ကေလးေတြအတြက္ အရိပ္ေလး တစ္ခုျဖစ္တဲ့ႀကီးမားတဲ့ အေဆာက္အဦးႀကီးတစ္ခုကိုအေကာင္အထည္ေဖာ္ႏိုင္ခဲ့ၿပီျဖစ္တဲ့ ပရဟိတမင္းသမီးႀကီး ခိုင္ႏွင္းေဝ

ႏိုင္ငံေက်ာ္ မင္းသမီးေခ်ာ ခိုင္ႏွင္းေဝကေတာ့ လက္ရွိမွာ ပရဟိတေတြကို တတ္ႏိုင္သေလာက္ လႉဒါန္းကူညီေပးလွ်က္ ရွိေနတဲ့ အႏုပညာရွင္ေကာင္းတစ္ေယာက္ပဲ ျဖစ္ပါတယ္။ “ခိုင္ႏွင္းေဝ မိဘမဲ့ ေဂဟာ”ကို တည္ေထာင္ထားၿပီး မိဘမဲ့ကေလးေတြကို ျပဳစုေစာင့္ေရွာက္ေပးေနတဲ့ ကေလးမ်ားရဲ႕ မိခင္ေကာင္းတစ္ေယာက္လည္း ျဖစ္ပါတယ္။

လတ္တေလာမွာေတာ့ သူမ ကူညီၿပီး ေဆးကုသေပးေနတဲ့ AIDSေရာဂါေဝဒနာ ခံစားေနရတဲ့ သမီးငယ္ေလးဟာ ကြန္လြယ္သြားခဲ့ပါတယ္။ ထိုသမီးငယ္ေလးအား ရည္းစူးၿပီး မင္းသမီးေခ်ာ ခိုင္ႏွင္းေဝက ေနာက္ထပ္ မြန္ျမတ္တဲ့ အလႉေလးတစ္ခုကို လႉဒါန္းခဲ့တာကို ေတြ႕ရပါတယ္။

ခုတစ္ခါမွာေတာ့ ေမေမခိုင္ႏွင္းေဝက “ကေလးေတြ အတြက္ အရိပ္ေလး တစ္ခု တျဖည္းျဖည္း အေကာင္အထည္ေပၚလာတဲ့ အတြက္ ေက်နပ္ ပီတိေလးျဖစ္ရပါတယ္..ေနရာက်ဥ္းေလးထဲမွာ ေနရတဲ့ ကေလးေတြ အတြက္ ေရာ ေနာက္လာမဲ့ ခိုကိုးရာမဲ့ ကေလးေတြ အတြက္ ပါ ေနရာေလး ေပးႏိုင္ေတာ့မွာမို႔ ေပ်ာ္မိပါတယ္..လႉဒါန္းေပးၾကေသာ အလႉရွင္မ်ား အားလုံးကိုလဲ သာဓု အႀကိမ္ႀကိမ္ ေခၚဆိုပါတယ္….က်မ အင္အားရွိသမွ် အသက္မ်ားကို ကယ္တင္ကာ ျပဳစု ပ်ိဳးေထာင္ရင္း ကုသိုလ္ျပဳသြားပါမည္ရွင္..❤️❤️”လို႔ဆိုကာ သူမရဲ႕ မြန္ျမတ္တဲ့ ႀကိဳးစားအားထုတ္မႈစြမ္းရည္ေတြကို ခ်ျပလာခဲ့တာပဲ ျဖစ္ပါတယ္။

Source; Khaing Hnin Wai

(Unicode)

ကလေးတွေအတွက် အရိပ်လေး တစ်ခုဖြစ်တဲ့ကြီးမားတဲ့ အဆောက်အဦးကြီးတစ်ခုကိုအကောင်အထည်ဖော်နိုင်ခဲ့ပြီဖြစ်တဲ့ ပရဟိတမင်းသမီးကြီး ခိုင်နှင်းဝေ

နိုင်ငံကျော် မင်းသမီးချော ခိုင်နှင်းဝေကတော့ လက်ရှိမှာ ပရဟိတတွေကို တတ်နိုင်သလောက် လှူဒါန်းကူညီပေးလျှက် ရှိနေတဲ့ အနုပညာရှင်ကောင်းတစ်ယောက်ပဲ ဖြစ်ပါတယ်။ “ခိုင်နှင်းဝေ မိဘမဲ့ ဂေဟာ”ကို တည်ထောင်ထားပြီး မိဘမဲ့ကလေးတွေကို ပြုစုစောင့်ရှောက်ပေးနေတဲ့ ကလေးများရဲ့ မိခင်ကောင်းတစ်ယောက်လည်း ဖြစ်ပါတယ်။

လတ်တလောမှာတော့ သူမ ကူညီပြီး ဆေးကုသပေးနေတဲ့ AIDSရောဂါဝေဒနာ ခံစားနေရတဲ့ သမီးငယ်လေးဟာ ကွန်လွယ်သွားခဲ့ပါတယ်။ ထိုသမီးငယ်လေးအား ရည်းစူးပြီး မင်းသမီးချော ခိုင်နှင်းဝေက နောက်ထပ် မွန်မြတ်တဲ့ အလှူလေးတစ်ခုကို လှူဒါန်းခဲ့တာကို တွေ့ရပါတယ်။

ခုတစ်ခါမှာတော့ မေမေခိုင်နှင်းဝေက “ကလေးတွေ အတွက် အရိပ်လေး တစ်ခု တဖြည်းဖြည်း အကောင်အထည်ပေါ်လာတဲ့ အတွက် ကျေနပ် ပီတိလေးဖြစ်ရပါတယ်..နေရာကျဉ်းလေးထဲမှာ နေရတဲ့ ကလေးတွေ အတွက် ရော နောက်လာမဲ့ ခိုကိုးရာမဲ့ ကလေးတွေ အတွက် ပါ နေရာလေး ပေးနိုင်တော့မှာမို့ ပျော်မိပါတယ်..လှူဒါန်းပေးကြသော အလှူရှင်များ အားလုံးကိုလဲ သာဓု အကြိမ်ကြိမ် ခေါ်ဆိုပါတယ်….ကျမ အင်အားရှိသမျှ အသက်များကို ကယ်တင်ကာ ပြုစု ပျိုးထောင်ရင်း ကုသိုလ်ပြုသွားပါမည်ရှင်..❤️❤️”လို့ဆိုကာ သူမရဲ့ မွန်မြတ်တဲ့ ကြိုးစားအားထုတ်မှုစွမ်းရည်တွေကို ချပြလာခဲ့တာပဲ ဖြစ်ပါတယ်။

Source; Khaing Hnin Wai

Leave a Reply

Your email address will not be published.