






Source; Han Thi
(Unicode)
“အချစ်က အိမ်မက်လေးတစ်ခုပါကွယ် “လို့ဆိုကာ လှပတဲ့ ပုံရိပ်လေးတွေ မျှဝေပေးလာတဲ့ မော်ဒယ် ဟန်တီ
အသက်ငယ်ငယ်လေးနဲ့ Miss Myanmar World တစ်ယောက်ဖြစ်ခဲ့တဲ့ ဟန်တီကတော့ အခုဆိုရင် မြန်မာနိုင်ငံမှာ အောင်မြင်တဲ့ မော်ဒယ်တစ်ယောက်အဖြစ် ရပ်တည်နေတာကို တွေ့ရပါတယ်။ ဟန်တီဟာ အင်္ဂလိပ်ဘာသာစကားနဲ့ ကိုရီးယားဘာသာစကားကို ကျွမ်းကျင်စွာ ပြောတတ်သူတစ်ယောက်လည်း ဖြစ်ပါတယ်။
ချစ်စရာကောင်းတဲ့ ဟန်တီလေးက “The Mask Singer Myanmar”မှာ ဇီးကွက်မျက်နှာဖုန်း ပိုင်ရှင်လေးအဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ ဒါ့အပြင် “Dancing with the Stars”အစီအစဉ်မှာလည်း ကပြဖျော်ဖြေကာ ယှဉ်ပြိုင်ခဲ့ပါတယ်။ မော်ဒယ်တစ်ယောက်ဖြစ်တဲ့အပြင် အဆိုရော အကရော ထူးချွန်တဲ့ သူမကိုတော့ ပရိတ်သတ်တွေက အချစ်တွေ ပိုကာ အထူး အားပေးကြတာကို တွေ့ရပါတယ်။
ခုတစ်ခါမှာတော့ ဟန်တီလေးက “အချစ်က အိမ်မက်လေးတစ်ခုပါကွယ် “လို့ဆိုကာ လှပတဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလာခဲ့ပါတယ်။ ဟန်တီလေးရဲ့ ချစ်ပရိတ်သတ်တွေအတွက် သူမရဲ့ အလှပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source; Han Thi