







(Unicode)
ဘုန်းကြီးကျောင်းရောက်ပြီး တရားဝင်နေတာ အင်တာနက်လိုင်းတွေ မရလို့ပါ…ဆရာတော်ရဲ့ မေတ္တာရိပ်အောက်မှာ ခိုလှုံရင်း မြန်မာပြည်ကြီး အမြန်ဆုံး အေးချမ်းဖို့ ဆုတောင်းပေးနေပါတယ်”လို့ဆိုလာတဲ့ ရွှေကစ်လေး
မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်တဲ့ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဝတ်မှုန်ရွှေရည်ကတော့ အောင်မြင်တဲ့နေရာတစ်ခုမှာ ရပ်တည်နေပြီး အနုပညာလှုပ်ရှားမှုတွေကို ဆက်လက်လုပ်ကိုင်လျှက် ရှိနေပါတယ်။ သူမရဲ့ အိမ်ခေါ်နာမည်လေးကတော့ ကစ်ပါ။ ဒါ့အပြင် ရွှေကစ်လေးဟာ “ဝင်္ကပါစံအိမ်”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ Asia Awardဆုကို ရရှိထားတဲ့ လေးစားရတဲ့ အနုပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။
ရွှေကစ်လေးက လတ်တလောမှာတော့ ကြော်ငြာရိုက်ကူးရေးတွေကို အဆက်မပြတ် လုပ်ဆောင်နေပြီး အလှူအတန်းနဲ့ ပရဟိတတွေကိုလည်း လုပ်ဆောင်နေတာ တွေ့ရပါတယ်။ ဒါ့အပြင် ရွှေကစ်လေးရဲ့ ညမဖြစ်သူ နဒီရွှေရည်ရဲ့ သားလေးနဲ့ ဆော့ကစားကာ အမြဲလိုလို ချစ်စရာ Videoလေးတွေကို မျှဝေပေးလေ့ ရှိပါတယ်။
ခုတစ်ခါမှာတော့ ရွှေကစ်လေးက “မနေ့တည်းက ဘုန်းကြီးကျောင်းရောက်ပြီးတရားဝင်နေတာ အင်တာနက်လိုင်းတွေ မရလို့ပါ…ဆရာတော်ရဲ့ မေတ္တာရိပ်အောက်မှာ ခိုလှုံရင်း မြန်မာပြည်ကြီး အမြန်ဆုံး အေးချမ်းဖို့ ဆုတောင်း ပေးနေပါတယ်… ???
အားလုံး ဂရုစိုက်ပေးကြပါနော်…”လို့ဆိုကာ မျှဝေပေးလာခဲ့ပါတယ်။ ရွှေကစ်လေးရဲ့ ဆန္ဒတွေနဲ့အတူ မြန်မာပြည်ကြီး အမြန် အေးချမ်းနိုင်ပါစေနော်။
Source; Wutt Hmone Shwe Yi