တစ်ချိန်က ဗီဒီယို ဇာတ်ကားတော်တော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီးပရိတ့သတ်တွေရဲ့ အားပေးမှုကို များစွာ ရရှိခဲ့ပြီး ညိုညိုစိမ့်စိမ့်လေးနဲ့ ကြည့်မဝအောင် လှတဲ့ မင်းသမီးချောလေးပါ။သူမက မိသားစုစပွားရေးကိုသာ အလေးပေးလာပ်နေပြီး အနုပညာအလုပ်တွေနဲ့ အနည်းငယ်ဝေးကွာနေခဲ့ပါတယ်။ လက်ရှိမှာ နှင်းဆီ လှေအငြိမ့်မှာ ပါဝင်တင်ဆက်မှာဖြစ်ပြီး ပရိတ်သတ်တွေ သူမရဲ့ ဟန်ပန်လေးပို တစ်ခေါက်ပြန်ကြည့်ရှု့ရဦးမှာပါ။

ညိုချောလေးနဲ့လှတဲ့ မေကဗျာက အသားအရောင်နဲ့ပတ်သတ်ပြီး အမြဲလိုလို သူငယ်ချင်းတွေရဲ့ စနောက်ခြင်းကို ခံရသူပါ။

သူမရဲ့ အသားရောင်နဲ့ပတ်သတ်ပြီး မေကဗျာက”သူငယ်ချင်းတွေက စတယ်ကိုယ့်ကို တစ်ချိုးကလည်းပြောတယ် နင်ဂျပန်သွားရင်နင့်ကို အဲ့ကလူတွေကြိုက်ကြမှာ ကိုယ့်အသားအရောင်ကို ပြည်ပနိုင်ငံကလူတွေက ကြိုက်ကြတယ်လေ အဲ့လိုလေးကြားရတော့အားတက်တာပေါ့နော် တကယ်လည်း သူတို့က ညိုတာကြိုက်တယ်လေ တမင်တကာကို sun burnလုပ်ကြသေးတာဆိုတော့ ရှုတင်တွေသွားရင်လည်း တအားအစခံရတယ် မေကဗျာ အသံဘဲ ကြားတယ် လူမမြင်ဘူးပေါ့ ကိုနေတိုးဆိုတအားစတယ် ကိုယ်ကတော့ညိုတာကိုကြိုက်တယ် အခုက အသားဖြူဖို့လွယ်ပါတယ် ကိုယ်တို်ကလည်းဆေးတွေဘာတွေကြောက်တယ် အဲ့တော့ဘာမှမလုပ်ဖြစ်ဘူး တစခါတစ်လေတော့လည်းဖြူချင်ပါတယ်”ဟုပြောလာပါတယ်။

တကယ်လည်း မေကဗျာက ညိုချောလေးနဲ့လှပတဲ့သူပါနော်။ ပရိတ်သတ်တွေအတွက် မေကဗျာရဲ့ ပုံလေးတွေကိုဖော်ပြလိုက်ပါတယ်။
