(Unicode)
စိုင်းစိုင်းရဲ့ ညစ်မအရင်းလေးဖြစ်တဲ့ ဒေါက်တာမလေး ယိမ်းဆီမှာ အလှအပနဲ့ပက်သတ်တာတွေ အမြဲ လုပ်ဖြစ်တဲ့အကြောင်း ပြောပြလာတဲ့ ရွှေကစ်လေး
မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်တဲ့ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဝတ်မှုန်ရွှေရည်ကတော့ အောင်မြင်တဲ့နေရာတစ်ခုမှာ ရပ်တည်နေပြီး အနုပညာလှုပ်ရှားမှုတွေကို ဆက်လက်လုပ်ကိုင်လျှက် ရှိနေပါတယ်။ သူမရဲ့ အိမ်ခေါ်နာမည်လေးကတော့ ကစ်ပါ။ ဒါ့အပြင် ရွှေကစ်လေးဟာ “ဝင်္ကပါစံအိမ်”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ Asia Awardဆုကို ရရှိထားတဲ့ လေးစားရတဲ့ အနုပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။
ရွှေကစ်လေးက လတ်တလောမှာ‌တော့ ကြော်ငြာရိုက်ကူးရေးတွေကို အဆက်မပြတ် လုပ်ဆောင်နေပြီး အလှူအတန်းနဲ့ ပရဟိတတွေကိုလည်း လုပ်ဆောင်နေတာ တွေ့ရပါတယ်။ ဒါ့အပြင် ရွှေကစ်လေးရဲ့ ညမဖြစ်သူ နဒီရွှေရည်ရဲ့ သားလေးနဲ့ ဆော့ကစားကာ အမြဲလိုလို ချစ်စရာ Videoလေးတွေကို မျှဝေပေးလေ့ ရှိပါတယ်။
ခုတစ်ခါမှာတော့ ရွှေကစ်လေးက စိုင်းစိုင်းရဲ့ ညစ်မအရင်းလေးဖြစ်တဲ့ ဒေါက်တာမလေး ယိမ်းဆီမှာ အလှအပနဲ့ပက်သတ်တာတွေ အမြဲ လုပ်ဖြစ်တဲ့အကြောင်းကို ပြောပြလာခဲ့ပါတယ်။ ရွှေကစ်လေးက
“ကစ်ရဲ့ အလှအပကို ထိန်းသိမ်းစောင့်ရှောက်ပေးနေတဲ့ အလှနတ်ဘုရားမလေး Juvenus ဆီမှာ HiFu သွားလုပ်တုန်းလေး…
အမြဲတမ်း ဂရုတစိုက်နဲ့ လုပ်ပေးတဲ့ မယိင်း Nixie Ying VohKham ကိုလည်း အထူးကျေးဇူးပါရှင် ❤️ “လို့ဆိုကာ ပုံလေးတွေနဲ့အတူ မျှဝေပေးလာခဲ့တာပဲ ဖြစ်ပါတယ်။
Source; Wutt Hmone Shwe Yi
Leave a Reply
Your email address will not be published.