MRTV 4ရဲ႕ ဇာတ္လမ္းတြဲတစ္ခုျဖစ္တဲ့ “မ်က္လုံးမွာ အလြမ္း ႏႈတ္ခမ္းမွာ မာန”ဆိုတဲ့ ဇာတ္လမ္းတြဲေလးမွာ ႏွင္းေႏြဆိုတဲ့ ေကာင္မေလးအျဖစ္နဲ႔ နာမည္ႀကီးကာ လူသိမ်ားလာခဲ့ရတဲ့ သူကေတာ့ မင္းသမီးေခ်ာေလး ေနျခည္႐ႊန္းလက္ပဲ ျဖစ္ပါတယ္။ သူမကို အားလုံးက အျခည္ေလးလို႔ ခ်စ္စႏိုးေခၚၾကပါတယ္။




အျခည္ေလးဟာ ပိန္သြယ္ကပ္ခ်ပ္တဲ့ ခႏၵာကိုယ္ေလးကို ပိုင္ဆိုင္ထားၿပီး ဆံႏြယ္ရွည္ရွည္ေလးေၾကာင့္လည္း အလွေပၚအယဥ္ဆင့္ကာ ခ်စ္တဲ့သူေတြ ပိုမ်ားလာခဲ့တာ ျဖစ္ပါတယ္။ လတ္တေလာမွာေတာ့ အျခည္ေလးက အားကစားေတြကို အဆက္မျပတ္လုပ္ေနကာ အၿမဲလိုလို သူမရဲ႕ လႈပ္ရွားမႈေတြကို မွ်ေဝေပးေလ့ ရွိပါတယ္။





ခုတစ္ခါမွာေတာ့ အျခည္ေလးက မင္းသားေခ်ာ ေက်ာ္စုရဲ႕ သီခ်င္းအသစ္ေလးမွာ ပါဝင္အားျဖည့္ကာ သ႐ုပ္ေဆာင္ေပးခဲ့တဲ့ ပုံရိပ္ေလးေတြကို မွ်ေဝေပးခဲ့ပါတယ္။ မင္းသားေခ်ာ ေက်ာ္စုနဲ႔အျခည္ေလးတို႔ရဲ႕ လိုက္ဖက္လွတဲ့ သ႐ုပ္ေဆာင္ပုံရိပ္ေလးေတြကို ခ်စ္ပရိတ္သတ္ေတြအတြက္ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။
Source; Nay Chi Shoon Lak
(Unicode)
မင်းသားချော ကျော်စုရဲ့ သီချင်းအသစ်လေးမှာ ပါဝင်အားဖြည့်ကာ သရုပ်ဆောင်ပေးခဲ့တဲ့ မင်းသမီးချောလေး နေခြည်ရွှန်းလက်
MRTV 4ရဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ “မျက်လုံးမှာ အလွမ်း နှုတ်ခမ်းမှာ မာန”ဆိုတဲ့ ဇာတ်လမ်းတွဲလေးမှာ နှင်းနွေဆိုတဲ့ ကောင်မလေးအဖြစ်နဲ့ နာမည်ကြီးကာ လူသိများလာခဲ့ရတဲ့ သူကတော့ မင်းသမီးချောလေး နေခြည်ရွှန်းလက်ပဲ ဖြစ်ပါတယ်။ သူမကို အားလုံးက အခြည်လေးလို့ ချစ်စနိုးခေါ်ကြပါတယ်။
အခြည်လေးဟာ ပိန်သွယ်ကပ်ချပ်တဲ့ ခန္ဒာကိုယ်လေးကို ပိုင်ဆိုင်ထားပြီး ဆံနွယ်ရှည်ရှည်လေးကြောင့်လည်း အလှပေါ်အယဉ်ဆင့်ကာ ချစ်တဲ့သူတွေ ပိုများလာခဲ့တာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ အခြည်လေးက အားကစားတွေကို အဆက်မပြတ်လုပ်နေကာ အမြဲလိုလို သူမရဲ့ လှုပ်ရှားမှုတွေကို မျှဝေပေးလေ့ ရှိပါတယ်။
ခုတစ်ခါမှာတော့ အခြည်လေးက မင်းသားချော ကျော်စုရဲ့ သီချင်းအသစ်လေးမှာ ပါဝင်အားဖြည့်ကာ သရုပ်ဆောင်ပေးခဲ့တဲ့ ပုံရိပ်လေးတွေကို မျှဝေပေးခဲ့ပါတယ်။ မင်းသားချော ကျော်စုနဲ့အခြည်လေးတို့ရဲ့ လိုက်ဖက်လှတဲ့ သရုပ်ဆောင်ပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source; Nay Chi Shoon Lak