“အင္မတန္မွ ခ်စ္တတ္ ႐ိုတတ္တဲ့ ကို​ေနဝင္းနဲ႔ အျမင္ကပ္​ေလာက္​ေအာင္ မ႐ိုတတ္​ေသာ ကိုစိန္ၿဖိဳးတို႔ ​​ေတြ႕ၾကၿပီ”လို႔ဆိုလာတဲ့ ရီရီပြင့္ျဖဴ

ျမန္မာႏိုင္ငံရဲ႕ ဇာတ္ပို႔အရံမင္းသမီးတစ္‌ေယာက္အေနနဲ႔ ပရိတ္သတ္ေတြ စၿပီး သတိထားမိခဲ့တဲ့ မင္းသမီးေခ်ာ ရီရီပြင့္ျဖဴကိုေတာ့ သိၾကလိမ့္မယ္လို႔ ထင္ပါတယ္ေနာ္။ ရီရီက ညိဳစိမ့္စိမ့္ အသားေရေလးကို ပိုင္ဆိုင္ထားၿပီး သြယ္လ်တဲ့ ခႏၵာကိုယ္ေလးေၾကာင့္ တစ္မ‌်ိဳးေလး ဆန္းသစ္ကာ လွရက္သူတစ္ဦးလည္း ျဖစ္ပါတယ္။

မင္းသမီးေခ်ာ ရီရီက နာမည္ေက်ာ္ အကယ္ဒမီ မင္းသမီးႀကီး နႏၵာလႈိင္ရဲ႕ ေမာင္အရင္းျဖစ္တဲ့ မင္းသားေခ်ာ ေမာင္နဲ႔လည္း ခ်စ္ႀကိဳက္ေနခဲ့တာ ႏွစ္ေပါင္းမနည္းေတာ့ပါဘူး။ သူတို႔ႏွစ္ေယာက္ဟာ တစ္ေယာက္အေပၚတစ္ေယာက္ နားလည္မႈရွိကာ လြတ္လပ္ပြင့္လင္းတဲ့ Relationshipဘဝေလးကို တည္ေဆာက္ထားၾကသူေတြပဲ ျဖစ္ပါတယ္။ မင္းသားေခ်ာ ေမာင္က ဆရာဝန္တစ္ေယာက္ျဖစ္ၿပီး ႐ိုးသားမြန္ျမတ္တဲ့ စိတ္ထားေလးရွိကာ COVID စင္တာေတြမွာလည္း အၿမဲလိုလို ပါဝင္ကူညီေပးလွ်က္ ရွိေနတာကို ေတြ႕ရပါတယ္။

သူတို႔ႏွစ္ေယာက္ဟာ အၿမဲလိုလို သူတို႔ရဲ႕” Sein Phyo & Yi Yi “ဆိုတဲ့ pageေလးမွာ ခရီးသြား Vlogေလးေတြကို ႐ိုက္ကူးေလ့ ရွိပါတယ္။ အခုလတ္တေလာမွာေတာ့ ျမန္မာႏိုင္ငံရဲ႕ နာမည္ႀကီးေနတဲ့ “ခရီးသြား သေဘၤာႀကီးနဲ႔ ၇ရက္တိုင္တိုင္ ႐ြက္လႊင့္ခဲ့ၾကတာကို ေတြ႕ရပါတယ္။ အဲ့လို သြားခဲ့တဲ့ ခရီးသြား သေဘၤာႀကီးေပၚမွာ မထင္မွတ္ပဲ ပရိတ္သတ္ေတြ အရမ္းကိုမွ အားေပးခ်စ္ခင္ၾကတဲ့ အဆိုေတာ္ ေနဝင္းနဲ႔ Travel Kueen အိမ့္ခ်စ္ေခ်ာတို႔အတြဲေလးနဲ႔ ေတြ႕ဆုံခဲ့ပုံကို ဟာသအေနနဲ႔ ရီရီက ေျပာျပလာခဲ့ပါတယ္။ ရီရီက “အင္မတန္မွ ခ်စ္တတ္ ႐ိုတတ္တဲ့ ကို​ေနဝင္းနဲ႔ အျမင္ကပ္​ေလာက္​ေအာင္ မ႐ိုတတ္​ေသာ ကိုစိန္ၿဖိဳးတို႔ ​​ေတြ႕ၾကၿပီ…😅😁😂
​ေရာက်ိဳၿပီးနည္းနည္းစီျပန္ခြဲရမလား 🤔”လို႔ဆိုကာ ဟာသေလးေရးသားကာ ပုံေလးနဲ႔တကြ မွ်ေဝေပးခဲ့တာပဲ ျဖစ္ပါတယ္။

Source; Sein Phyo & Yi Yi

(Unicode)

“အင်မတန်မှ ချစ်တတ် ရိုတတ်တဲ့ ကို​နေဝင်းနဲ့ အမြင်ကပ်​လောက်​အောင် မရိုတတ်​သော ကိုစိန်ဖြိုးတို့ ​​တွေ့ကြပြီ”လို့ဆိုလာတဲ့ ရီရီပွင့်ဖြူ

မြန်မာနိုင်ငံရဲ့ ဇာတ်ပို့အရံမင်းသမီးတစ်‌ယောက်အနေနဲ့ ပရိတ်သတ်တွေ စပြီး သတိထားမိခဲ့တဲ့ မင်းသမီးချော ရီရီပွင့်ဖြူကိုတော့ သိကြလိမ့်မယ်လို့ ထင်ပါတယ်နော်။ ရီရီက ညိုစိမ့်စိမ့် အသားရေလေးကို ပိုင်ဆိုင်ထားပြီး သွယ်လျတဲ့ ခန္ဒာကိုယ်လေးကြောင့် တစ်မ‌ျိုးလေး ဆန်းသစ်ကာ လှရက်သူတစ်ဦးလည်း ဖြစ်ပါတယ်။

မင်းသမီးချော ရီရီက နာမည်ကျော် အကယ်ဒမီ မင်းသမီးကြီး နန္ဒာလှိုင်ရဲ့ မောင်အရင်းဖြစ်တဲ့ မင်းသားချော မောင်နဲ့လည်း ချစ်ကြိုက်နေခဲ့တာ နှစ်ပေါင်းမနည်းတော့ပါဘူး။ သူတို့နှစ်ယောက်ဟာ တစ်ယောက်အပေါ်တစ်ယောက် နားလည်မှုရှိကာ လွတ်လပ်ပွင့်လင်းတဲ့ Relationshipဘဝလေးကို တည်ဆောက်ထားကြသူတွေပဲ ဖြစ်ပါတယ်။ မင်းသားချော မောင်က ဆရာဝန်တစ်ယောက်ဖြစ်ပြီး ရိုးသားမွန်မြတ်တဲ့ စိတ်ထားလေးရှိကာ COVID စင်တာတွေမှာလည်း အမြဲလိုလို ပါဝင်ကူညီပေးလျှက် ရှိနေတာကို တွေ့ရပါတယ်။

သူတို့နှစ်ယောက်ဟာ အမြဲလိုလို သူတို့ရဲ့” Sein Phyo & Yi Yi “ဆိုတဲ့ pageလေးမှာ ခရီးသွား Vlogလေးတွေကို ရိုက်ကူးလေ့ ရှိပါတယ်။ အခုလတ်တလောမှာတော့ မြန်မာနိုင်ငံရဲ့ နာမည်ကြီးနေတဲ့ “ခရီးသွား သင်္ဘောကြီးနဲ့ ၇ရက်တိုင်တိုင် ရွက်လွှင့်ခဲ့ကြတာကို တွေ့ရပါတယ်။ အဲ့လို သွားခဲ့တဲ့ ခရီးသွား သင်္ဘောကြီးပေါ်မှာ မထင်မှတ်ပဲ ပရိတ်သတ်တွေ အရမ်းကိုမှ အားပေးချစ်ခင်ကြတဲ့ အဆိုတော် နေဝင်းနဲ့ Travel Kueen အိမ့်ချစ်ချောတို့အတွဲလေးနဲ့ တွေ့ဆုံခဲ့ပုံကို ဟာသအနေနဲ့ ရီရီက ပြောပြလာခဲ့ပါတယ်။ ရီရီက “အင်မတန်မှ ချစ်တတ် ရိုတတ်တဲ့ ကို​နေဝင်းနဲ့ အမြင်ကပ်​လောက်​အောင် မရိုတတ်​သော ကိုစိန်ဖြိုးတို့ ​​တွေ့ကြပြီ…😅😁😂
​ရောကျိုပြီးနည်းနည်းစီပြန်ခွဲရမလား 🤔”လို့ဆိုကာ ဟာသလေးရေးသားကာ ပုံလေးနဲ့တကွ မျှဝေပေးခဲ့တာပဲ ဖြစ်ပါတယ်။

Source; Sein Phyo & Yi Yi

Leave a Reply

Your email address will not be published.