ပန်းချီကားသဖွယ် လှနေတဲ့ ချယ်ရီပန်းပွင့်တွေရဲ့ကြားမှာ အထာကျ မိမိုက်နေတဲ့ မော်ဒယ် ငြိမ်းသော်

မော်ဒယ် ဘဝကနေ စပြီး မိန်းကလေးပရိတ်သတ်တွေရဲ့ အထူးအားပေးမှုကို ရရှိခဲ့တဲ့ ငြိမ်းသော်ကတော့ လက်ရှိမှာ အောင်မြင်တဲ့ အနုပညာလမ်းကြောင်းပေါ်မာ လျှောက်လှမ်းနေတာကို တွေ့ရပါတယ်။ သူဟာ ကိုရီးယားဆန်တဲ့ မျက်နှာပေါက်လေးကို ပိုင်ဆိုင်ထားပြီး ခန့်ညားတဲ့ ဝတ်စားဆင်ယင်မှုတွေကြောင့် နှုတ်ခမ်းနီမလေးတွေက ပိုလို့ အချစ်ပိုနေကြရတာပါ။

အခုလက်ရှိမှာတော့ သူက မော်ဒယ်အလုပ်အပြင် ကြော်ငြာရိုက်ကူးရေးတွေကို လုပ်ဆောင်လျှက် ရှိနေပါတယ်။ ဒါ့အပြင် မကြာသေးခင်ကမှ Cookiesကနေ ထုတ်လွှင့်ပြသနေတဲ့ “နင်ရှိတဲ့ ကမ္ဘာ”ဆိုတဲ့ ဇာတ်လမ်းလေးမှာလည်း မြင့်မိုရ် ဆိုတဲ့ ကာရိုက်တာလေးနဲ့ ပါဝင်သရုပ်ဆောင်ထားလျှက် ရှိပါတယ်။

ခုတစ်ခါမှာတော့ မင်းသားချော ငြိမ်းသော်က “ပန်းချီကားသဖွယ် လှနေတဲ့ ချယ်ရီပန်းပွင့်တွေရဲ့ကြားမှာ အထာကျ မိမိုက်နေတဲ့ သူ့ရဲ့ ပုံလေးတွေကို မျှဝေပေးလာခဲ့ပါတယ်။ ချယ်ရီပန်းတွေနဲ့အပြိုင် အသက်ဝင်လှပနေတဲ့ ငြိမ်းသော်ရဲ့ ပုံလေးတွေကို ချစ်ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source; Nyein Thaw

(Unicode)

Leave a Reply

Your email address will not be published. Required fields are marked *