity